လက်စတာ vs ယူနိုက်တက်ပွဲအတွက် နည်းပြတန်ဟတ် ပွဲထုတ်လာနိုင်တဲ့ လူစာရင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ် ဒီနေ့ည (မြန်မာစံတော်ချိန် သောကြာမနက် ၁:၃၀)မှာ

လက်စတာအသင်းနဲ့အဝေးကွင်းပွဲစဉ် သွားရောက်ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်(၂)ပွဲဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်

နည်းပြတန်ဟက်က အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး လီဗာပူးလ်၊ ဆောက်သမ်တန်တို့ကို (၂)ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းက အတက်ဘက် ပြန်ရောက်နေပေမယ့်

မနှစ်တုန်းက လက်စတာကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်မရခဲ့တာ သတိပြုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အဝေးကွင်းမှာ (၄-၂)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာတော့ (၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

အဲရစ်တန်ဟက်အနေနဲ့ နိုင်ပွဲဆက်မှတ်တမ်းကေင်းကို ဆက်ထိန်းနိုင်ဖို့ အခုပွဲကို အသေအချာပြင်ဆင်လာမှာဖြစ်ပြီး

ခံစစ်မှာတော့ ပုံစံကောင်းတွေပြသနေတဲ့ မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့တ်တို့နဲ့ပဲ ပွဲထွက်လာဖို့များပါတယ်။

ကွင်းလယ်အတွဲအဖက်မှာ တစ်ချက်စောင့်ကြည့်ရမှာက ကတ်စ်မဲရိုးကို ပွဲထွက်သုံး၊ မသုံးပါပဲ။

ဆောက်သမ်တန်နဲ့ပွဲတုန်းက ပွဲပြီးခါနီး (၁၀)မိနစ်လောက်သာကစားခဲ့ရပေမယ့်

ကတ်စ်မဲရိုးဟာ ပရိသတ်တွေ စိတ်ကျေနပ်လောက်စရာခြေစွမ်းပြသခဲ့ပြီး အခုပွဲမှာတော့ ပွဲထွက်လာဖို့ရှိနေပါတယ်။

ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်ကို Double Pivot အဖြစ် အသုံးပြုသွားဖို့ရှိပေမယ့်

အဲရစ်ဆင်ဟာ အသက်အရွယ်အရရော၊ သူ့ရဲ့ကစားဟန်အရပါ Double Pivot နေရာနဲ့အဆင်မပြေဘဲ

သူ့အစား ဖရက်ဒ်ကို ပွဲထုတ်ပြီးတော့ ဘရာဇီးလ်ကွင်းလယ်အတွဲအဖက် သုံးသင့်တယ်လို့ ယူဆပါတယ်။

ဘရူနိုဖာနန်ဒက်စ်က ထုံးစံအတိုင်း No 10 Role အဖြစ် ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်မှာတော့ ကစားသမားသစ် အန်တိုနီ မကစားနိုင်သေးဘဲ

အီလန်ဂါ၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့ ပွဲထုတ်လာမှာလားဆိုတာ စောင့်ကြည့်ရမှာပါ။

အပြောင်းအရွှေ့သတင်းတွေကြောင့် ဒီပွဲကို လွဲချော်ဖို့ရှိတယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ အသင်းလူစာရင်းမှာပါဝင်လာသလို

အဲရစ်တန်ဟက်အနေနဲ့ စီရော်နယ်လ်ဒိုကို ပွဲထွက်ကစားစေဖို့ရှိပါတယ်။

zawgyi

လက္စတာ vs ယူႏိုက္တက္ပြဲအတြက္ နည္းျပတန္ဟတ္ ပြဲထုတ္လာႏိုင္တဲ့ လူစာရင္း

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၅)အျဖစ္ ဒီေန႔ည (ျမန္မာစံေတာ္ခ်ိန္ ေသာၾကာမနက္ ၁:၃၀)မွာ

လက္စတာအသင္းနဲ႔အေဝးကြင္းပြဲစဥ္ သြားေရာက္ကစားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ရာသီအဖြင့္(၂)ပြဲျဖစ္တဲ့ ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္

နည္းျပတန္ဟက္က အေျပာင္းအလဲေတြျပဳလုပ္ခဲ့ၿပီး လီဗာပူးလ္၊ ေဆာက္သမ္တန္တို႔ကို (၂)ပြဲဆက္တိုက္အႏိုင္ရခဲ့ပါတယ္။

လက္ရွိ ယူႏိုက္တက္အသင္းရဲ႕ စိတ္ဓာတ္ပိုင္း၊ ေျခစြမ္းပိုင္းက အတက္ဘက္ ျပန္ေရာက္ေနေပမယ့္

မႏွစ္တုန္းက လက္စတာကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့စလုံး အႏိုင္မရခဲ့တာ သတိျပဳရမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက အေဝးကြင္းမွာ (၄-၂)ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီး အိမ္ကြင္းမွာေတာ့ (၁-၁)ဂိုးစီသေရက်ခဲ့ပါတယ္။

အဲရစ္တန္ဟက္အေနနဲ႔ ႏိုင္ပြဲဆက္မွတ္တမ္းေကင္းကို ဆက္ထိန္းႏိုင္ဖို႔ အခုပြဲကို အေသအခ်ာျပင္ဆင္လာမွာျဖစ္ၿပီး

ခံစစ္မွာေတာ့ ပုံစံေကာင္းေတြျပသေနတဲ့ မာလာစီယာ၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊ ဗာရန္း၊ ဒါေလာ့တ္တို႔နဲ႔ပဲ ပြဲထြက္လာဖို႔မ်ားပါတယ္။

ကြင္းလယ္အတြဲအဖက္မွာ တစ္ခ်က္ေစာင့္ၾကည့္ရမွာက ကတ္စ္မဲ႐ိုးကို ပြဲထြက္သုံး၊ မသုံးပါပဲ။

ေဆာက္သမ္တန္နဲ႔ပြဲတုန္းက ပြဲၿပီးခါနီး (၁၀)မိနစ္ေလာက္သာကစားခဲ့ရေပမယ့္

ကတ္စ္မဲ႐ိုးဟာ ပရိသတ္ေတြ စိတ္ေက်နပ္ေလာက္စရာေျခစြမ္းျပသခဲ့ၿပီး အခုပြဲမွာေတာ့ ပြဲထြက္လာဖို႔ရွိေနပါတယ္။

ကတ္စ္မဲ႐ိုးနဲ႔ အဲရစ္ဆင္ကို Double Pivot အျဖစ္ အသုံးျပဳသြားဖို႔ရွိေပမယ့္

အဲရစ္ဆင္ဟာ အသက္အ႐ြယ္အရေရာ၊ သူ႔ရဲ႕ကစားဟန္အရပါ Double Pivot ေနရာနဲ႔အဆင္မေျပဘဲ

သူ႔အစား ဖရက္ဒ္ကို ပြဲထုတ္ၿပီးေတာ့ ဘရာဇီးလ္ကြင္းလယ္အတြဲအဖက္ သုံးသင့္တယ္လို႔ ယူဆပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က ထုံးစံအတိုင္း No 10 Role အျဖစ္ ပါဝင္လာမွာျဖစ္ၿပီး တိုက္စစ္မွာေတာ့ ကစားသမားသစ္ အန္တိုနီ မကစားႏိုင္ေသးဘဲ

အီလန္ဂါ၊ ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳတို႔နဲ႔ ပြဲထုတ္လာမွာလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

အေျပာင္းအေ႐ႊ႕သတင္းေတြေၾကာင့္ ဒီပြဲကို လြဲေခ်ာ္ဖို႔ရွိတယ္ဆိုၿပီး သတင္းထြက္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ အသင္းလူစာရင္းမွာပါဝင္လာသလို

အဲရစ္တန္ဟက္အေနနဲ႔ စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားေစဖို႔ရွိပါတယ္။