လက်နက်ရောင်းဝယ်ဖောက်ကားမှု၊ လက်ဝယ်တွေ့ရှိမှုတွေကြောင့် ဆက်ဆူအိုလိုတိုက်စစ်မှူး ထောင်ဒဏ်ချမှတ်ခံရ

ဆက်ဆူအိုလိုအသင်းတိုက်စစ်မှူး နီကိုလပ်စ်ရှီယက်ပါကာဆီဟာ

လက်နက်ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်ဝယ်တွေ့ရှိမှုတွေအတွက်
တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီးနောက်
ထောင်ဒဏ် ၁၄ လ ချမှတ်ခံလိုက်ရတယ်လို့ သတင်းတွေက ရေးသားပါတယ်။
ဥရုဂွေးလူငယ်လက်ရွေးစင်ဟောင်း ရှီယက်ပါကာဆီဟာ
သူ့ရဲ့ကားအတွင်း 9mm ပစ္စတိုတစ်လက်နဲ့အတူ

ဇန်နဝါရီလက မွေးရပ်မြေမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့
The Sun သတင်းစာက ရေးသားဖော်ပြပါတယ်။
အဲဒီအချိန်တုန်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ
ဥရုဂွေးကလပ် ပီနဲရိုးအသင်း နေစီယွန်နယ်နဲ့ကစားခဲ့တဲ့
ဒါဘီပွဲမတိုင်ခင် ပီနဲရိုးပရိသတ်တစ်ဦးကို ပေးဖို့အတွက်

လက်နက်ယူဆောင်လာတာဖြစ်တယ်လို့
အမှုစစ်တွေကို ဝန်ခံခဲ့ကြောင်း သိရပါတယ်။
အဲဒီလို ဖမ်းဆီးခံရချိန်မှာ ရှီယက်ပါကာဆီဟာ
ဆက်ဆူအိုလိုကနေ ပီနဲရိုးအသင်းထံ အငှားနဲ့
လာရောက်ကစားနေခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က

လျှပ်တစ်ပြက် စစ်ဆေးခဲ့ရာမှာ သူ့ရဲ့လောင်းကုတ်ထဲကနေ
ပစ္စတိုသေနတ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ရှီယက်ပါကာဆီဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက်
ပြည်နယ်အမှုစစ်တွေနဲ့ သဘောတူညီမှုရယူကာ
ထောင်ဒဏ် ၆ လကို သူ့မိဘတွေနေအိမ်မှာ

ကျခံဖို့ ခွင့်ပြုချက်ရခဲ့ပြီး ၆လပြည့်ချိန်မှာ
တစ်ပတ်မှာ ၄ နာရီကြာ လူမှုအကျိုးပြုလုပ်ငန်းတွေ
လုပ်ဆောင်ရမှာဖြစ်သလို ဒေသတွင်းရဲစခန်းမှာလည်း
ပုံမှန် လက်မှတ်လာထိုးရမှာဖြစ်ကြောင်း သိရပါတယ်။
ကြာသပတေးနေ့က ချမှတ်ခဲ့တဲ့ပြစ်ဒဏ်မတိုင်ခင်

သူဟာ ထောင်ထဲမှာ ၂လနဲ့ ၁၂ ရက်ကြာ နေခဲ့ရပြီးဖြစ်ကာ
တရားသူကြီးက အဲဒီရက်တွေကိုပါ ထည့်သွင်းဖို့ ညွန်ကြားခဲ့ပါတယ်။
၂၀၂၀ အောက်တိုဘာလက ဆက်ဆူအိုလိုကို
ရောက်လာခဲ့တဲ့ ရှီယက်ပါကာဆီဟာ အသင်းနဲ့
စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ကျန်နေသေးပြီး

ထောင်ကနေ လွတ်လာရင် ဥရုဂွေးတတိယတန်းကလပ်
အယ်လ်တန်ကေးဆစ်လေးအသင်းမှာ ပါဝင်ကစားခွင့်ရထားပါတယ်။

Zawgyi

လက္နက္ေရာင္း၀ယ္ေဖာက္ကားမႈ၊ လက္၀ယ္ေတြ႕ရွိမႈေတြေၾကာင့္ ဆက္ဆူအိုလိုတုိက္စစ္မွဴး ေထာင္ဒဏ္ခ်မွတ္ခံရ
ဆက္ဆူအိုလိုအသင္းတုိက္စစ္မွဴး နီကိုလပ္စ္ရွီယက္ပါကာဆီဟာ
လက္နက္ေရာင္း၀ယ္ေဖာက္ကားမႈနဲ႔ လက္၀ယ္ေတြ႕ရွိမႈေတြအတြက္
တရားရုံးမွာ အျပစ္ရိွေၾကာင္း ၀န္ခံထြက္ဆုိခဲ့ၿပီးေနာက္
ေထာင္ဒဏ္ ၁၄ လ ခ်မွတ္ခံလုိက္ရတယ္လုိ႔ သတင္းေတြက ေရးသားပါတယ္။

ဥရုေဂြးလူငယ္လက္ေရြးစင္ေဟာင္း ရွီယက္ပါကာဆီဟာ
သူ႕ရဲ႕ကားအတြင္း 9mm ပစၥတုိတစ္လက္နဲ႔အတူ
ဇန္န၀ါရီလက ေမြးရပ္ေျမမွာ ဖမ္းဆီးခံလုိက္ရတာျဖစ္တယ္လုိ႔
The Sun သတင္းစာက ေရးသားေဖာ္ျပပါတယ္။
အဲဒီအခ်ိန္တုန္းက ထြက္ေပၚခဲ့တဲ့သတင္းေတြအရ

ဥရုေဂြးကလပ္ ပီနဲရိုးအသင္း ေနစီယြန္နယ္နဲ႔ကစားခဲ့တဲ့
ဒါဘီပြဲမတုိင္ခင္ ပီနဲရုိးပရိသတ္တစ္ဦးကို ေပးဖို႔အတြက္
လက္နက္ယူေဆာင္လာတာျဖစ္တယ္လုိ႔
အမႈစစ္ေတြကို ၀န္ခံခဲ့ေၾကာင္း သိရပါတယ္။
အဲဒီလို ဖမ္းဆီးခံရခ်ိန္မွာ ရွီယက္ပါကာဆီဟာ

ဆက္ဆူအိုလိုကေန ပီနဲရိုးအသင္းထံ အငွားနဲ႔
လာေရာက္ကစားေနခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕က
လွ်ပ္တစ္ျပက္ စစ္ေဆးခဲ့ရာမွာ သူ႕ရဲ႕ေလာင္းကုတ္ထဲကေန
ပစၥတိုေသနတ္ကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ရွီယက္ပါကာဆီဟာ အျပစ္ရွိေၾကာင္း ၀န္ခံခဲ့ၿပီးေနာက္

ျပည္နယ္အမႈစစ္ေတြနဲ႔ သေဘာတူညီမႈရယူကာ
ေထာင္ဒဏ္ ၆ လကို သူ႕မိဘေတြေနအိမ္မွာ
က်ခံဖို႔ ခြင့္ျပဳခ်က္ရခဲ့ၿပီး ၆လျပည့္ခ်ိန္မွာ
တစ္ပတ္မွာ ၄ နာရီၾကာ လူမႈအက်ိဳးျပဳလုပ္ငန္းေတြ
လုပ္ေဆာင္ရမွာျဖစ္သလုိ ေဒသတြင္းရဲစခန္းမွာလည္း

ပုံမွန္ လက္မွတ္လာထုိးရမွာျဖစ္ေၾကာင္း သိရပါတယ္။
ၾကာသပေတးေန႔က ခ်မွတ္ခဲ့တဲ့ျပစ္ဒဏ္မတုိင္ခင္
သူဟာ ေထာင္ထဲမွာ ၂လနဲ႔ ၁၂ ရက္ၾကာ ေနခဲ့ရၿပီးျဖစ္ကာ
တရားသူႀကီးက အဲဒီရက္ေတြကိုပါ ထည့္သြင္းဖို႔ ညြန္ၾကားခဲ့ပါတယ္။
၂၀၂၀ ေအာက္တုိဘာလက ဆက္ဆူအိုလုိကို

ေရာက္လာခဲ့တဲ့ ရွီယက္ပါကာဆီဟာ အသင္းနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္က်န္ေနေသးၿပီး
ေထာင္ကေန လြတ္လာရင္ ဥရုေဂြးတတိယတန္းကလပ္
အယ္လ္တန္ေကးဆစ္ေလးအသင္းမွာ ပါ၀င္ကစားခြင့္ရထားပါတယ္။