လက်ထပ်ခွင့်တောင်းခဲ့တဲ့နေရာကိုရှာရင်း တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မန်စီးတီး ဆရာဝန်ဟောင်း

မန်စီးတီးအသင်းရဲ့ ဆေးအဖွဲ့မှာတာဝန်ယူခဲ့ဖူးတဲ့ ဆရာဝန်တစ်ဦးကတော့

သူ့ရဲ့ ဇနီးသည်ကို လွန်ခဲ့တဲ့ ၂၇ နှစ်က လက်ထပ်ခွင့်တောင်းခဲ့တဲ့နေရာကို

အတူပြန်သွားရှာရင်း ပေ ၃၀၀ အမြင့်ရှိတဲ့ တောင်ပေါ်က ပြုတ်ကျကာ

အသက်ဆုံးသွားခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့

ဒေါက်တာဂျေမီဘတ်တလာဟာ သူ့ရဲ့ဇနီးသည် မာဂရက်ကို လွန်ခဲ့တဲ့

၁၉၉၄ ခုနှစ်က Lake District သဘာဝအပန်းဖြေစခန်းက

Striding Edge ဆိုတဲ့နေရာမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Lake District ဟာ အင်္ဂလန်ရဲ့ အနောက်မြောက်ပိုင်းက ကမ်ဘရီယာကောင်တီမှာ

ရှိပါတယ်။ ရေကန်ကြီးကို ပတ်ဝိုင်းထားတဲ့ တောင်ကုန်းအစီအရီလည်းရှိပြီး

ချစ်သူတွေ၊ သမီးရည်းစားတွေ အပန်းဖြေ၊ အလည်အပတ်သွားကြလေ့ရှိတဲ့

နေရာလည်း ဖြစ်ပါတယ်။ ဒေါက်တာဂျေမီဘတ်တလာနဲ့ သူ့ရဲ့ ဇနီးသည်

မာဂရက်တို့ကတော့ ဂရိတ်တားမန်ချက်စတာက အဲလ်ထရင်ချန်အရပ်မှာ

နေထိုင်ကြသူတွေပါ။ လွန်ခဲ့တဲ့ ၂၇ နှစ်က သူ့ရဲ့ဇနီးသည်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့နေရာကို

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အမှတ်တရအနေနဲ့ပြန်သွားခဲ့ရာက မတော်တဆ

အသက်ဆုံးသွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရတော့ ဆရာဝန်ဟာ

နှင်းတွေထူထပ်စွာကျနေပြီး မြင်ကွင်းမကောင်းတဲ့အတွက် တောင်ပေါ်ကနေ

မတော်တဆပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်​တယ်လို့ ပါတယ်။ မစ္စဘတ်တလာကတော့

အဲ့ဒိအချိန်က ဖြစ်စဥ္နဲ့ပတ်သက်ပြီး Striding Edge တောင်ပေါ်ကို ရောက်တဲ့အခါ

သူမက မောလွန်းလို့ ဆက်မလျောက်နိုင်တော့ဘဲ နားနေရကြောင်း၊ ခင်ပွန်းဖြစ်သူကတော့

တစ်ချိန်က လက်ထပ်ခွင့်တောင်းခဲ့တဲ့နေရာကိုသွားရှာမယ်ဆိုပြီး

နှင်းမြူတွေကြားထဲကနေ ဆက်တက်သွားခဲ့ကြောင်း၊ အချိန်အနည်းငယ်ကြာပြီးနောက်

ခင်ပွန်းဖြစ်သူကို အော်ဟစ်ခေါ်ခဲ့ကြောင်း၊ တုံ့ပြန်မှုတစ်စုံတရာမရှိလို့ ရဲတပ်ဖွဲ့ကို

အကူအညီတောင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက

လိုက်လံရှာဖွေခဲ့ကြရာမှာတော့ တောင်ကုန်းစောင်းလေးတစ်ခုရဲ့အောက်မှာ

ဒဏ်ရာအများအပြားရပြီး အသက်ဆုံးနေတဲ့ ဒေါက်တာ ဂျေမီဘတ်တလာကို

ပြန်တွေ့ခဲ့ကြပါတယ်။ ဒေါက်တာ ဘတ်တလာဟာ ၂၀၀၇ ကစပြီး မန်စီးတီးမှာ

ဆေးအဖွဲ့ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သူပါ။ အဲ့ဒိနောက် ၂၀၀၉ မှာ မန်စီးတီးရဲ့

ဆေးဘက်ဆိုင်ရာစီနီယာ အရာရှိအဖြစ်လည်း ရာထူးတိုးမြင့်တာဝန်ယူခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ် ရပ်ဘီအသင်းတစ်သင်းဖြစ်တဲ့ Sale Sharks ကို

ပြောင်းသွားခဲ့တာပါ။ သူနဲ့ အရင်က တွဲလုပ်ခဲ့ဖူးတဲ့ ဆေးဘက်ဝန်ထမ်းတစ်ဦးဖြစ်သူ

Doug Jones ကတော့ – ” ဒေါက်တာ ဘတ်တလာက အရမ်းကို

နှစ်သက်စရာကောင်းသူပါ။ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ကြမ်းတမ်းတဲ့စကားလုံးနဲ့

ပြောဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ သူ့ကို Sale အသင်းနဲ့ မန်စီးတီးက

ဝန်ထမ်းတွေရော၊ ကစားသမားတွေရော ချစ်ကြတယ်” လို့ ဗြိတိန်မီဒီယာတွေကို

ပြောခဲ့ပါတယ်။

Zawgyi

လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ေနရာကိုရွာရင္း ေတာင္ေပၚက ျပဳတ္က်ေသဆုံးခဲ့တဲ့ မန္စီးတီး ဆရာဝန္ေဟာင္း

မန္စီးတီးအသင္းရဲ႕ ေဆးအဖြဲ႕မွာတာဝန္ယူခဲ့ဖူးတဲ့ ဆရာဝန္တစ္ဦးကေတာ့

သူ႔ရဲ႕ ဇနီးသည္ကို လြန္ခဲ့တဲ့ ၂၇ ႏွစ္က လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ေနရာကို

အတူျပန္သြားရွာရင္း ေပ ၃၀၀ အျမင့္ရွိတဲ့ ေတာင္ေပၚက ျပဳတ္က်ကာ

အသက္ဆုံးသြားခဲ့ပါတယ္။ အသက္ ၅၄ ႏွစ္ရွိၿပီျဖစ္တဲ့

ေဒါက္တာေဂ်မီဘတ္တလာဟာ သူ႔ရဲ႕ဇနီးသည္ မာဂရက္ကို လြန္ခဲ့တဲ့

၁၉၉၄ ခုႏွစ္က Lake District သဘာဝအပန္းေျဖစခန္းက

Striding Edge ဆိုတဲ့ေနရာမွာ လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။

Lake District ဟာ အဂၤလန္ရဲ႕ အေနာက္ေျမာက္ပိုင္းက ကမ္ဘရီယာေကာင္တီမွာ

ရွိပါတယ္။ ေရကန္ႀကီးကို ပတ္ဝိုင္းထားတဲ့ ေတာင္ကုန္းအစီအရီလည္းရွိၿပီး

ခ်စ္သူေတြ၊ သမီးရည္းစားေတြ အပန္းေျဖ၊ အလည္အပတ္သြားၾကေလ့ရွိတဲ့

ေနရာလည္း ျဖစ္ပါတယ္။ ေဒါက္တာေဂ်မီဘတ္တလာနဲ႔ သူ႔ရဲ႕ ဇနီးသည္

မာဂရက္တို႔ကေတာ့ ဂရိတ္တားမန္ခ်က္စတာက အဲလ္ထရင္ခ်န္အရပ္မွာ

ေနထိုင္ၾကသူေတြပါ။ လြန္ခဲ့တဲ့ ၂၇ ႏွစ္က သူ႔ရဲ႕ဇနီးသည္ကို လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ေနရာကို

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္း အမွတ္တရအေနနဲ႔ျပန္သြားခဲ့ရာက မေတာ္တဆ

အသက္ဆုံးသြားခဲ့တာပါ။ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရေတာ့ ဆရာဝန္ဟာ

ႏွင္းေတြထူထပ္စြာက်ေနၿပီး ျမင္ကြင္းမေကာင္းတဲ့အတြက္ ေတာင္ေပၚကေန

မေတာ္တဆျပဳတ္က်ေသဆုံးသြားခဲ့တာျဖစ္​တယ္လို႔ ပါတယ္။ မစၥဘတ္တလာကေတာ့

အဲ့ဒိအခ်ိန္က ျဖစ္စၪၷဲ့ပတ္သက္ၿပီး Striding Edge ေတာင္ေပၚကို ေရာက္တဲ့အခါ

သူမက ေမာလြန္းလို႔ ဆက္မေလ်ာက္ႏိုင္ေတာ့ဘဲ နားေနရေၾကာင္း၊ ခင္ပြန္းျဖစ္သူကေတာ့

တစ္ခ်ိန္က လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ေနရာကိုသြားရွာမယ္ဆိုၿပီး

ႏွင္းျမဴေတြၾကားထဲကေန ဆက္တက္သြားခဲ့ေၾကာင္း၊ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္

ခင္ပြန္းျဖစ္သူကို ေအာ္ဟစ္ေခၚခဲ့ေၾကာင္း၊ တုံ႔ျပန္မႈတစ္စုံတရာမရွိလို႔ ရဲတပ္ဖြဲ႕ကို

အကူအညီေတာင္းခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕နဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက

လိုက္လံရွာေဖြခဲ့ၾကရာမွာေတာ့ ေတာင္ကုန္းေစာင္းေလးတစ္ခုရဲ႕ေအာက္မွာ

ဒဏ္ရာအမ်ားအျပားရၿပီး အသက္ဆုံးေနတဲ့ ေဒါက္တာ ေဂ်မီဘတ္တလာကို

ျပန္ေတြ႕ခဲ့ၾကပါတယ္။ ေဒါက္တာ ဘတ္တလာဟာ ၂၀၀၇ ကစၿပီး မန္စီးတီးမွာ

ေဆးအဖြဲ႕ဝန္ထမ္းတစ္ဦးျဖစ္ခဲ့သူပါ။ အဲ့ဒိေနာက္ ၂၀၀၉ မွာ မန္စီးတီးရဲ႕

ေဆးဘက္ဆိုင္ရာစီနီယာ အရာရွိအျဖစ္လည္း ရာထူးတိုးျမင့္တာဝန္ယူခဲ့ရပါတယ္။

 

ေနာက္ပိုင္းမွာေတာ့ ပရီးမီးယားလိဂ္ ရပ္ဘီအသင္းတစ္သင္းျဖစ္တဲ့ Sale Sharks ကို

ေျပာင္းသြားခဲ့တာပါ။ သူနဲ႔ အရင္က တြဲလုပ္ခဲ့ဖူးတဲ့ ေဆးဘက္ဝန္ထမ္းတစ္ဦးျဖစ္သူ

Doug Jones ကေတာ့ – ” ေဒါက္တာ ဘတ္တလာက အရမ္းကို

ႏွစ္သက္စရာေကာင္းသူပါ။ ဘယ္သူ တစ္ဦးတစ္ေယာက္ကိုမွ ၾကမ္းတမ္းတဲ့စကားလုံးနဲ႔

ေျပာဆိုတာမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးဘူး။ သူ႔ကို Sale အသင္းနဲ႔ မန္စီးတီးက

ဝန္ထမ္းေတြေရာ၊ ကစားသမားေတြေရာ ခ်စ္ၾကတယ္” လို႔ ၿဗိတိန္မီဒီယာေတြကို

ေျပာခဲ့ပါတယ္။