
လင်ဂတ်အတွက် ဘာစီလိုနာနဲ့အေစီမီလန်တို့ဟာ ရှေ့ဆုံးကနေ တန်းစီနေကြ
လိမ့်မယ်လို့ နာမည်ကြီးဗြိတိန်သတင်းစာ Daily Mail က ဖော်ပြလိုက်ပါတယ်။
လင်ဂတ်ဟာ ပြီးခဲ့တဲ့လကပဲ မန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး
အနာဂါတ်အတွက် ဆုံးဖြတ်ချက်မချခင် ရွေးချယ်စရာတွေကို ချိန်ဆလုပ်
နိုင်ပါတယ်။
၂၈ နှစ်အရွယ် အဲဒီအင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းတုန်းက
ဝက်စ်ဟမ်းမှာ အငှားကစားခဲ့သေးပြီး စီရော်နယ်ဒိုနဲ့ဆန်ချိုတို့ ရောက်လာပြီး
တဲ့နောက် ဆိုးလ်ရှားဆီကနေ သူဘယ်လောက်ကစားချိန်ရမလဲဆိုတကို မြင်
ချင်နေပါတယ်။
ဒါပေမဲ့လည်း လင်ဂတ်ဟာ ဒီရာသီမှာ တစ်ပွဲပဲ ပွဲထွက်ပါသေးပြီး အဲဒါကလည်း
ဝက်စ်ဟမ်းနဲ့ကာရာဘောင်းဖလားမှာဖြစ်ကာ ကလပ်အသင်းထက် နိုင်ငံအသင်
းမှာ ပိုကစားခွင့်ရနေပါတယ်။
ပြီးခဲ့တဲ့နွေက ယူရိုပြိုင်ပွဲကို ကပ်ပြီးလွဲချော်ခဲ့ရတဲ့လင်ဂတ်ဟာ လာမယ့်နှစ်ကမ္ဘာ့
လားက နည်းပြဆောက်ဂိတ်ရဲ့အသင်းမှာ ပါဝင်နိုင်မယ့်အခွင့်အရေး တိုးချင်နေ
တာပါ။
အခုတော့ မန်ယူက သူ့ရဲ့လက်ကျန်စာချုပ်သက်တမ်းကို ကုန်ဆုံးပြီး အလွတ်ထွက်
ခွာတော့မယ့်ပုံပေါ်နေကာ အဲဒါဆိုရင် မန်ယူနဲ့သူ့ရဲ့နှစ်ပေါင်း ၂၀ ကျော်ကြာဆက်နွယ်
မှုဟာလည်း အဆုံးသတ်သွားမှာပါ။
ဆိုးလ်ရှားကတော့ လင်ဂတ်ကို ဆက်ထိန်းချင်နေပေမယ့် မန်ယူဘက်က ပိုကောင်း
မယ့်ကမ်းလှမ်းမှုမလုပ်နိုင်သေးသလို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတောင်
ရောင်းချဖို့ ကြိုးပမ်းနိုင်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ကစားသမားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
သူဟာ လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပြည်ပကလပ်တွေနဲ့ စကားပြောခွင့်ရနိုင်မှာ
ဖြစ်ပြီး လင်ဂတ်ကို အလွတ်ခေါ်နိုင်ဖို့ ဘာစီလိုနာနဲ့အေစီမီလန်တို့ဟာ အတော်လေးကို
စိတ်ဝင်စားနေကြတယ်လို့ နားလည်ရပါတယ်။
Zawgyi
လင္ဂတ္အတြက္ အၿပိဳင္အဆိုင္ျဖစ္လာမယ့္ ဘာစီလိုနာနဲ႔ေအစီမီလန္
လာမယ့္ေႏြမွာ မန္ယူကေန အလြတ္ေျပာင္းေ႐ႊ႕ႏိုင္မယ့္ကြင္းလယ္လူဂ်က္ဆီ
လင္ဂတ္အတြက္ ဘာစီလိုနာနဲ႔ေအစီမီလန္တို႔ဟာ ေရွ႕ဆုံးကေန တန္းစီေနၾက
လိမ့္မယ္လို႔ နာမည္ႀကီးၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပလိုက္ပါတယ္။
လင္ဂတ္ဟာ ၿပီးခဲ့တဲ့လကပဲ မန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး
သူ႔အနာဂါတ္အတြက္ ဆုံးျဖတ္ခ်က္မခ်ခင္ ေ႐ြးခ်ယ္စရာေတြကို ခ်ိန္ဆလုပ္
ႏိုင္ပါတယ္။
၂၈ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္းတုန္းက
ဝက္စ္ဟမ္းမွာ အငွားကစားခဲ့ေသးၿပီး စီေရာ္နယ္ဒိုနဲ႔ဆန္ခ်ိဳတို႔ ေရာက္လာၿပီး
တဲ့ေနာက္ ဆိုးလ္ရွားဆီကေန သူဘယ္ေလာက္ကစားခ်ိန္ရမလဲဆိုတကို ျမင္
ခ်င္ေနပါတယ္။
ဒါေပမဲ့လည္း လင္ဂတ္ဟာ ဒီရာသီမွာ တစ္ပြဲပဲ ပြဲထြက္ပါေသးၿပီး အဲဒါကလည္း
ဝက္စ္ဟမ္းနဲ႔ကာရာေဘာင္းဖလားမွာျဖစ္ကာ ကလပ္အသင္းထက္ ႏိုင္ငံအသင္
းမွာ ပိုကစားခြင့္ရေနပါတယ္။
ၿပီးခဲ့တဲ့ေႏြက ယူ႐ိုၿပိဳင္ပြဲကို ကပ္ၿပီးလြဲေခ်ာ္ခဲ့ရတဲ့လင္ဂတ္ဟာ လာမယ့္ႏွစ္ကမာၻ႔
ဖလားက နည္းျပေဆာက္ဂိတ္ရဲ႕အသင္းမွာ ပါဝင္ႏိုင္မယ့္အခြင့္အေရး တိုးခ်င္ေန
တာပါ။
အခုေတာ့ မန္ယူက သူ႔ရဲ႕လက္က်န္စာခ်ဳပ္သက္တမ္းကို ကုန္ဆုံးၿပီး အလြတ္ထြက္
ခြာေတာ့မယ့္ပုံေပၚေနကာ အဲဒါဆိုရင္ မန္ယူနဲ႔သူ႔ရဲ႕ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာဆက္ႏြယ္
မႈဟာလည္း အဆုံးသတ္သြားမွာပါ။
ဆိုးလ္ရွားကေတာ့ လင္ဂတ္ကို ဆက္ထိန္းခ်င္ေနေပမယ့္ မန္ယူဘက္က ပိုေကာင္း
မယ့္ကမ္းလွမ္းမႈမလုပ္ႏိုင္ေသးသလို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာေတာင္
ေရာင္းခ်ဖို႔ ႀကိဳးပမ္းႏိုင္ပါတယ္။
ဒါေပမဲ့ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကေတာ့ ကစားသမားအေပၚမွာပဲ မူတည္ပါလိမ့္မယ္။
သူဟာ လာမယ့္ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး ျပည္ပကလပ္ေတြနဲ႔ စကားေျပာခြင့္ရႏိုင္မွာ
ျဖစ္ၿပီး လင္ဂတ္ကို အလြတ္ေခၚႏိုင္ဖို႔ ဘာစီလိုနာနဲ႔ေအစီမီလန္တို႔ဟာ အေတာ္ေလးကို
စိတ္ဝင္စားေနၾကတယ္လို႔ နားလည္ရပါတယ္။