လက်ရွေးစင်အသင်းနဲ့ယှဉ်ပြီး ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေမှုကို အရိပ်အမြွက်ဖွင့်ဟလိုက်တဲ့ လုခ်ရှော

ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုခ်ရှောဟာ ဆွစ်ဇာလန်ကို

၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက်
ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှာဆိုရင်
သူ့ကို အသင်းက အမြဲတမ်းအလိုရှိတယ်လို့ ခံစားရကြောင်း
ဖွင့်ဟလိုက်ခြင်းအားဖြင့် ကလပ်အသင်းမှာ မပျော်မရွှင်ဖြစ်နေမှုကို ဖွင့်ဟလိုက်ပါတယ်။
လုခ်ရှောဟာ အင်္ဂလန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပေမယ့်

ယာယီနည်းပြ ရန်းနစ်လက်ထက် ယူနိုက်တက်အသင်းမှာတော့
ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး နည်းပြရန်းနစ်က သူ့ထက်စာရင်
တယ်လက်စ်ကို ဦးစားပေးဘယ်နောက်ခံလူအဖြစ် ပိုမိုသုံးစွဲနေပါတယ်။
အခုလို လုခ်ရှောရဲ့မှတ်ချက်ကြောင့် ပြဿနာတွေနဲ့
ရင်ဆိုင်နေရတဲ့ယူနိုက်တက်အသင်းမှာ အသင်းတွင်း

စည်းလုံးမှုပါ ပြိုကွဲနေပြီဆိုတဲ့သတင်းတွေကို ပိုမိုမီးမောင်းထိုးပေးလိုက်သလိုပါပဲ။
အသက် ၂၆ နှစ်အရွယ်ရှိ လုခ်ရှောဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ
ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းချက်နဲ့
ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီးပြုလုပ်တဲ့
စကိုင်းစပို့တ်နဲ့ အင်တာဗျူးမှာ ကစားသမားဖြစ်သူက

အထက်ပါအတိုင်း ဖွင့်ဟလိုက်တာဖြစ်ပါတယ်။
”နည်းပြကြီးဆောက်ဂိတ် ဖန်တီးထားတဲ့ ဝန်းကျင်က
အမြဲတမ်းပျော်ရွှင်စရာကောင်းပါတယ်။
လက်ရွေးစင်အသင်းနဲ့ လာပူးပေါင်းတိုင်း
ဒီလိုခံစားရပြီး ကျွန်တော်ကိုယ်တိုင်လည်း ပြုံးပျော်ရပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ့်နိုင်ငံအတွက် ကစားရတာကို
ပျော်ရွှင်နေပြီး လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။
လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့အဓိကအာရုံစိုက်မှုကတော့ အင်္ဂလန်အသင်းအတွက်ပါပဲ။
ယူနိုက်တက်မှာ ဒီလိုဖြစ်မနေဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။
ဒါပေမဲ့ အင်္ဂလန်အသင်းမှာဆိုရင် ကျွန်တော်ဟာ

ကိုယ့်ကို အသင်းဘက်က အမြဲတမ်းအလိုရှိတယ်လို့
ခံစားရပြီး ကစားရတာလည်း ပျော်ရွှင်စရာကောင်းပါတယ်။
ဘောလုံးလောကမှာ ပွဲကစားရတာ ပျော်ရွှင်ဖို့ကလည်း
ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။
ကလပ်အသင်းအဆင့်မှာ ကိုယ်က ရှုံးနိမ့်နေပြီး

ကစားပုံမကောင်းဘူးဆိုရင် ပျော်ရွှင်ဖို့ဆိုတာကလည်း
ခက်ခဲမှာ သေချာပါတယ်။ ကျွန်တော်တို့လည်း ဒါကို လက်သင့်ခံရပါမယ်။
အထူးသဖြင့် ဒီရာသီမှာ ယူနိုက်တက်က
အခက်အခဲတွေနဲ့ ရုန်းကန်နေရပြီး ကျွန်တော်တို့လည်း
ပျော်ရွှင်ဖို့ ခက်ပါတယ်။ ကလပ်အသင်းအဆင့်မှာ

တိုးတက်ဖို့ အများကြီးလိုအပ်နေတာမှန်ပေမယ့်
အခုချိန်မှာတော့ အင်္ဂလန်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့
လုခ်ရှောက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ လုခ်ရှောရဲ့ချေပဂိုးအပြင်
ပွဲချိန် ၇၈မိနစ်မှာ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းရဲ့ပင်နယ်တီဂိုးကြောင့်

ဆွစ်ဇာလန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး
ယခုနိုင်ငံတကာရက်သတ္တပတ်အတွင်း နောက်ဆုံးပွဲအဖြစ်
အင်္ဂါနေ့မှာ အိုင်ဗရီကို့စ်နဲ့ ဆက်လက်ခြေစမ်းမှာဖြစ်ပါတယ်။

Zawgyi

လက္ေရြးစင္အသင္းနဲ႔ယွဥ္ၿပီး ယူႏုိက္တက္မွာ မေပ်ာ္မရႊင္ျဖစ္ေနမႈကို အရိပ္အျမြက္ဖြင့္ဟလုိက္တဲ့ လုခ္ေရွာ
ယူႏုိက္တက္အသင္းဘယ္ေနာက္ခံလူ လုခ္ေရွာဟာ ဆြစ္ဇာလန္ကို
၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ အဂၤလန္အသင္းအတြက္
ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ လက္ေရြးစင္အသင္းမွာဆိုရင္

သူ႕ကို အသင္းက အၿမဲတမ္းအလုိရွိတယ္လုိ႔ ခံစားရေၾကာင္း
ဖြင့္ဟလုိက္ျခင္းအားျဖင့္ ကလပ္အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနမႈကို ဖြင့္ဟလုိက္ပါတယ္။
လုခ္ေရွာဟာ အဂၤလန္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရေနေပမယ့္
ယာယီနည္းျပ ရန္းနစ္လက္ထက္ ယူႏုိက္တက္အသင္းမွာေတာ့
ပြဲထြက္ခြင့္ရဖုိ႔ ရုန္းကန္ေနရၿပီး နည္းျပရန္းနစ္က သူ႕ထက္စာရင္

တယ္လက္စ္ကို ဦးစားေပးဘယ္ေနာက္ခံလူအျဖစ္ ပုိမုိသုံးစြဲေနပါတယ္။
အခုလုိ လုခ္ေရွာရဲ႕မွတ္ခ်က္ေၾကာင့္ ျပႆနာေတြနဲ႔
ရင္ဆုိင္ေနရတဲ့ယူႏုိက္တက္အသင္းမွာ အသင္းတြင္း
စည္းလုံးမႈပါ ျပိဳကြဲေနၿပီဆုိတ့ဲသတင္းေတြကို ပိုမိုမီးေမာင္းထုိးေပးလုိက္သလုိပါပဲ။
အသက္ ၂၆ ႏွစ္အရြယ္ရွိ လုခ္ေရွာဟာ ဆြစ္ဇာလန္နဲ႔ပြဲမွာ

ပင္နယ္တီဧရိယာထိပ္ကေန အျပင္းကန္သြင္းခ်က္နဲ႔
ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးျပဳလုပ္တဲ့
စကိုင္းစပို႔တ္နဲ႔ အင္တာဗ်ဴးမွာ ကစားသမားျဖစ္သူက
အထက္ပါအတုိင္း ဖြင့္ဟလုိက္တာျဖစ္ပါတယ္။
”နည္းျပႀကီးေဆာက္ဂိတ္ ဖန္တီးထားတဲ့ ၀န္းက်င္က

အၿမဲတမ္းေပ်ာ္ရႊင္စရာေကာင္းပါတယ္။
လက္ေရြးစင္အသင္းနဲ႔ လာပူးေပါင္းတုိင္း
ဒီလုိခံစားရၿပီး ကၽြန္ေတာ္ကိုယ္တုိင္လည္း ၿပံဳးေပ်ာ္ရပါတယ္။
ကၽြန္ေတာ္တုိ႔အားလုံးဟာ ကိုယ့္ႏိုင္ငံအတြက္ ကစားရတာကို
ေပ်ာ္ရႊင္ေနၿပီး လက္ေရြးစင္အသင္းအတြက္ပဲ အာရုံစိုက္ထားပါတယ္။

လက္ရွိအခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕အဓိကအာရုံစုိက္မႈကေတာ့ အဂၤလန္အသင္းအတြက္ပါပဲ။
ယူႏုိက္တက္မွာ ဒီလုိျဖစ္မေနဘူးလုိ႔ ေျပာခ်င္တာမဟုတ္ပါဘူး။
ဒါေပမဲ့ အဂၤလန္အသင္းမွာဆုိရင္ ကၽြန္ေတာ္ဟာ
ကုိယ့္ကို အသင္းဘက္က အၿမဲတမ္းအလုိရွိတယ္လုိ႔
ခံစားရၿပီး ကစားရတာလည္း ေပ်ာ္ရႊင္စရာေကာင္းပါတယ္။

ေဘာလုံးေလာကမွာ ပြဲကစားရတာ ေပ်ာ္ရႊင္ဖို႔ကလည္း
ႀကီးမားတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ပါတယ္။
ကလပ္အသင္းအဆင့္မွာ ကိုယ္က ရံႈးနိမ့္ေနၿပီး
ကစားပုံမေကာင္းဘူးဆုိရင္ ေပ်ာ္ရႊင္ဖို႔ဆုိတာကလည္း
ခက္ခဲမွာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တုိ႔လည္း ဒါကို လက္သင့္ခံရပါမယ္။

အထူးသျဖင့္ ဒီရာသီမွာ ယူႏုိက္တက္က
အခက္အခဲေတြနဲ႔ ရုန္းကန္ေနရၿပီး ကၽြန္ေတာ္တုိ႔လည္း
ေပ်ာ္ရႊင္ဖို႔ ခက္ပါတယ္။ ကလပ္အသင္းအဆင့္မွာ
တုိးတက္ဖုိ႔ အမ်ားႀကီးလိုအပ္ေနတာမွန္ေပမယ့္
အခုခ်ိန္မွာေတာ့ အဂၤလန္အသင္းအတြက္ပဲ အာရုံစိုက္ထားပါတယ္”လုိ႔

လုခ္ေရွာက ေျပာပါတယ္။
အဂၤလန္အသင္းဟာ လုခ္ေရွာရဲ႕ေခ်ပဂိုးအျပင္
ပြဲခ်ိန္ ၇၈မိနစ္မွာ သြင္းယူခဲ့တဲ့ ဟယ္ရီကိန္းရဲ႕ပင္နယ္တီဂိုးေၾကာင့္
ဆြစ္ဇာလန္ကို ၂-၁ ဂုိးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး
ယခုႏိုင္ငံတကာရက္သတၱပတ္အတြင္း ေနာက္ဆုံးပြဲအျဖစ္

အဂၤါေန႔မွာ အုိင္ဗရီကို႔စ္နဲ႔ ဆက္လက္ေျခစမ္းမွာျဖစ္ပါတယ္။