
မဟာပြိုင်ဘက် အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေည





ပွဲစဉ်မှာ မန်ယူဟာ လက်မခံနိုင်စရာ အမှားတွေ လုပ်ခဲ့တယ်လို့
နည်းပြ အဲရစ်တန် ဟတ်က ပွဲအပြီးမှာ ဝေဖန်သွားခဲ့ပါတယ်။





အီးမရိတ်စ်မှာ ကစားခဲ့တဲ့ အဲဒီပွဲ စဉ်မှာ ယူနိုက်တက်ဟာ
အိမ်ရှင်ဘက်ကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တဲ့အသင်း ဖြစ်ပေမဲ့လည်း
ပွဲအပြီးမှာတော့ အရှုံးရလဒ်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။





ဂန်းနား တွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဟာ အကောင်းဆုံး
ခြေစွမ်းနဲ့ တည်တည် ငြိမ်ငြိမ် တုံ့ပြန်သွားခဲ့တာဖြစ်ပေမဲ့လည်း





နည်းပြ တန်ဟတ်ကတော့ ဒီ လောက်နဲ့ မကျေနပ်နိုင်ခဲ့ပါဘူး။
‘’ပေးလိုက်ရတဲ့ ၃ ဂိုးစလုံးနဲ့အတူ ကျွန်တော် တို့ အမှားတွေ
လုပ်ခဲ့တာပါ။ တချို့ နေရာမျိုးတွေမှာဆိုရင် ကျွန်တော်တို့က





ပိုတောင်ကောင်းတဲ့ အသင်းပါ။ ဒါမျိုး ဖြစ်လို့မရဘူးလေ။
ကျွန်တော်တို့ဟာ ထိပ်တန်းအဆင့်ကို ရောက်ဖို့အတွက်





လိုနေသေးတယ်ဆိုတာကို ဒီနေ့မှာ တွေ့ခဲ့ရတယ်။
ပထမ ပေးလိုက်ရတဲ့ ၂ ဂိုးက ထောင့်ကန်ဘောတွေကနေဖြစ်ပြီး
ကျွန်တော်တို့ဟာ ထောင့်ကန်ဘောတွေနဲ့ ပတ်သက်ရင်





အမှားတွေများ နေတယ်။ ဒါမျိုး ဖြစ်လို့မရဘူး။
ဒါဟာ သင်ခင်းစာ ယူစရာပဲ။ ဒီအတွက် ကစားသမားတွေနဲ့





ကျွန်တော် ထိပ်တိုက်တွေ့ပါမယ်။ ဘာကြောင့်လဲဆိုတော့
ဒါမျိုး က မဖြစ်ရဘူးလေ။ အသင်းကောင်းဆိုတာက
အမှားတွေ အများကြီး လုပ်လို့ မရဘူး။ ကျွန်တော်တို့ ကောင်းတဲ့





အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန်မျိုးမှာ
ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကာကွယ်ရမယ်။





ပွဲကို ကောင်းကောင်းစပြီး ကစားနိုင်ခဲ့တယ်။ ဂိုးလည်း သွင်းတယ်။
ဦးဆောင်နေ တယ်။ ဒါပေမဲ့ အဲဒီနောက် လက်ခံလို့ကို မရနိုင်တဲ့
အမှားတွေ အများကြီး လုပ်ခဲ့တယ်။ ဒီပွဲကနေ သင်ခန်းစာယူပြီး





ရှေ့ကို ဆက်သွားရမယ်’’ လို့ အေ ဂျက်ဇ်နည်းပြဟောင်းက
ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ နောက်ပြီး အာဆင်နယ်လိုအသင်းကို





ရှုံးနိမ့်ရတာဟာ လက်ခံလို့ရလောက်တဲ့ အနေအထားဖြစ်ပေမဲ့လည်း
အသင်းစွမ်းဆောင်ရည်အတွက်တော့ မကျေနပ်နိုင်ဘူးလို့
အသက် ၅၂ နှစ်အရွယ် တန်ဟတ်က ဆိုပါတယ်။





‘’ဒီနေ့ပွဲကို ကျွန်တော်တို့ လက်ခံရမယ်။ ဒီစွမ်းဆောင်ရည်
အပေါ်မှာတော့ ကျွန်တော်တို့ မကျေနပ်နိုင်ပါဘူး။





ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပိုကောင်းနိုင်တယ်။
အစကောင်း ပြီးနောက်ပိုင်း အဲဒီ အခြေအနေကနေပြီး
အမြတ်ထုတ်ရမှာ။ ကျွန်တော်တို့ အခုပေးလိုက်ရတဲ့





ဂိုးတွေလိုမျိုး ဖြစ်လို့ကို မရတာ’’ လို့ တန်ဟတ်က ပြောဆိုသွားခဲ့ပါတယ်။
zawgyi





လက္မခံႏုိင္စရာ အမွားေတြ လုပ္ခဲ့တဲ့ သရဲနီေတြကုိ တန္ဟက္ေပါက္ကြဲၿပီ။
မဟာၿပိဳင္ဘက္ အာဆင္နယ္ကို ၃-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြည
ပြဲစဥ္မွာ မန္ယူဟာ လက္မခံႏိုင္စရာ အမွားေတြ လုပ္ခဲ့တယ္လို႔





နည္းျပ အဲရစ္တန္ ဟတ္က ပြဲအၿပီးမွာ ေဝဖန္သြားခဲ့ပါတယ္။
အီးမရိတ္စ္မွာ ကစားခဲ့တဲ့ အဲဒီပြဲ စဥ္မွာ ယူႏိုက္တက္ဟာ





အိမ္ရွင္ဘက္ကို ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့တဲ့အသင္း ျဖစ္ေပမဲ့လည္း
ပြဲအၿပီးမွာေတာ့ အရႈံးရလဒ္နဲ႔ အိမ္ျပန္လာခဲ့ရပါတယ္။
ဂန္းနား ေတြနဲ႔ ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္မွာ မန္ယူဟာ အေကာင္းဆုံး





ေျခစြမ္းနဲ႔ တည္တည္ ၿငိမ္ၿငိမ္ တုံ႔ျပန္သြားခဲ့တာျဖစ္ေပမဲ့လည္း
နည္းျပ တန္ဟတ္ကေတာ့ ဒီ ေလာက္နဲ႔ မေက်နပ္ႏိုင္ခဲ့ပါဘူး။





‘’ေပးလိုက္ရတဲ့ ၃ ဂိုးစလုံးနဲ႔အတူ ကြၽန္ေတာ္ တို႔ အမွားေတြ
လုပ္ခဲ့တာပါ။ တခ်ိဳ႕ ေနရာမ်ိဳးေတြမွာဆိုရင္ ကြၽန္ေတာ္တို႔က
ပိုေတာင္ေကာင္းတဲ့ အသင္းပါ။ ဒါမ်ိဳး ျဖစ္လို႔မရဘူးေလ။





ကြၽန္ေတာ္တို႔ဟာ ထိပ္တန္းအဆင့္ကို ေရာက္ဖို႔အတြက္
လိုေနေသးတယ္ဆိုတာကို ဒီေန႔မွာ ေတြ႕ခဲ့ရတယ္။





ပထမ ေပးလိုက္ရတဲ့ ၂ ဂိုးက ေထာင့္ကန္ေဘာေတြကေနျဖစ္ၿပီး
ကြၽန္ေတာ္တို႔ဟာ ေထာင့္ကန္ေဘာေတြနဲ႔ ပတ္သက္ရင္
အမွားေတြမ်ား ေနတယ္။ ဒါမ်ိဳး ျဖစ္လို႔မရဘူး။





ဒါဟာ သင္ခင္းစာ ယူစရာပဲ။ ဒီအတြက္ ကစားသမားေတြနဲ႔
ကြၽန္ေတာ္ ထိပ္တိုက္ေတြ႕ပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့





ဒါမ်ိဳး က မျဖစ္ရဘူးေလ။ အသင္းေကာင္းဆိုတာက
အမွားေတြ အမ်ားႀကီး လုပ္လို႔ မရဘူး။ ကြၽန္ေတာ္တို႔ ေကာင္းတဲ့
အခ်ိန္ေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီလို အခ်ိန္မ်ိဳးမွာ





ကြၽန္ေတာ္တို႔ ဒီထက္ပိုေကာင္းေအာင္ ကာကြယ္ရမယ္။
ပြဲကို ေကာင္းေကာင္းစၿပီး ကစားႏိုင္ခဲ့တယ္။ ဂိုးလည္း သြင္းတယ္။





ဦးေဆာင္ေန တယ္။ ဒါေပမဲ့ အဲဒီေနာက္ လက္ခံလို႔ကို မရႏိုင္တဲ့
အမွားေတြ အမ်ားႀကီး လုပ္ခဲ့တယ္။ ဒီပြဲကေန သင္ခန္းစာယူၿပီး
ေရွ႕ကို ဆက္သြားရမယ္’’ လို႔ ေအ ဂ်က္ဇ္နည္းျပေဟာင္းက





ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ ေနာက္ၿပီး အာဆင္နယ္လိုအသင္းကို
ရႈံးနိမ့္ရတာဟာ လက္ခံလို႔ရေလာက္တဲ့ အေနအထားျဖစ္ေပမဲ့လည္း





အသင္းစြမ္းေဆာင္ရည္အတြက္ေတာ့ မေက်နပ္ႏိုင္ဘူးလို႔
အသက္ ၅၂ ႏွစ္အ႐ြယ္ တန္ဟတ္က ဆိုပါတယ္။
‘’ဒီေန႔ပြဲကို ကြၽန္ေတာ္တို႔ လက္ခံရမယ္။ ဒီစြမ္းေဆာင္ရည္





အေပၚမွာေတာ့ ကြၽန္ေတာ္တို႔ မေက်နပ္ႏိုင္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပိုေကာင္းႏိုင္တယ္။





အစေကာင္း ၿပီးေနာက္ပိုင္း အဲဒီ အေျခအေနကေနၿပီး
အျမတ္ထုတ္ရမွာ။ ကြၽန္ေတာ္တို႔ အခုေပးလိုက္ရတဲ့
ဂိုးေတြလိုမ်ိဳး ျဖစ္လို႔ကို မရတာ’’ လို႔ တန္ဟတ္က ေျပာဆိုသြားခဲ့ပါတယ္။




