မျိုးဆက်သစ်ကြယ်ပွင့်တွေထဲမှာ အမ်ဘာပီနဲ့ ဟာလန်းထက်ပိုမိုပြည့်စုံတဲ့
တိုက်စစ်မှူးက မန်စီးတီးရဲ့ဂျူလီယံအဲလ်ဗာရက်ဇ်ဖြစ်တယ်လို့
ချီလီဂန္တဝင်ဇာမိုရာနိုက ပြောဆိုလိုက်ပါတယ်။ အမ်ဘာပီနဲ့
ဟာလန်းက သွင်းဂိုးတွေနောက်ကိုအနံ့ခံကောင်းပေမဲ့
ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူခြေစွမ်းပြခဲ့တဲ့
အဲလ်ဗာရက်ဇ်ကသာ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်တယ်လို့
သုံးသပ်လိုက်တာဖြစ်တယ်။ ရီးရဲလ်နဲ့ အင်တာမီလန်မှာ
သွင်းဂိုးပေါင်း ၂၅၀ ကျော်ရယူခဲ့ပြီး ချီလီအသင်းခေါင်းဆောင်အဖြစ်
ရှိခဲ့ဖူးတဲ့ ဇာမိုရာနိုဟာ လက်ရွေးစင်အသင်းအတွက် ၆၉ပွဲမှာ
၃၄ဂိုးအထိသွင်းနိုင်ခဲ့သူဖြစ်တယ်။ အာဂျင်တီးနားအသင်း
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့လမ်းကြောင်းတစ်လျှောက်မှာ မက်ဆီနဲ့အတူ
အဲလ်ဗာရက်ဇ်ကအသင်းကို အများကြီးအကျိုးပြုခဲ့တယ်လို့လည်း
ဇာမိုရာနိုကချီးကျူးလိုက်ပါတယ်။ “အဲလ်ဗာရက်ဇ်က အမ်ဘာပီနဲ့
ဟာလန်းထက်ပိုမိုပြည့်စုံတယ်။ ဟာလန်းကတောင်ပံတိုက်စစ်မှာ
ကောင်းစွာမကစားနိုင်သလို အမ်ဘာပီမှာလည်း ကျောနံပါတ် ၉
နေရာအတွက်လိုအပ်တာတွေပါမလာခဲ့ဘူး။ အဲလ်ဗာရက်ဇ်က
အကုန်လုပ်နိုင်တယ်” လို့ ချီလီဂန္တဝင်က ထောက်ပြခဲ့သလို
မန်စီးတီးကြယ်ပွင့်ရဲ့အားသာချက်နဲ့ပက်သတ်လို့
“ဒီနေ့ဘောလုံးလောကရဲ့ တိုက်စစ်မှူးနေရာမှာ အဲလ်ဗာရက်ဇ်က
ပြည့်စုံမှုအရှိဆုံးပါ။ ဒီကောင်လေးက အရာအားလုံးလုပ်နိုင်စွမ်းရှိတယ်။
တောင်ပံတွေမှာအကောင်းဆုံးလှုပ်ရှားပြီး အဆင်ပြေအောင်
လိုက်ကစားပေးတယ်၊ အကောင်းဆုံးအနေနဲ့ သူကပထမဆုံး
နောက်ခံလူအဖြစ်ပါကစားပေးနိုင်တယ်၊ အသင်းဖော်တွေနဲ့
စည်းလုံးပြီး စိတ်ဓာတ်ပိုင်းကောင်းမွန်တယ်။ တောက်ပံနှစ်ဖက်
စလုံးကနေ ဂိုးကန်သွင်းနိုင်တယ်၊ အရပ်ပုပေမဲ့ ရုပ်ပိုင်းဆိုင်ရာ
အားကောင်းတယ်။ ခရိုအေးရှားဘက်ကိုသွင်းယူခဲ့တဲ့
ဂိုးကိုကြည့်ရင်သိမှာပါ” လို့ နှိုင်းယှဉ်ပြခဲ့တာဖြစ်တယ်။
zawgyi
လက်ရှိခေတ်မှာ အမ်ဘာပီနဲ့ ဟာလန်းထက်ပိုပြီးပြည့်စုံတဲ့ တိုက်စစ်မှူးရှိနေတယ်လို့ ချီလီဂန္တဝင် ဇာမိုရာနို ဆွဲထုတ်ပြလိုက်