
ဒေါ့မန်အသင်းကြယ်ပွင့်တိုက်စစ်မှုးဟာလန်းက လီဝန်ဒေါစကီးကသာ
လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ယုံကြည်နေပြီး
သူ့ရဲ့ထိပ်ဆုံး ၃ ယောက်ထဲမှာ ဘင်ဇီမာနဲ့မက်ဆီတို့ကို ထည့်သွင်းခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၂၁ အတွင်း ဘိုင်ယန်အတွက် ၅၉ ပွဲမှာ
၆၉ ဂိုးသွင်းပေးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် Ballon d’Or ဆုကို
အငြင်းပွားဖွယ်လွဲချော်ခဲ့ရတယ်။
အဲဒီဆုကို ကလပ်အဆင့် ၃၄ ဂိုးသာသွင်းခဲ့တဲ့
ပီအက်စ်ဂျီစူပါစတားမက်ဆီက ၇ ကြိမ်မြောက်ဆွတ်ခူးသွားလို့
ပရိသတ်အတော်များများ မကျေနပ်ခဲ့ကြပါဘူး။
ဒေါ့မန်အတွက် ပွဲ ၈၀ မှာ ၇၉ ဂိုးသွင်းထားတဲ့ ၂၁ နှစ်အရွယ်
ဟာလန်းကတော့ လီဝန်ဒေါစကီးကသာ အဲဒီဆုကို ရသင့်တဲ့ပုံစံပြောခဲ့ပါတယ်။
နာမည်ကြီးအားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ ESPN နဲ့
အင်တာဗျူးမှာ လက်ရှိကမ္ဘာ့ဘောလုံးက သူ့ရဲ့ထိပ်ဆုံး ၃ ယောက်ကို
မေးမြန်းတော့ မက်ဆီနဲ့ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာတို့ကိုကျော်ဖြတ်ပြီး
သူ့ရဲ့ဘိုင်ယန်ပြိုင်ဘက်ကို ထိပ်ဆုံးထားခဲ့ပါတယ်။
”ဒါက မေးခွန်းကောင်းတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်ကတည်းက
မေးခဲ့ရမှာ ဟုတ်တယ်လား။
လီဝါဒေါစကီးက နံပါတ် ၁ လို့ပဲ ပြောရမယ်ထင်ပါတယ်။
ပြီးရင် ကျွန်တော့်အတွက် နံပါတ် ၂ က ဘင်ဇီမာပေါ့။
ဒါပေမဲ့ မက်ဆီလည်း ထူးချွန်ခဲ့တာပါပဲ။
ဒါကြောင့် ဘင်ဇီမာနဲ့မက်ဆီတို့ ဒုတိယနဲ့တတိယနေရာမှာပါ”လို့
ဟာလန်းက ဖြေကြားခဲ့တာပါ။
လီဝန်ဒေါစကီးဟာ ၂၀၂၀ တုန်းကလည်း Ballon d’Or ဆုကို
ရရှိနိုင်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကိုဗစ်ကြောင့်
အဲဒီနှစ်မှာ ဆုပေးပွဲမကျင်းပဖြစ်ခဲ့ပါဘူး။
မနှစ်ကတော့ သူ့ကို မက်ဆီက ကျော်ဖြတ်ရရှိခဲ့ပြီး
အခုချိန်ထိ အဲဒါဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။
zawgyi
လက္ရွိကမာၻ႔အေကာင္းဆုံးဆိုရင္ လီဝါေဒါစကီးက နံပါတ္ ၁ လို႔ဆိုလိုက္တဲ့ ဟာလန္း
ေဒါ့မန္အသင္းၾကယ္ပြင့္တိုက္စစ္မႈးဟာလန္းက လီဝန္ေဒါစကီးကသာ
လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားလို႔ ယုံၾကည္ေနၿပီး
သူ႔ရဲ႕ထိပ္ဆုံး ၃ ေယာက္ထဲမွာ ဘင္ဇီမာနဲ႔မက္ဆီတို႔ကို ထည့္သြင္းခဲ့ပါတယ္။
လီဝန္ေဒါစကီးဟာ ၂၀၂၁ အတြင္း ဘိုင္ယန္အတြက္ ၅၉ ပြဲမွာ
၆၉ ဂိုးသြင္းေပးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or ဆုကို
အျငင္းပြားဖြယ္လြဲေခ်ာ္ခဲ့ရတယ္။
အဲဒီဆုကို ကလပ္အဆင့္ ၃၄ ဂိုးသာသြင္းခဲ့တဲ့
ပီအက္စ္ဂ်ီစူပါစတားမက္ဆီက ၇ ႀကိမ္ေျမာက္ဆြတ္ခူးသြားလို႔
ပရိသတ္အေတာ္မ်ားမ်ား မေက်နပ္ခဲ့ၾကပါဘူး။
ေဒါ့မန္အတြက္ ပြဲ ၈၀ မွာ ၇၉ ဂိုးသြင္းထားတဲ့ ၂၁ ႏွစ္အ႐ြယ္
ဟာလန္းကေတာ့ လီဝန္ေဒါစကီးကသာ အဲဒီဆုကို ရသင့္တဲ့ပုံစံေျပာခဲ့ပါတယ္။
နာမည္ႀကီးအားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ ESPN နဲ႔
အင္တာဗ်ဴးမွာ လက္ရွိကမာၻ႔ေဘာလုံးက သူ႔ရဲ႕ထိပ္ဆုံး ၃ ေယာက္ကို
ေမးျမန္းေတာ့ မက္ဆီနဲ႔ရီးရဲလ္တိုက္စစ္မႈးဘင္ဇီမာတို႔ကိုေက်ာ္ျဖတ္ၿပီး
သူ႔ရဲ႕ဘိုင္ယန္ၿပိဳင္ဘက္ကို ထိပ္ဆုံးထားခဲ့ပါတယ္။
”ဒါက ေမးခြန္းေကာင္းတစ္ခုပါ။ ၿပီးခဲ့တဲ့ႏွစ္ကတည္းက
ေမးခဲ့ရမွာ ဟုတ္တယ္လား။
လီဝါေဒါစကီးက နံပါတ္ ၁ လို႔ပဲ ေျပာရမယ္ထင္ပါတယ္။
ၿပီးရင္ ကြၽန္ေတာ့္အတြက္ နံပါတ္ ၂ က ဘင္ဇီမာေပါ့။
ဒါေပမဲ့ မက္ဆီလည္း ထူးခြၽန္ခဲ့တာပါပဲ။
ဒါေၾကာင့္ ဘင္ဇီမာနဲ႔မက္ဆီတို႔ ဒုတိယနဲ႔တတိယေနရာမွာပါ”လို႔
ဟာလန္းက ေျဖၾကားခဲ့တာပါ။
လီဝန္ေဒါစကီးဟာ ၂၀၂၀ တုန္းကလည္း Ballon d’Or ဆုကို
ရရွိႏိုင္သူတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္
အဲဒီႏွစ္မွာ ဆုေပးပြဲမက်င္းပျဖစ္ခဲ့ပါဘူး။
မႏွစ္ကေတာ့ သူ႔ကို မက္ဆီက ေက်ာ္ျဖတ္ရရွိခဲ့ၿပီး
အခုခ်ိန္ထိ အဲဒါဟာ အျငင္းပြားဖြယ္ျဖစ္ခဲ့တာပါ။