လက်စွမ်းပြလွန်းနေတဲ့ ပစ်ဖို့ဒ်ရဲ့ ဆယ်ပြားစေ့ထောင့်ထဲကို ဒုံးပျံကန်ချက်နဲ့အဆုံးသတ်ပေးခဲ့တဲ့ တိုင်လီမန်းစ်

လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ရဲ့ကန်ချက်ကတော့ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ အဟော့ဆုံးသွင်းဂိုးတစ်ဂိုးဖြစ်လာပါတယ်။ မြေခွေးတွေဟာ ပထမပိုင်းပွဲချိန်အတွင်း

အဲဗာတန်ဂိုးပေါက်ကို ၁၅ကြိမ်အထိခြိမ်းခြောက်ခဲ့ပေမဲ့ ဂိုးသမားပစ်ဖို့ဒ် လက်စွမ်းကောင်းနေလို့ အဖွင့်ဂိုးရဖို့ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းပွဲပြီးဆုံးခါနီးမှာတော့

လက်စွမ်းပြနေတဲ့ပစ်ဖို့ဒ်ရဲ့ ဂိုးပေါက်ထဲကို တိုင်လီမန်းစ်ကအားပါ ပြင်းထန်တဲ့ဒုံးပျံကန်ချက်နဲ့ ဂိုးသွင်းပြလိုက်တာဖြစ်တယ်။ အဲဗာတန်ဧရိယာထဲမှာ ဂိုးကန်သွင်းဖို့အခွင့်မသာခဲ့တဲ့

မက်ဒီဆင်ဟာ ဘီးကုပ်အပြင်မှာရှိတဲ့ တိုင်လီမန်းစ်ဆီကို ပြန်ပေးခဲ့ရာမှာတော့ ဘောလုံးခုန်ပေါက် လာခဲ့ပေမဲ့ ဘယ်လ်ဂျီယံသားဟာ ပေါင်နဲ့တစ်ချက်တော့ပြီး

ညာခြေနဲ့ဆယ်ပြားစေ့ ထောင့်ထဲကိုအပြင်းကန်သွင်းယူခဲ့တာဖြစ်တယ်။ ဂိုးသမားပစ်ဖို့ဒ်ကြိုးစားကာကွယ်ပေမဲ့ ဒီလိုဂိုးကန်သွင်းချက်မျိုးကဘယ်ဂိုးသမားကိုမဆို

အနိုင်ယူဖို့လုံလောက်နေခဲ့ တာဖြစ်တယ်။ ဒီသွင်းဂိုးနဲ့ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “ဒီကစားသမားဟာ မကြာခင်ကြီးမားတဲ့အပြောင်းအလဲရှိလာနိုင်ပါတယ်”

လို့ မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က “မတရားသဖြင့်ကြီးကွာ” လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “မယုံနိုင်စရာပဲ” လို့ ချီးကျူးသွားပါတယ်။

ဘယ်လ်ဂျီယံသားဟာ လာမယ့်နွေရာသီမှာ လက်စတာနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ပြီးခဲ့တဲ့နွေစျေးကွက်မှာ အာဆင်နယ်ရဲ့ပစ်မှတ်ကစားသမားဖြစ်ခဲ့ပါတယ်။

လက်စတာရဲ့ပရောဂျက်တွေကို ယုံကြည်ပြီး အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့နောက် အသင်းရလဒ်ပိုင်းတွေဆိုးရွားခဲ့ပေမဲ့ နောင်တမရဘူးလို့ တိုင်လီမန်းစ်ကဆိုထားပါတယ်။

(Zawgyi)

လက္စြမ္းျပလြန္းေနတဲ့ ပစ္ဖို႔ဒ္ရဲ႕ ဆယ္ျပားေစ့ေထာင့္ထဲကို ဒုံးပ်ံကန္ခ်က္နဲ႔အဆုံးသတ္ေပးခဲ့တဲ့ တိုင္လီမန္းစ္

လက္စတာကြင္းလယ္လူတိုင္လီမန္းစ္ရဲ႕ကန္ခ်က္ကေတာ့ ဒီတစ္ပတ္ပရီးမီးယားလိဂ္ မွာအေဟာ့ဆုံးသြင္းဂိုးတစ္ဂိုးျဖစ္လာပါတယ္။ ေျမေခြးေတြဟာ ပထမပိုင္းပြဲခ်ိန္အတြင္း

အဲဗာတန္ဂိုးေပါက္ကို ၁၅ႀကိမ္အထိၿခိမ္းေျခာက္ခဲ့ေပမဲ့ ဂိုးသမားပစ္ဖို႔ဒ္လက္စြမ္းေကာင္းေနလို႔ အဖြင့္ဂိုးရဖို႔ခက္ခဲခဲ့ပါတယ္။ ပထမပိုင္းပြဲၿပီးဆုံးခါနီးမွာေတာ့

လက္စြမ္းျပေနတဲ့ပစ္ဖို႔ဒ္ရဲ႕ ဂိုးေပါက္ထဲကို တိုင္လီမန္းစ္ကအားပါျပင္းထန္တဲ့ဒုံးပ်ံကန္ခ်က္နဲ႔ဂိုးသြင္းျပလိုက္တာျဖစ္တယ္။ အဲဗာတန္ဧရိယာထဲမွာ ဂိုးကန္သြင္းဖို႔အခြင့္မသာခဲ့တဲ့

မက္ဒီဆင္ဟာ ဘီးကုတ္အျပင္မွာရွိတဲ့ တိုင္လီမန္းစ္ဆီကို ျပန္ေပးခဲ့ရာမွာေတာ့ ေဘာလုံးခုန္ေပါက္ လာခဲ့ေပမဲ့ ဘယ္လ္ဂ်ီယံသားဟာေပါင္နဲ႔တစ္ခ်က္ေတာ့ၿပီး ညာေျခနဲ႔ဆယ္ျပားေစ့

ေထာင့္ထဲကိုအျပင္းကန္သြင္းယူခဲ့တာျဖစ္တယ္။ ဂိုးသမားပစ္ဖို႔ဒ္ႀကိဳးစားကာကြယ္ ေပမဲ့ ဒီလိုဂိုးကန္သြင္းခ်က္မ်ိဳးကဘယ္ဂိုးသမားကိုမဆို အႏိုင္ယူဖို႔လုံေလာက္ေနခဲ့ တာျဖစ္တယ္။

ဒီသြင္းဂိုးနဲ႔ပတ္သတ္လို႔ ပရိသတ္တစ္ေယာက္က “ဒီကစားသမားဟာ မၾကာခင္ႀကီးမားတဲ့အေျပာင္းအလဲရွိလာႏိုင္ပါတယ္” လို႔ မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က

“မတရားသျဖင့္ႀကီးကြာ” လို႔ တြစ္တာမွာေရးသားခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “မယုံႏိုင္စရာပဲ” လို႔ ခ်ီးက်ဴးသြားပါတယ္။ ဘယ္လ္ဂ်ီယံသားဟာ လာမယ့္ေႏြရာသီမွာ

လက္စတာနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္သလို ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ အာဆင္နယ္ရဲ႕ပစ္မွတ္ကစားသမားျဖစ္ခဲ့ပါတယ္။ လက္စတာရဲ႕ပေရာဂ်က္ေတြကို

ယုံၾကည္ၿပီးအသင္းမွာဆက္ေနဖို႔ဆုံးျဖတ္ခဲ့တဲ့ေနာက္ အသင္းရလဒ္ပိုင္းေတြဆိုး႐ြားခဲ့ေပမဲ့ ေနာင္တမရဘူးလို႔ တိုင္လီမန္းစ္ကဆိုထားပါတယ္။