လင်းလက်ပြိုးပြက်တဲ့ဂိုး မသွင်းခင် ပြိုင်ဘက်ကိုပါ ပေါင်ကြားထဲကနေ ထည့်ပြလိုက်တဲ့ နေမာ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ လိုရီယန့်ကို

၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲကို လှပတဲ့သွင်းဂိုးနဲ့အတူ
တန်ဆာဆင်ရင်း ပီအက်စ်ဂျီပရိသတ်တွေကို ပိုမိုပျော်ရွှင်စေခဲ့ပါတယ်။
ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ပီအက်စ်ဂျီအသင်းရဲ့
နာမည်ကျော် တြိဂံတိုက်စစ်တွဲလုံး ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး
မက်ဆီ၊ နေမာနဲ့ ဘာပေတို့ ဂိုးတွေ အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာပေနဲ့ နေမာတို့က ၂ဂိုးစီနဲ့ မက်ဆီက ယခုရာသီသူ့အတွက်
လိဂ် ၃ဂိုးမြောက်အဖြစ် တစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နေမာက
ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်
သူ့ရဲ့ဒုတိယမြောက်ဂိုးကမှ အားလုံးကို လုံးဝဖမ်းစားနိုင်ခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိ ဘရာဇီးလက်ရွေးစင် နေမာဟာ

ပီအက်စ်ဂျီကွင်းဘက်ကနေ စတင်လှုပ်ရှားလာတာဖြစ်ပြီး
ပြိုင်ဘက်ကိုပါ ပေါင်ကြားထဲ ထည့်ကာ ဆွဲပြေးလာတာဖြစ်ပါတယ်။
လိုရီယန့်ကွင်းလယ်လူ ဖေဘီယန်လီမွိုင်းဟာ ပွဲချိန် ၈၉မိနစ်မှာ
လူစားဝင်လာပြီးနောက် သူ့ရဲ့ပထမဆုံး Action က နေမာကြောင့်
အရှက်ကွဲသလိုဖြစ်သွားခဲ့ပြီး နေမာက ညာခြေနဲ့ ဘယ်ဘက်ကို

ဆွဲမလိုလုပ်ရင်း လီမွိုင်းရဲ့ပေါင်ကြားထဲ ထည့်လိုက်တာဖြစ်ပါတယ်။
အဲဒီနောက် နေမာက ဘေးမှာ ရှိနေတဲ့ ဘာပေဆီ
ဘောလုံးထိုးပေးပြီး ရပ်မနေဘဲ Opening လုပ်ရင်း ဆက်ပြေးသွားပါတယ်။
ဘာပေကလည်း နေမာရဲ့ပြေးလမ်းထဲ လှလှပပ
ထိုးပေးလိုက်ပြီး နေမာက အမှားအယွင်းမရှိ

ကန်သွင်းနိုင်ခဲ့လို့ ပီအက်စ်ဂျီအသင်း အဆုံးသတ်ဂိုး
ရရှိခဲ့သလို ဘာပေလည်း ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
”ဒီဘဲက ဒဏ်ရာတွေသာမနှိပ်စက်ခဲ့ရင် GOAT ဖြစ်နေမှာ သေချာတယ်”
”ကျွန်တော်တို့မျိုးဆက်မှာတော့ နေမာက
တတိယအကောင်းဆုံးပါပဲ။ နေမာတော့

အဆုံးသတ်သွားပါပြီ၊ ဒါမှမဟုတ် ဗင်နီစီးယပ်စ်နဲ့
နှိုင်းယှဉ်နေတာတွေက ဒုစရိုက်ကျူးလွန်တာပါပဲ”
”Neymar Is Officially Back!”
”ကျွန်တော်မြင်ဖူးသမျှ ပေါင်ကြားထဲ
ထည့်မှုတွေမှာ ဒီအလုံးက အရူးသွပ်ဆုံးပဲ”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

Zawgyi

လင္းလက္ၿပိဳးျပက္တဲ့ဂိုး မသြင္းခင္ ၿပိဳင္ဘက္ကိုပါ ေပါင္ၾကားထဲကေန ထည့္ျပလုိက္တဲ့ ေနမာ

ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာဟာ လုိရီယန္႔ကို
၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးျပတ္ႏိုင္ပြဲကို လွပတဲ့သြင္းဂိုးနဲ႔အတူ
တန္ဆာဆင္ရင္း ပီအက္စ္ဂ်ီပရိသတ္ေတြကို ပိုမိုေပ်ာ္ရႊင္ေစခဲ့ပါတယ္။
ယခုရာသီအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ပီအက္စ္ဂ်ီအသင္းရဲ႕
နာမည္ေက်ာ္ ႀတိဂံတုိက္စစ္တြဲလုံး ဂိုးသြင္းႏုိင္ခဲ့တာျဖစ္ၿပီး

မက္ဆီ၊ ေနမာနဲ႔ ဘာေပတုိ႔ ဂိုးေတြ အသီးသီးသြင္းယူႏိုင္ခဲ့ပါတယ္။
ဘာေပနဲ႔ ေနမာတုိ႔က ၂ဂိုးစီနဲ႔ မက္ဆီက ယခုရာသီသူ႕အတြက္
လိဂ္ ၃ဂိုးေျမာက္အျဖစ္ တစ္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေနမာက
ပြဲခ်ိန္ ၁၂ မိနစ္မွာ ဦးေဆာင္ဂုိးသြင္းယူႏုိင္ခဲ့ေပမယ့္
သူ႕ရဲ႕ဒုတိယေျမာက္ဂိုးကမွ အားလုံးကို လုံး၀ဖမ္းစားႏိုင္ခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ရွိ ဘရာဇီးလက္ေရြးစင္ ေနမာဟာ
ပီအက္စ္ဂ်ီကြင္းဘက္ကေန စတင္လႈပ္ရွားလာတာျဖစ္ၿပီး
ၿပိဳင္ဘက္ကိုပါ ေပါင္ၾကားထဲ ထည့္ကာ ဆြဲေျပးလာတာျဖစ္ပါတယ္။
လုိရီယန္႔ကြင္းလယ္လူ ေဖဘီယန္လီမြိဳင္းဟာ ပြဲခ်ိန္ ၈၉မိနစ္မွာ
လူစား၀င္လာၿပီးေနာက္ သူ႔ရဲ႕ပထမဆုံး Action က ေနမာေၾကာင့္

အရွက္ကြဲသလုိျဖစ္သြားခဲ့ၿပီး ေနမာက ညာေျခနဲ႔ ဘယ္ဘက္ကို
ဆြဲမလုိလုပ္ရင္း လီမြိဳင္းရဲ႕ေပါင္ၾကားထဲ ထည့္လုိက္တာျဖစ္ပါတယ္။
အဲဒီေနာက္ ေနမာက ေဘးမွာ ရွိေနတဲ့ ဘာေပဆီ
ေဘာလုံးထုိးေပးၿပီး ရပ္မေနဘဲ Opening လုပ္ရင္း ဆက္ေျပးသြားပါတယ္။
ဘာေပကလည္း ေနမာရဲ႕ေျပးလမ္းထဲ လွလွပပ

ထိုးေပးလုိက္ၿပီး ေနမာက အမွားအယြင္းမရွိ
ကန္သြင္းႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီအသင္း အဆုံးသတ္ဂိုး
ရရွိခဲ့သလို ဘာေပလည္း ဂိုးဖန္တီးမႈ ၃ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ပါတယ္။
”ဒီဘဲက ဒဏ္ရာေတြသာမႏွိပ္စက္ခဲ့ရင္ GOAT ျဖစ္ေနမွာ ေသခ်ာတယ္”
”ကၽြန္ေတာ္တုိ႔မ်ိဳးဆက္မွာေတာ့ ေနမာက

တတိယအေကာင္းဆုံးပါပဲ။ ေနမာေတာ့
အဆုံးသတ္သြားပါၿပီ၊ ဒါမွမဟုတ္ ဗင္နီစီးယပ္စ္နဲ႔
ႏိႈင္းယွဥ္ေနတာေတြက ဒုစရိုက္က်ဴးလြန္တာပါပဲ”
”Neymar Is Officially Back!”
”ကၽြန္ေတာ္ျမင္ဖူးသမွ် ေပါင္ၾကားထဲ

ထည့္မႈေတြမွာ ဒီအလုံးက အရူးသြပ္ဆုံးပဲ”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။