လစာငွေမြင့်မားပြီး ပရိသတ်အပေါ်လေးစားမှုမပြတဲ့ မက်ဆီကို သက်တမ်းမတိုးသင့်ဘူးလို့ ရိုသန် ပြောဆို

ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းရိုသန်က ပါရီကလပ်အနေနဲ့ မက်ဆီကို

စာချုပ်သစ်မချုပ်သင့်ဘူးလို့ပြောဆိုလိုက်ပါတယ်။ အသက် ၃၅နှစ်အရွယ်

မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး

ကလပ်ဘက်က စာချုပ်သစ်အတွက်စိတ်အားထက်သန်မှုပြထားတာဖြစ်တယ်။

ရိုသန်ကတော့ မက်ဆီကိုဆက်ထိန်းဖို့ကြိုးစားတာက ဟာသတစ်ခုဖြစ်ပြီး

ငွေကြေးသာတူညီမျှစည်းမျဉ်းနဲ့ပက်သတ်လို့ နောက်ထပ်ပြဿနာတွေ

ဖြစ်ပေါ်လာစေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ တစ်နှစ်လုပ်ခ

ပေါင် ၅၂ သန်းအထိခံစားခွင့်ရနေတဲ့ မက်ဆီနဲ့ပက်သတ်လို့ ရိုသန်က

“မက်ဆီကိုသက်တမ်းတိုးတာက ဟာသတစ်ခုပါ။ မက်ဆီ၊ နေမာနဲ့

အမ်ဘာပီတို့ကိုစီမံခန့်ခွဲရတာဟာ တကယ့်ကိုရှုပ်ထွေးလွန်းပါတယ်။

နောက်ပြီး သူ့လစာကအရမ်းများတယ်။ ပီအက်စ်ဂျီဟာ ငွေကြေးသာတူညီမျှ

စည်းမျဉ်းမှာပိတ်မိနေတယ်လို့ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ပေးဆောင်ရတဲ့

လစာငွေတွေက မြင့်မားနေလို့ပါ။ အခုတော့ မက်ဆီရဲ့လစာနဲ့များပြားတဲ့

ပမာဏတစ်ခုကိုပြန်တည်ဆောက်ဖို့အခွင့်အရေးရတော့မှာဖြစ်ပြီး ဒါက

အသင်းရဲ့စီမံခန့်ခွဲမှုကိုတိုးတက်စေနိုင်ပါတယ်။ ဒါတွေအားလုံးကိုကြည့်မယ်ဆိုရင်တော့

မက်ဆီနဲ့သက်တမ်းတိုးဖို့က စိတ်ကူးကောင်းမဟုတ်ပါဘူး” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ပုံရိပ်နဲ့ပက်သတ်လို့ ဘာတွေထင်ဟပ်စေသလဲ။

မက်ဆီက ဒီစွန့်စားခန်းကိုဘာကြောင့်ဆွဲဆန့်ချင်သလဲဆိုတာ နားမလည်ပါဘူး။

သူက ကလပ်ကိုရှေ့တန်းရောက်ဖို့အတွက် အားထုတ်မှုမရှိပါဘူး။

ပရိသတ်တွေကို ဘယ်တော့မှကျေးဇူးမတင်ဘဲ အဝတ်လဲခန်းထဲကိုခေါင်းငုံ့ပြီးထွက်သွားတယ်။

သူဂိုးတွေသွင်းပြီး သူ့နာမည်ကိုကြွေးကြော်နေချိန်မှာတောင် ပရိသတ်တွေကို

ကျေးဇူးတင်တဲ့အမူအရာမပြပါဘူး။ အသင်းရဲ့ပရောဂျက်မှာ မြုပ်နှံလိုစိတ်မရှိပါဘူး။

ဒါကြောင့် သက်တမ်းတိုးဖို့က စိတ်ကူးကောင်းလို့မထင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

လစာေငြျမင့္မားၿပီး ပရိသတ္အေပၚေလးစားမႈမျပတဲ့ မက္ဆီကို သက္တမ္းမတိုးသင့္ဘူးလို႔ ႐ိုသန္ ေျပာဆို

ပီအက္စ္ဂ်ီၾကယ္ပြင့္ေဟာင္း႐ိုသန္က ပါရီကလပ္အေနနဲ႔ မက္ဆီကို

စာခ်ဳပ္သစ္မခ်ဳပ္သင့္ဘူးလို႔ေျပာဆိုလိုက္ပါတယ္။ အသက္ ၃၅ႏွစ္အ႐ြယ္

မက္ဆီဟာ ရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းျပည့္ေတာ့မွာျဖစ္ၿပီး

ကလပ္ဘက္က စာခ်ဳပ္သစ္အတြက္စိတ္အားထက္သန္မႈျပထားတာျဖစ္တယ္။

႐ိုသန္ကေတာ့ မက္ဆီကိုဆက္ထိန္းဖို႔ႀကိဳးစားတာက ဟာသတစ္ခုျဖစ္ၿပီး

ေငြေၾကးသာတူညီမွ်စည္းမ်ဥ္းနဲ႔ပက္သတ္လို႔ ေနာက္ထပ္ျပႆနာေတြ

ျဖစ္ေပၚလာေစႏိုင္တယ္လို႔သတိေပးခဲ့ပါတယ္။ ပီအက္စ္ဂ်ီမွာ တစ္ႏွစ္လုပ္ခ

ေပါင္ ၅၂ သန္းအထိခံစားခြင့္ရေနတဲ့ မက္ဆီနဲ႔ပက္သတ္လို႔ ႐ိုသန္က

“မက္ဆီကိုသက္တမ္းတိုးတာက ဟာသတစ္ခုပါ။ မက္ဆီ၊ ေနမာနဲ႔

အမ္ဘာပီတို႔ကိုစီမံခန႔္ခြဲရတာဟာ တကယ့္ကိုရႈပ္ေထြးလြန္းပါတယ္။

ေနာက္ၿပီး သူ႔လစာကအရမ္းမ်ားတယ္။ ပီအက္စ္ဂ်ီဟာ ေငြေၾကးသာတူညီမွ်

စည္းမ်ဥ္းမွာပိတ္မိေနတယ္လို႔ထင္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေပးေဆာင္ရတဲ့

လစာေငြေတြက ျမင့္မားေနလို႔ပါ။ အခုေတာ့ မက္ဆီရဲ႕လစာနဲ႔မ်ားျပားတဲ့

ပမာဏတစ္ခုကိုျပန္တည္ေဆာက္ဖို႔အခြင့္အေရးရေတာ့မွာျဖစ္ၿပီး ဒါက

အသင္းရဲ႕စီမံခန႔္ခြဲမႈကိုတိုးတက္ေစႏိုင္ပါတယ္။ ဒါေတြအားလုံးကိုၾကည့္မယ္ဆိုရင္ေတာ့

မက္ဆီနဲ႔သက္တမ္းတိုးဖို႔က စိတ္ကူးေကာင္းမဟုတ္ပါဘူး” လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး ၎က “ပုံရိပ္နဲ႔ပက္သတ္လို႔ ဘာေတြထင္ဟပ္ေစသလဲ။

မက္ဆီက ဒီစြန႔္စားခန္းကိုဘာေၾကာင့္ဆြဲဆန႔္ခ်င္သလဲဆိုတာ နားမလည္ပါဘူး။

သူက ကလပ္ကိုေရွ႕တန္းေရာက္ဖို႔အတြက္ အားထုတ္မႈမရွိပါဘူး။

ပရိသတ္ေတြကို ဘယ္ေတာ့မွေက်းဇူးမတင္ဘဲ အဝတ္လဲခန္းထဲကိုေခါင္းငုံ႔ၿပီးထြက္သြားတယ္။

သူဂိုးေတြသြင္းၿပီး သူ႔နာမည္ကိုေႂကြးေၾကာ္ေနခ်ိန္မွာေတာင္ ပရိသတ္ေတြကို

ေက်းဇူးတင္တဲ့အမူအရာမျပပါဘူး။ အသင္းရဲ႕ပေရာဂ်က္မွာ ျမဳပ္ႏွံလိုစိတ္မရွိပါဘူး။

ဒါေၾကာင့္ သက္တမ္းတိုးဖို႔က စိတ္ကူးေကာင္းလို႔မထင္ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။