လင်ဂတ်ဟာ ဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ရန်တောင်းဆိုထားတဲ့ပို့စ်တစ်ခုကို Like လုပ်ခဲ့

ဂျက်စီလင်ဂတ်ဟာခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်ပေ့ချ်တစ်ခုက

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှ

ထုတ်ပယ်ရန်တောင်းဆိုထားတဲ့ပို့စ်တစ်ခုကို Like လုပ်လိုက်ပါတယ်။

အင်တာစဂရမ်တွင်တင်လာတဲ့ ယင်းပို့စ်တွင်လီဗာပူးအားအရှက်တကွဲ

ရှုံးနိမ့်တဲ့ပွဲစဉ်မှဓာတ်ပုံများပါဝင်ပြီး OleOUT ဆိုတဲ့ hashtag သုံးထားပါတယ်။

ဂျက်စီလင်ဂတ်ဟာယခုရာသီတွင်လည်းဆိုးလ်ရှားလက်အောက်တွင်

အရန်အဖြစ်သာအဓိကကစားနေရသူဖြစ်ပါတယ်။သူဟာဆိုးလ်ရှားကို

တကယ်တမ်းရာထူးမှထုတ်ပယ်လိုစေတဲ့ဆန္ဒရှိတာကြောင့် ယင်းပို့စ်ကို

Like လုပ်လိုက်တာလားဆိုတာအတိအကျပြောဖို့ခက်ပါတယ်။

လီဗာပူးဟာ၅-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်မန်ယူဂန္ထဝင်နည်းပြ

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ယူအသင်းရဲ့ကစားပုံကိုကြည့်ပြီး

ခေါင်းတရမ်းရမ်းဖြစ်နေခဲ့ကြောင်းသိရပါတယ်။

ဗြိတိန်နှင့်အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဆာအဲလက်စ်ဖာဂူဆန်ဟာ

လီဗာပူးအားရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားနေရာတွင်အစားထိုးရန်အတွက်

ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီကိုဖုန်းဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

zawgyi

လင္ဂတ္ဟာ ဆိုးလ္ရွားအား ရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုထားတဲ့ပို႔စ္တစ္ခုကို Like လုပ္ခဲ့

ဂ်က္စီလင္ဂတ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုပရိသတ္ေပ့ခ်္တစ္ခုက

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားအားရာထူးမွ

ထုတ္ပယ္ရန္ေတာင္းဆိုထားတဲ့ပို႔စ္တစ္ခုကို Like လုပ္လိုက္ပါတယ္။

အင္တာစဂရမ္တြင္တင္လာတဲ့ ယင္းပို႔စ္တြင္လီဗာပူးအားအရွက္တကြဲ

ရႈံးနိမ့္တဲ့ပြဲစဥ္မွဓာတ္ပုံမ်ားပါဝင္ၿပီး OleOUT ဆိုတဲ့ hashtag သုံးထားပါတယ္။

ဂ်က္စီလင္ဂတ္ဟာယခုရာသီတြင္လည္းဆိုးလ္ရွားလက္ေအာက္တြင္

အရန္အျဖစ္သာအဓိကကစားေနရသူျဖစ္ပါတယ္။သူဟာဆိုးလ္ရွားကို

တကယ္တမ္းရာထူးမွထုတ္ပယ္လိုေစတဲ့ဆႏၵရွိတာေၾကာင့္ ယင္းပို႔စ္ကို

Like လုပ္လိုက္တာလားဆိုတာအတိအက်ေျပာဖို႔ခက္ပါတယ္။

လီဗာပူးဟာ၅-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္မန္ယူဂႏၴဝင္နည္းျပ

ဆာအဲလက္စ္ဖာဂူဆန္ဟာမန္ယူအသင္းရဲ႕ကစားပုံကိုၾကည့္ၿပီး

ေခါင္းတရမ္းရမ္းျဖစ္ေနခဲ့ေၾကာင္းသိရပါတယ္။

ၿဗိတိန္ႏွင့္အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဆာအဲလက္စ္ဖာဂူဆန္ဟာ

လီဗာပူးအားရႈံးနိမ့္ၿပီးေနာက္ဆိုးလ္ရွားေနရာတြင္အစားထိုးရန္အတြက္

ခ်ဲလ္ဆီးနည္းျပေဟာင္းအန္တိုနီယိုကြန္တီကိုဖုန္းဆက္သြယ္မႈျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။