
ပြီးခဲ့တဲ့နှစ်ရက်က လင်ဒီလော့ဖ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ
လန်ဒန်နောက်ပိုင်းအခြေစိုက် ဘရက်ဖိုဒ်အသင်းဆီ
သွားရောက်ကစားခဲ့ပြီး (၁-၃)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
လင်ဒီလော့ဖ်ဟာ အဲ့သည့်ပွဲစဉ်မှာဒီပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သလို
ထိရောက်တဲ့ ခံစစ်ကာကွယ်မှုအချို့ကို လုပ်နိုင်ခဲ့ပါတယ်။
သူကွင်းထဲမှာ ခြေစွမ်းပြနေချိန်မှာ မန်ချက်စတာက
သူ့ရဲ့အိမ်ကို ဖောက်ထွင်း ဝင်ရောက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားချိန်မှာ သူ့ရဲ့ ဇနီး မာဂျာနယ်လ်ဆင်ဟာ
ကလေး(၂)ယောက်နဲ့အတူ အိမ်မှာရှိနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
သူမဟာ အိမ်ထဲကို လူစိမ်းတွေ ဝင်ရောက်လာတာ မြင်တွေ့ခဲ့ပေမယ့်
သူတို့ကိုအန္တရာယ်ပြုမှာ စိုးရိမ်တာကြောင့် ကလေးတွေနဲ့အတူ
အခန်းတစ်ခန်းးမှာသော့ခတ်ပြီးပုန်းအောင်းနေခဲ့ရတယ်လို့
သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ကံအားလျော်စွာ တစုံတရာထိခိုက်မှုမရှိခဲ့ပေမယ့်
ဒီဖြစ်ရပ်ကြောင့် သူမဟာ အလွန်တရာ ထိတ်လန့်သွားခဲ့ပြီး
ဆွီဒင်နိုင်ငံကို ကလေးနှစ်ယောက်နဲ့အတူ ပြန်သွားခဲ့တယ်လို့လည်း
ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။
ယူနိုက်တက်အသင်းကလည်း လင်ဒီလော့ဖ် မိသားစုရဲ့ဖြစ်ရပ်အတွက်
မန်ချက်စတာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
လင်ဒီလော့ဖ်ကလည်း သူ့မိသားစုကိစ္စအတွက် ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်နဲ့
လန်ဒန်ကအပြန် လေယာဉ်ပေါ်မှာ အချိန် အတော်ကြာ စကားပြောဖြစ်ခဲ့ပြီး
နည်းပြဆီက ခွင်ရက်တောင်းဆိုခဲ့တယ်လို့လည်း ရန်းနစ်ဂ်က ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ လန်ဒန်ကအပြန် လေယာဉ်ပေါ်မှာ
လင်ဒီလော့ဖ်နဲ့ စကားအတော်ကြာ ပြောဖြစ်ခဲ့တယ်။
သူက လောလောဆယ် မိသားစုကို အချိန်ပေးပြီ အတူတူရှိချင်တယ်တဲ့၊
သူ့ရဲ့ဖြစ်ပေါ် နေတဲ့စိတ်ခံစားချက်ကို ကျွန်တော် ရာနှုန်းပြည့် နားလည်ပေးနိုင်ပါတယ်။
ကျွန်တော်လည်း ကလေးနှစ်ယောက်အဖေပဲဗျာ
ဖခင်တစ်ယောက်ရဲ့ စိုးရိမ်မှုကိုခံစားပေးနိုင်တာပေါ့။
ဒါကြောင့် ဒီနေ့ ပြုလုပ်တဲ့ အသင်း လေ့ကျင့်ရေးအစီအစဉ် နဲ့
ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်အတွက်
လူစာရင်းမှာ ဗစ်တာ ပါဝင်နိုင်မှာ မဟုတ်ဘူး” လို့
နည်းပြ ရန်းနက်စ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
မကြာသေးခင်လပိုင်းကလည်း မန်ချက်စတာ စီးတီးအသင်းရဲ့
နောက်ခံကစားသမား ကန်ဆယ်လိုရဲ့ မန်ချက်စတာက အိမ်ကိုလည်း
အကြမ်းဖက်သမားတွေက ဝင်ရောက်ခဲ့ကြပြီး
ကန်ဆယ်လိုဆီကအဖိုးတန်ပစ္စည်းတွေကိုယူဆောင်သွားခဲ့တဲ့အပြင်
သူ့ကိုလည်း ထိုးကြိတ်သွားခဲ့တယ်လို့ ကန်ဆယ်လိုက ထုတ်ဖော်ပြောဆိုထားပါတယ်။
zawgyi
လင္ဒီေလာ့ဖ္ ကြင္းထဲမွာ ေျခစြမ္းျပေနခ်ိန္ မန္ခ်က္စတာက သူ႔ရဲ႕အိမ္ကို ေဖာက္ထြင္း ဝင္ေရာက္မႈတစ္ခု ျဖစ္ပြားခဲ့
ၿပီးခဲ့တဲ့ႏွစ္ရက္က လင္ဒီေလာ့ဖ္ဟာ ယူႏိုက္တက္အသင္းနဲ႔အတူ
လန္ဒန္ေနာက္ပိုင္းအေျခစိုက္ ဘရက္ဖိုဒ္အသင္းဆီ
သြားေရာက္ကစားခဲ့ၿပီး (၁-၃)ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။
လင္ဒီေလာ့ဖ္ဟာ အဲ့သည့္ပြဲစဥ္မွာဒီပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့သလို
ထိေရာက္တဲ့ ခံစစ္ကာကြယ္မႈအခ်ိဳ႕ကို လုပ္ႏိုင္ခဲ့ပါတယ္။
သူကြင္းထဲမွာ ေျခစြမ္းျပေနခ်ိန္မွာ မန္ခ်က္စတာက
သူ႔ရဲ႕အိမ္ကို ေဖာက္ထြင္း ဝင္ေရာက္မႈတစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
အခင္းျဖစ္ပြားခ်ိန္မွာ သူ႔ရဲ႕ ဇနီး မာဂ်ာနယ္လ္ဆင္ဟာ
ကေလး(၂)ေယာက္နဲ႔အတူ အိမ္မွာရွိေနတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။
သူမဟာ အိမ္ထဲကို လူစိမ္းေတြ ဝင္ေရာက္လာတာ ျမင္ေတြ႕ခဲ့ေပမယ့္
သူတို႔ကိုအႏၲရာယ္ျပဳမွာ စိုးရိမ္တာေၾကာင့္ ကေလးေတြနဲ႔အတူ
အခန္းတစ္ခန္းးမွာေသာ့ခတ္ၿပီးပုန္းေအာင္းေနခဲ့ရတယ္လို႔
သူ႔ရဲ႕အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။
ကံအားေလ်ာ္စြာ တစုံတရာထိခိုက္မႈမရွိခဲ့ေပမယ့္
ဒီျဖစ္ရပ္ေၾကာင့္ သူမဟာ အလြန္တရာ ထိတ္လန႔္သြားခဲ့ၿပီး
ဆြီဒင္ႏိုင္ငံကို ကေလးႏွစ္ေယာက္နဲ႔အတူ ျပန္သြားခဲ့တယ္လို႔လည္း
ပရိသတ္ေတြကို အသိေပးထားခဲ့ပါတယ္။
ယူႏိုက္တက္အသင္းကလည္း လင္ဒီေလာ့ဖ္ မိသားစုရဲ႕ျဖစ္ရပ္အတြက္
မန္ခ်က္စတာ ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ သြားမယ္လို႔ ေၾကျငာခဲ့ပါတယ္။
လင္ဒီေလာ့ဖ္ကလည္း သူ႔မိသားစုကိစၥအတြက္ ယူႏိုက္တက္နည္းျပ ရန္းနစ္ဂ္နဲ႔
လန္ဒန္ကအျပန္ ေလယာဥ္ေပၚမွာ အခ်ိန္ အေတာ္ၾကာ စကားေျပာျဖစ္ခဲ့ၿပီး
နည္းျပဆီက ခြင္ရက္ေတာင္းဆိုခဲ့တယ္လို႔လည္း ရန္းနစ္ဂ္က ေျပာၾကားခဲ့ပါတယ္။
“က်ေနာ္တို႔ လန္ဒန္ကအျပန္ ေလယာဥ္ေပၚမွာ
လင္ဒီေလာ့ဖ္နဲ႔ စကားအေတာ္ၾကာ ေျပာျဖစ္ခဲ့တယ္။
သူက ေလာေလာဆယ္ မိသားစုကို အခ်ိန္ေပးၿပီ အတူတူရွိခ်င္တယ္တဲ့၊
သူ႔ရဲ႕ျဖစ္ေပၚ ေနတဲ့စိတ္ခံစားခ်က္ကို ကြၽန္ေတာ္ ရာႏႈန္းျပည့္ နားလည္ေပးႏိုင္ပါတယ္။
ကြၽန္ေတာ္လည္း ကေလးႏွစ္ေယာက္အေဖပဲဗ်ာ
ဖခင္တစ္ေယာက္ရဲ႕ စိုးရိမ္မႈကိုခံစားေပးႏိုင္တာေပါ့။
ဒါေၾကာင့္ ဒီေန႔ ျပဳလုပ္တဲ့ အသင္း ေလ့က်င့္ေရးအစီအစဥ္ နဲ႔
ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္အတြက္
လူစာရင္းမွာ ဗစ္တာ ပါဝင္ႏိုင္မွာ မဟုတ္ဘူး” လို႔
နည္းျပ ရန္းနက္စ္က ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။
မၾကာေသးခင္လပိုင္းကလည္း မန္ခ်က္စတာ စီးတီးအသင္းရဲ႕
ေနာက္ခံကစားသမား ကန္ဆယ္လိုရဲ႕ မန္ခ်က္စတာက အိမ္ကိုလည္း
အၾကမ္းဖက္သမားေတြက ဝင္ေရာက္ခဲ့ၾကၿပီး
ကန္ဆယ္လိုဆီကအဖိုးတန္ပစၥည္းေတြကိုယူေဆာင္သြားခဲ့တဲ့အျပင္
သူ႔ကိုလည္း ထိုးႀကိတ္သြားခဲ့တယ္လို႔ ကန္ဆယ္လိုက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။