
ယူရိုပါလိဂ်အုပ်စုပွဲဖြစ်တဲ့ KRC ဂျန့်နဲ့ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းပရိသတ်
တစ်ဦးဟာ ကိုယ့်အသင်းဂိုးသွင်းအပြီးမှာ အကြီးအကျယ်အောင်ပွဲခံခဲ့တာကနေ
လက်ညိုးတစ်ချောင်းပြတ်သွားတဲ့အထိဖြစ်သွားခဲ့ရပါတယ်။
အဲဒီပွဲက(၂-၂)ဂိုးစီနဲ့သရေကျခဲ့ပြီး ပွဲအပြီးမှာ ဝက်စ်ဟမ်းပရိသတ်တွေရှိတဲ့
ပွဲကြည့်စင်နားမှာလက်ညိုးတစ်ချောင်းကို ကွင်းလုံခြုံရေးတွေက သိမ်းဆည်းခဲ့ရတဲ့
ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လက်ညိုးတစ်ချောင်းဆုံးရှုံးလိုက်ရတဲ့
ဝက်စ်ဟမ်းပရိသတ်က ဘယ်သူလဲဆိုတာမသိရသေးဘဲ အဲဒီအဖြစ်အပျက်ကို
မြင်တွေ့လိုက်ရတဲ့ တခြားဝက်စ်ဟမ်းပရိသတ်တွေကတော့ အဲဒီလက်ညိုးပြတ်ကို
ရေခဲနဲ့အုပ်ထားဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။ လက်ညိုးဆုံးရှုံးလိုက်ရတဲ့ပရိသတ်ဟာ
အခုအချိန်လောက်ဆို ဆေးရုံမှာဆေးကုသမှုခံနေရလောက်ပါပြီ။ KRC ဂျန့်အသင်းနဲ့ပွဲမှာ
အိမ်ရှင်အသင်းအတွက်အဖွင့်ဂိုးကို ပွဲအစ(၅)မိနစ်မှာပဲ ပိန့်ဆေးလ်က သွင်းယူခဲ့ပြီး
(၅၉)မိနစ်မှာ ဘန်ရာမာက ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။ ဘန်ရာမာဟာ (၈၂)မိနစ်မှာ
ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဆိုချက်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာ
ကြောင့် အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်း သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းပရိသတ်တွေဟာ ဘန်ရာမာ ဦးဆောင်ဂိုးသွင်းလိုက်ချိန်မှာ
ပွဲကြည့်စင်နားမှာကာရံထားတဲ့ သံစည်းရိုးတွေကို လက်တွေနဲ့ထုရိုက်ပြီးတော့
အလွန်အကြူးအောင်ပွဲခံခဲ့ကြတာဖြစ်ပြီး အဲဒီလုပ်ရပ်ကြောင့် ဝက်စ်ဟမ်း
ပရိသတ်တစ်ဦး လက်ညိုးပြတ်သွားတဲ့ပုံပါပဲ။ ဝက်စ်ဟမ်းအသင်းဟာ အခုပွဲ
သရေကျခဲ့တာကြောင့် အုပ်စုတွင်းနိုင်ပွဲဆက်မှုရပ်တန့်သွားပြီဖြစ်ပေမယ့်
(၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁၀)မှတ်နဲ့အုပ်စုကတက်ဖို့သေချာသွားပြီဖြစ်ပါတယ်။
အခုပွဲက ဝက်စ်ဟမ်းအသင်းနည်းပြဒေးဗစ်မွိုက်စ်အတွက် နည်းပြဘဝ
ပွဲ(၁၀၀၀)ပြည့်ဖြစ်ခဲ့ပြီး အဲဒီမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့ နာမည်ကျော်နည်းပြတွေထဲမှာ
တစ်ဦးအပါအဝင်အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
ပွဲအပြီးမှာ ဒေးဗစ်မွိုက်စ်က “ပွဲ(၁၀၀၀)ပြည့်တဲ့အထိ နည်းပြဘဝကိုလျှောက်
လှမ်းနိုင်ခဲ့တာက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ဥရောပပြိုင်ပွဲရဲ့
အဝေးကွင်းပွဲမှာ ပွဲ(၁၀၀၀)ပြည့်ခဲ့တာက အမှတ်ရစရာဖြစ်သလို ဒီပွဲမှာ
ဆိုချက် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကလည်း အမှတ်တရဖြစ်ခဲ့ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။
Zawgyi
လက္ညိဳးတစ္ေခ်ာင္းျပတ္တဲ့အထိ အားေပးၾကမ္းတဲ့ ဝက္စ္ဟမ္းပရိသတ္
ယူ႐ိုပါလိဂ္အုပ္စုပြဲျဖစ္တဲ့ KRC ဂ်န႔္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဝက္စ္ဟမ္းပရိသတ္
တစ္ဦးဟာ ကိုယ့္အသင္းဂိုးသြင္းအၿပီးမွာ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့တာကေန
လက္ညိဳးတစ္ေခ်ာင္းျပတ္သြားတဲ့အထိျဖစ္သြားခဲ့ရပါတယ္။
အဲဒီပြဲက(၂-၂)ဂိုးစီနဲ႔သေရက်ခဲ့ၿပီး ပြဲအၿပီးမွာ ဝက္စ္ဟမ္းပရိသတ္ေတြရွိတဲ့
ပြဲၾကည့္စင္နားမွာလက္ညိဳးတစ္ေခ်ာင္းကို ကြင္းလုံၿခဳံေရးေတြက သိမ္းဆည္းခဲ့ရတဲ့
႐ုပ္သံဖိုင္ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ လက္ညိဳးတစ္ေခ်ာင္းဆုံးရႈံးလိုက္ရတဲ့
ဝက္စ္ဟမ္းပရိသတ္က ဘယ္သူလဲဆိုတာမသိရေသးဘဲ အဲဒီအျဖစ္အပ်က္ကို
ျမင္ေတြ႕လိုက္ရတဲ့ တျခားဝက္စ္ဟမ္းပရိသတ္ေတြကေတာ့ အဲဒီလက္ညိဳးျပတ္ကို
ေရခဲနဲ႔အုပ္ထားဖို႔ တိုက္တြန္းေျပာဆိုခဲ့ၾကပါတယ္။ လက္ညိဳးဆုံးရႈံးလိုက္ရတဲ့ပရိသတ္ဟာ
အခုအခ်ိန္ေလာက္ဆို ေဆး႐ုံမွာေဆးကုသမႈခံေနရေလာက္ပါၿပီ။ KRC ဂ်န႔္အသင္းနဲ႔ပြဲမွာ
အိမ္ရွင္အသင္းအတြက္အဖြင့္ဂိုးကို ပြဲအစ(၅)မိနစ္မွာပဲ ပိန႔္ေဆးလ္က သြင္းယူခဲ့ၿပီး
(၅၉)မိနစ္မွာ ဘန္ရာမာက ေခ်ပဂိုးျပန္သြင္းယူခဲ့ပါတယ္။ ဘန္ရာမာဟာ (၈၂)မိနစ္မွာ
ဦးေဆာင္ဂိုးျပန္သြင္းခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ဆိုခ်က္က ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာ
ေၾကာင့္ အေဝးကြင္းမွာ ဝက္စ္ဟမ္းအသင္း သေရတစ္မွတ္နဲ႔ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။
ဝက္စ္ဟမ္းပရိသတ္ေတြဟာ ဘန္ရာမာ ဦးေဆာင္ဂိုးသြင္းလိုက္ခ်ိန္မွာ
ပြဲၾကည့္စင္နားမွာကာရံထားတဲ့ သံစည္း႐ိုးေတြကို လက္ေတြနဲ႔ထု႐ိုက္ၿပီးေတာ့
အလြန္အၾကဴးေအာင္ပြဲခံခဲ့ၾကတာျဖစ္ၿပီး အဲဒီလုပ္ရပ္ေၾကာင့္ ဝက္စ္ဟမ္း
ပရိသတ္တစ္ဦး လက္ညိဳးျပတ္သြားတဲ့ပုံပါပဲ။ ဝက္စ္ဟမ္းအသင္းဟာ အခုပြဲ
သေရက်ခဲ့တာေၾကာင့္ အုပ္စုတြင္းႏိုင္ပြဲဆက္မႈရပ္တန႔္သြားၿပီျဖစ္ေပမယ့္
(၃)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁၀)မွတ္နဲ႔အုပ္စုကတက္ဖို႔ေသခ်ာသြားၿပီျဖစ္ပါတယ္။
အခုပြဲက ဝက္စ္ဟမ္းအသင္းနည္းျပေဒးဗစ္မြိဳက္စ္အတြက္ နည္းျပဘဝ
ပြဲ(၁၀၀၀)ျပည့္ျဖစ္ခဲ့ၿပီး အဲဒီမွတ္တမ္းပိုင္ဆိုင္ခဲ့တဲ့ နာမည္ေက်ာ္နည္းျပေတြထဲမွာ
တစ္ဦးအပါအဝင္အျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။
ပြဲအၿပီးမွာ ေဒးဗစ္မြိဳက္စ္က “ပြဲ(၁၀၀၀)ျပည့္တဲ့အထိ နည္းျပဘဝကိုေလွ်ာက္
လွမ္းႏိုင္ခဲ့တာက တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ဥေရာပၿပိဳင္ပြဲရဲ႕
အေဝးကြင္းပြဲမွာ ပြဲ(၁၀၀၀)ျပည့္ခဲ့တာက အမွတ္ရစရာျဖစ္သလို ဒီပြဲမွာ
ဆိုခ်က္ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာကလည္း အမွတ္တရျဖစ္ခဲ့ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။