လက်စတာရဲ့ အခြေအနေမှာ တည်ငြိမ်မှုမရှိနိုင်တော့ကြောင်း ရော်ဂျာ ဝန်ခံ

လက်စတာရဲ့လက်ရှိအခြေအနေမှာ တည်ငြိမ်မှုမရှိနိုင်တော့ဘူးလို့ နည်းပြရော်ဂျာက ဝန်ခံသွားခဲ့ပါတယ်။ ရာသီစ လေးပွဲမှာ တစ်မှတ်သာရထားတဲ့ လက်စတာဟာ အမှတ်ပေးဇယားအောက်ဆုံးအဆင့်ကို ရှောက်ရှိနေခဲ့တာ ဖြစ်ပါ တယ်။

နည်းပြ ရော်ဂျာအနေနဲ့ အသင်းကိုပြန်လည်ပြင်ဆင်မှုလုပ်ဖို့စိတ်ကူးခဲ့ပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအကျပ် အတည်းတွေကြောင့် ဂိုးသမားတစ်ယောက်သာ ခေါ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဓိက, ကစားသမား တွေဖြစ်တဲ့

ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ်နဲ့ ချော့ထရီတို့ကိုဆုံးရှုံးထားရပေမယ့် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေ မလုပ်နိုင်ဘဲဖြစ်နေခဲ့တာပါ။ အသင်းမှာကျန်ရှိနေတဲ့ အဓိက,ကစားသမားတွေထဲက တီလီမန်၊ ဘာနက်စ်နဲ့ မက်ဒီဆင်တို့ကလည်း

အသင်းပြောင်းဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ နည်းပြရော်ဂျာရဲ့ အဓိက, ကစားသသမား တစ်ယောက်ဖြစ်တဲ့ တီလီမန်ရဲ့စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်ရောက်နေပြီဖြစ်လို့ သင့်တော်တဲ့ကမ်းလှမ်းမှု ရရင် လက်စတာအနေနဲ့ ရောင်းချသွားဖို့ရှိနေပါတယ်။

လက်ရှိမှာ ဖိုဖာနာကိုလည်း ထပ်မံဆုံးရှုံးထားတာကြောင့် နည်းပြရော်ဂျာအနေနဲ့ အသင်းရဲ့အခြေအနေကို အတော်လေးစိတ်ပျက်နေပုံရပါတယ်။ လက်ရှိအခြေအနေတွေ မကြုံရခင်ကတည်းက အသင်းကိုပြင်ဆင်ဖို့

လိုအပ်တာတွေထောက်ပြခဲ့ပေမယ့် အခုတော့တည်ငြိမ်မှုမရနိုင်တော့ ဘူးလို့ နည်းပြ ရော်ဂါကဆိုခဲ့ပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်နီးကပ်သွားပြီဖြစ်တာကြောင့် အသင်းရဲ့ကစားသမားတွေသာ

အသင်းပြောင်းသွားနိုင်ပြီး ကစားသမားသစ်ခေါ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူးလို့ လည်းဆိုပါတယ်။ လက်စတာအနေနဲ့ လာမယ့်ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်ကြားရက်ပွဲစဉ်အဖြစ် မန်ယူနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။

(zawgyi)

လက္စတာရဲ႕လက္ရွိအေျခအေနမွာ တည္ၿငိမ္မႈမရွိႏိုင္ေတာ့ဘူးလို႔ နည္းျပေရာ္ဂ်ာက ဝန္ခံသြားခဲ့ပါတယ္။ ရာသီစ ေလးပြဲမွာ တစ္မွတ္သာရထားတဲ့ လက္စတာဟာ အမွတ္ေပးဇယားေအာက္ဆုံးအဆင့္ကို ေရွာက္ရွိေနခဲ့တာ ျဖစ္ပါ တယ္။ နည္းျပ ေရာ္ဂ်ာအေနနဲ႔

အသင္းကိုျပန္လည္ျပင္ဆင္မႈလုပ္ဖို႔စိတ္ကူးခဲ့ေပမယ့္ အသင္းရဲ႕ဘ႑ာေရးအက်ပ္ အတည္းေတြေၾကာင့္ ဂိုးသမားတစ္ေယာက္သာ ေခၚထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အဓိက, ကစားသမား ေတြျဖစ္တဲ့ ဂိုးသမား ကတ္စ္ပါ ရွမိုက္ကယ္နဲ႔

ေခ်ာ့ထရီတို႔ကိုဆုံးရႈံးထားရေပမယ့္ လိုအပ္တဲ့ ျပဳျပင္ေျပာင္းလဲ မႈေတြ မလုပ္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။ အသင္းမွာက်န္ရွိေနတဲ့ အဓိက,ကစားသမားေတြထဲက တီလီမန္၊ ဘာနက္စ္နဲ႔ မက္ဒီဆင္တို႔ကလည္း အသင္းေျပာင္းဖို႔စီစဥ္ေနၾကတာျဖစ္ပါတယ္။

နည္းျပေရာ္ဂ်ာရဲ႕ အဓိက, ကစားသသမား တစ္ေယာက္ျဖစ္တဲ့ တီလီမန္ရဲ႕စာခ်ဳပ္သက္တမ္းမွာ ေနာက္ဆုံးႏွစ္ေရာက္ေနၿပီျဖစ္လို႔ သင့္ေတာ္တဲ့ကမ္းလွမ္းမႈ ရရင္ လက္စတာအေနနဲ႔ ေရာင္းခ်သြားဖို႔ရွိေနပါတယ္။ လက္ရွိမွာ ဖိုဖာနာကိုလည္း

ထပ္မံဆုံးရႈံးထားတာေၾကာင့္ နည္းျပေရာ္ဂ်ာအေနနဲ႔ အသင္းရဲ႕အေျခအေနကို အေတာ္ေလးစိတ္ပ်က္ေနပုံရပါတယ္။ လက္ရွိအေျခအေနေတြ မႀကဳံရခင္ကတည္းက အသင္းကိုျပင္ဆင္ဖို႔ လိုအပ္တာေတြေထာက္ျပခဲ့ေပမယ့္

အခုေတာ့တည္ၿငိမ္မႈမရႏိုင္ေတာ့ ဘူးလို႔ နည္းျပ ေရာ္ဂါကဆိုခဲ့ပါတယ္။ လက္ရွိမွာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ခ်ိန္နီးကပ္သြားၿပီျဖစ္တာေၾကာင့္ အသင္းရဲ႕ကစားသမားေတြသာ အသင္းေျပာင္းသြားႏိုင္ၿပီး

ကစားသမားသစ္ေခၚဖို႔ကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ လည္းဆိုပါတယ္။ လက္စတာအေနနဲ႔ လာမယ့္ၾကာသပေတးေန႔မွာ ပရီးမီးယားလိဂ္ၾကားရက္ပြဲစဥ္အျဖစ္ မန္ယူနဲ႔ ယွဥ္ၿပိဳင္သြားရဖို႔ရွိေနပါတယ္။