လက်ဖျားခါလောက်တဲ့ ခြေယောင်ပြမှုတွေနဲ့ ပါးလ်မီးရပ်စ်တိုက်စစ်မှူး ဝက်စလေရဲ့အလန်းစားသွင်းဂိုး

ပါးလ်မီးရပ်စ်တိုက်စစ်မှူး ဝက်စလေဟာ ဘိုတာဖိုဂိုနဲ့ပွဲမှာ

သွင်းယူခဲ့တဲ့ သူ့ရဲ့လက်ဖျားခါလောက်တဲ့သွင်းဂိုးကြောင့်
အွန်လိုင်းမှာ နာမည်ကြီးနေပြီး အဲဒီဂိုးမှာ ခြေအနုတ်အသိမ်း
မြန်မြန်နဲ့ ခြေယောင်ပြခဲ့တာ ၉ကြိမ်အထိတောင်ရှိခဲ့ပါတယ်။
လက်ရှိကာလက ထိပ်တန်းကလပ်အသင်းတွေရဲ့
ဘောလုံးရာသီအပြီး သိပ်အရေးမပါတဲ့ နေးရှင်းလိဂ်ပွဲတွေနဲ့အတူ

ဘောလုံးပြက္ခဒိန်ကို ခပ်ပျင်းပျင်းဖြတ်သန်းနေရပေမယ့်
ဘရာဇီးမှာတော့ အခုမှ လိဂ်ပြိုင်ပွဲစတင်တာ ၁၀ပွဲပဲ
ရှိသေးပြီး လှပတဲ့သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို
ဆွဲဆောင်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဝက်စလေကလည်း

ကြာသပတေးနေ့ညက ဘိုတာဖိုဂိုအသင်းကို
အနိုင်ရခဲ့တဲ့ပွဲမှာ တကယ့်ကိုရူးလောက်တဲ့
သွင်းဂိုးနဲ့အတူ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
သူဟာ ဘယ်တောင်ပံကနေ မြန်နှုန်းနဲ့
စကေးတို့ကို တစ်သားတည်းပေါင်းစပ်ပြီး

နောက်ခံလူကို ၉ကြိမ်အထိ ခြေယောင်ပြကာ အရူးလုပ်ခဲ့ပါတယ်။
အဲဒီနောက် ညာခြေနဲ့ အသာလေးတို့ပြီး
လှမ်းကန်မလို လုပ်လိုက်ရာမှာ ပြိုင်ဘက်နောက်ခံလူတွေလည်း
လန့်သွားကာ လက်တွေဘာတွေ နောက်ပစ်လို့ Block နိုင်ဖို့ ကြိုးစားကြပါတယ်။
ဒါပေမဲ့ ဝက်စလေကတော့ မကန်သေးဘဲ

အတွင်းဘက်ကို ပြန်ဆွဲ၊ ချက်ချင်းဆိုသလို
ညာခြေနဲ့ပဲ အသာလေးဆွဲထုတ်ကာ
ဂိုးသမားရဲ့အဝေးတိုင်ထောင့်ထဲ လှလှပပကန်သွင်းလိုက်ပါတယ်။
”ဒီလိုထိုးဖောက်မှုမျိုးကို ဘယ်ခံစစ်ကမှ
တားနိုင်မှာမဟုတ်ပါဘူး”

”ခြေယောင်ပြတဲ့ခေတ် ကုန်ဆုံးသွားပြီလို့
ပြောတဲ့လူတွေ ဒီဂိုးကို ပြန်ကြည့်လိုက်ပါဦးနော်”
”ကျွန်တော် ဘုရားသခင်ကို တွေ့လိုက်ရတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
အဲဒီနိုင်ပွဲကြောင့် ကိုပါလီဘာတေးဒိုးစ်လက်ရှိချန်ပီယံ

ပါးလ်မီးရပ်စ်ဟာ ဘရာဇီးစီးရီးအေအမှတ်ပေးဇယားမှာ
ဒုတိယနေရာ ရောက်လာပြီး ထိပ်ဆုံးက
ကိုရင်သီယန်အသင်းနဲ့ ၂ မှတ်ကွာဟနေပေမယ့်
တစ်ပွဲလျော့ကစားထားတာဖြစ်ပါတယ်။
ဘိုတာဖိုဂိုကတော့ ရုန်းကန်နေရပြီး

တန်းဆင်းဇုန်ထဲက ကျူအီဘားအသင်းနဲ့
ရမှတ်တူ၊ ဂိုးကွာခြားချက်အသာကြောင့်
အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။

Zawgyi

လက္ဖ်ားခါေလာက္တဲ့ ေျခေယာင္ျပမႈေတြနဲ႔ ပါးလ္မီးရပ္စ္တိုက္စစ္မွဴး ၀က္စေလရဲ႕အလန္းစားသြင္းဂိုး
ပါးလ္မီးရပ္စ္တုိက္စစ္မွဴး ၀က္စေလဟာ ဘိုတာဖိုဂိုနဲ႔ပြဲမွာ
သြင္းယူခဲ့တဲ့ သူ႕ရဲ႕လက္ဖ်ားခါေလာက္တ့ဲသြင္းဂိုးေၾကာင့္
အြန္လိုင္းမွာ နာမည္ႀကီးေနၿပီး အဲဒီဂိုးမွာ ေျခအႏုတ္အသိမ္း

ျမန္ျမန္နဲ႔ ေျခေယာင္ျပခဲ့တာ ၉ႀကိမ္အထိေတာင္ရွိခဲ့ပါတယ္။
လက္ရွိကာလက ထိပ္တန္းကလပ္အသင္းေတြရဲ႕
ေဘာလုံးရာသီအၿပီး သိပ္အေရးမပါတဲ့ ေနးရွင္းလိဂ္ပြဲေတြနဲ႔အတူ
ေဘာလုံးျပကၡဒိန္ကို ခပ္ပ်င္းပ်င္းျဖတ္သန္းေနရေပမယ့္
ဘရာဇီးမွာေတာ့ အခုမွ လိဂ္ၿပိဳင္ပြဲစတင္တာ ၁၀ပြဲပဲ

ရွိေသးၿပီး လွပတဲ့သြင္းဂိုးေတြနဲ႔အတူ ပရိသတ္ေတြကို
ဆြဲေဆာင္ေနပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ရွိ ၀က္စေလကလည္း
ၾကာသပေတးေန႔ညက ဘုိတာဖိုဂိုအသင္းကို
အႏိုင္ရခဲ့တဲ့ပြဲမွာ တကယ့္ကိုရူးေလာက္တဲ့

သြင္းဂိုးနဲ႔အတူ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။
သူဟာ ဘယ္ေတာင္ပံကေန ျမန္ႏႈန္းနဲ႔
စေကးတို႔ကို တစ္သားတည္းေပါင္းစပ္ၿပီး
ေနာက္ခံလူကို ၉ႀကိမ္အထိ ေျခေယာင္ျပကာ အရူးလုပ္ခဲ့ပါတယ္။
အဲဒီေနာက္ ညာေျခနဲ႔ အသာေလးတုိ႔ၿပီး

လွမ္းကန္မလို လုပ္လုိက္ရာမွာ ၿပိဳင္ဘက္ေနာက္ခံလူေတြလည္း
လန္႔သြားကာ လက္ေတြဘာေတြ ေနာက္ပစ္လုိ႔ Block ႏိုင္ဖို႔ ႀကိဳးစားၾကပါတယ္။
ဒါေပမဲ့ ၀က္စေလကေတာ့ မကန္ေသးဘဲ
အတြင္းဘက္ကို ျပန္ဆြဲ၊ ခ်က္ခ်င္းဆုိသလုိ
ညာေျခနဲ႔ပဲ အသာေလးဆြဲထုတ္ကာ

ဂိုးသမားရဲ႕အေ၀းတိုင္ေထာင့္ထဲ လွလွပပကန္သြင္းလုိက္ပါတယ္။
”ဒီလိုထုိးေဖာက္မႈမ်ိဳးကို ဘယ္ခံစစ္ကမွ
တားႏိုင္မွာမဟုတ္ပါဘူး”
”ေျခေယာင္ျပတဲ့ေခတ္ ကုန္ဆုံးသြားၿပီလုိ႔
ေျပာတဲ့လူေတြ ဒီဂိုးကို ျပန္ၾကည့္လုိက္ပါဦးေနာ္”

”ကၽြန္ေတာ္ ဘုရားသခင္ကို ေတြ႕လုိက္ရတယ္”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
အဲဒီႏိုင္ပြဲေၾကာင့္ ကိုပါလီဘာေတးဒိုးစ္လက္ရွိခ်န္ပီယံ
ပါးလ္မီးရပ္စ္ဟာ ဘရာဇီးစီးရီးေအအမွတ္ေပးဇယားမွာ
ဒုတိယေနရာ ေရာက္လာၿပီး ထိပ္ဆုံးက

ကိုရင္သီယန္အသင္းနဲ႔ ၂ မွတ္ကြာဟေနေပမယ့္
တစ္ပြဲေလ်ာ့ကစားထားတာျဖစ္ပါတယ္။
ဘိုတာဖိုဂိုကေတာ့ ရုန္းကန္ေနရၿပီး
တန္းဆင္းဇုန္ထဲက က်ဴအီဘားအသင္းနဲ႔
ရမွတ္တူ၊ ဂိုးကြာျခားခ်က္အသာေၾကာင့္

အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနရပါတယ္။