လက်စွမ်းပြနေတဲ့ဂိုးသမား ဒဟေးယားကို စာချုပ်သစ်ချုပ်ဆိုဖို့ ယူနိုက်တက်ပြင်ဆင်

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ
ယခုရာသီမှာ အထူးလက်စွမ်းပြနေတဲ့
ဂိုးသမား ဒဟေးယားကို စာချုပ်သစ်
ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
စပိန်လက်ရွေးစင် ဒဟေးယားဟာ ယခုရာသီမှာ
ယူနိုက်တက်အသင်း ရုန်းကန်နေရပေမယ့်
သူကတော့ လက်စွမ်းပြသနေပြီး
ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်
တစ်လတာအကောင်းဆုံးကစားသမားဆု
ရရှိခဲ့ရာ ယခုအခါ The Sun သတင်းစာရဲ့
ဖော်ပြချက်အရ အသင်းတာဝန်ရှိသူတွေဟာ
ဒဟေးယားကို ၂၀၂၄ နွေရာသီအထိရှိမယ့်
၁နှစ်သက်တမ်းတိုးခွင့်ကို အရယူဖွယ်ရှိနေကြောင်း သိရပါတယ်။


ဒါ့အပြင် ယူနိုက်တက်ဟာ အသက် ၃၀ ကျော်အရွယ်
ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုရာမှာ
လစာလျှော့ပေးတဲ့ မူဝါဒကိုလည်း
ုပြင်ဆင်ရဖွယ်ရှိနေပါတယ်။
ဒဟေးယားဟာ လက်ရှိအချိန်မှာ
ရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ
ပေါင် ၃၇၅၀၀၀ အတိုင်း စာချုပ်သစ်မှာ
ဆက်လက်ရဖွယ်ရှိနေပြီး ကာလရှည်
စာချုပ်သစ်လည်း ချုပ်ဆိုနိုင်ဖွယ်ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဒဟေးယားဟာ
ပြီးခဲ့တဲ့ရာသီက ဒင်းဟန်ဒါဆန်ကြောင့်
ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ပြီး
နွေရာသီမှာ အားလပ်ရက်လျှော့ယူကာ
အသင်းနဲ့ စောစီးစွာ ပူးပေါင်းပြီးနောက်
လက်စွမ်းပြန်ပြလာတာဖြစ်ပါတယ်။


အသက် ၂၅ နှစ်အရွယ်ရှိ ဟန်ဒါဆန်ဟာ
အသင်းနဲ့ ၂၀၂၅ အထိရှိမယ့် ကာလရှည်
စာချုပ် ချုပ်ဆိုထားပေမယ့် ပုံမှန်ပွဲထွက်ခွင့်
ရရေးအတွက် ၂၀၂၂ နွေရာသီမှာ
အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။