
သောကြာညကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက





လက်စတာကို ၂-၁ နဲ့အနိုင်ရခဲ့ပေမဲ့ ကြိုးကြာနီတိုက်စစ်မှူးတွေ
တစ်ယောက်မျှဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ဒါဝင်းနူးနက်ဇ်လို့ပဲ





ပြောရပါလိမ့်မယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးကစားသမား
ဘဝအစမှာ အတော်လေးရုန်းကန်နေရတာဖြစ်ပြီး ကလော့ပ်ရဲ့
အမြဲတစေဦးစားပေးခံရပေမဲ့ အဆုံးသတ်တွေမှာတော့ လွဲချော်လို့





ကောင်းနေဆဲဖြစ်တယ်။ ကြိုးကြာနီတွေနဲ့ ပွဲဦးထွက်မှာ အနီကတ်နဲ့
အထုတ်ခံရတဲ့ နူးနက်ဇ်ဟာ ဒီရာသီမှာအသင်းအတွက် ပွဲ ၂၀ အထိ





ကစားခွင့်ရထားပြီး ၉ဂိုး သွင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့
၁၈ ကိုက်ထဲမှာတော့ ဥရုဂွေးသားဟာ အခုအချိန်အထိခေါင်းအေးအေးနဲ့
မလုပ်ဆောင်နိုင်သေးပါဘူး။ ဘောလုံးပေးပို့ချက်တွေလွဲချော်နေဆဲဖြစ်ပြီး





ဂိုးသမားနဲ့တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ သူ့ရဲ့အလောတကြီး
အဆုံးသတ်ကန်ချက်တွေက သိသိသာသာကိုရုပ်ပျက်နေတာဖြစ်တယ်။





အသက် ၂၃နှစ် အရွယ်ကစားသမားဟာ နေရာစုံလှည့်ပတ်
လိုက်ကစားနေပေမဲ့ ဂိုးသွင်းဖို့နောက်ဆုံးအခွင့်အရေးဖန်တီးမှုတွေက
ဖရိုဖရဲဖြစ်နေတာကို ပရိသတ်အများစုအာရုံစိုက်မိကြမှာပါ။





လက်စတာနဲ့ပွဲမှာလည်း ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ
မိုးပေါ်ထောင်ကန်ခဲ့သလို အခြားသောပွဲစဉ်တွေမှာလည်း ဆာလက်၊





ဖာမီနို၊ ဂျိုတာတို့ဆိုရင် ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေကို
ဒါဝင်းနူးနက်ဇ်က ဒိုင်းခံဖြုန်းတီးနေခဲ့တာဖြစ်တယ်။
လက်စတာနဲ့ပွဲအပြီးမှာလည်း ဒါဝင်းနူးနက်ဇ်နဲ့ပက်သတ်လို့





ပရိသတ်တွေပါးစပ်ကတစ်လေသံတည်းထွက်လာပြန်ပါတယ်။
“အင်း..ဒါဝင်းနူးနက်ဇ်ရဲ့ နည်းစနစ်ပိုင်းကတော့ လီဗာပူး





အသင်းအတွက်သုံညပါပဲ။ သူအခွင့်အရေးရယူဖို့ကြည့်ရတာက
အရမ်းကိုခက်ခဲနေသလိုဖြစ်နေပါတယ်” လို့ ပရိသတ်တစ်ယောက်က
မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့





“ဒါဝင်းနူးနက်ဇ်မှာ အဆုံးသတ်ကလွဲလို့အရာအားလုံးရှိတယ်၊
တကယ်လို့ မင်းပိုကောင်းအောင်အဆုံးသတ်နိုင်ရင် မင်းက





GOAT တစ်ယောက်ပါပဲ” လို့ တုံ့ပြန်ခဲ့သလို တတိယတစ်ယောက်က
“ဒါဝင်းနူးနက်ဇ်ရဲ့အဆုံးသတ်တွေ အပြစ်ကင်းဖို့လိုနေတယ်။
သူက ပွဲတိုင်းမှာအခွင့်အရေးကောင်းတွေ အများကြီး





လွဲချော်နေတယ်” လို့ တွစ်တာပေါ်မှာမချိတင်ကဲရေးသားသွားပါတယ်။
zawgyi





လက္စတာနဲ႔ပြဲမွာ လြဲလို႔ေကာင္းဆဲျဖစ္ေနတဲ့ ဒါဝင္းႏူးနက္ဇ္ရဲ႕ေျခစြမ္းအေပၚ ပရိသတ္ေတြအားလုံးတစ္ေလသံတည္းထြက္ခဲ့ၾကျပန္
ေသာၾကာညကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးက
လက္စတာကို ၂-၁ နဲ႔အႏိုင္ရခဲ့ေပမဲ့ ႀကိဳးၾကာနီတိုက္စစ္မႉးေတြ





တစ္ေယာက္မွ်ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ အဆိုးဆုံးကေတာ့ ဒါဝင္းႏူးနက္ဇ္လို႔ပဲ
ေျပာရပါလိမ့္မယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဟာ လီဗာပူးကစားသမား





ဘဝအစမွာ အေတာ္ေလး႐ုန္းကန္ေနရတာျဖစ္ၿပီး ကေလာ့ပ္ရဲ႕
အၿမဲတေစဦးစားေပးခံရေပမဲ့ အဆုံးသတ္ေတြမွာေတာ့ လြဲေခ်ာ္လို႔
ေကာင္းေနဆဲျဖစ္တယ္။ ႀကိဳးၾကာနီေတြနဲ႔ ပြဲဦးထြက္မွာ အနီကတ္နဲ႔





အထုတ္ခံရတဲ့ ႏူးနက္ဇ္ဟာ ဒီရာသီမွာအသင္းအတြက္ ပြဲ ၂၀ အထိ
ကစားခြင့္ရထားၿပီး ၉ဂိုး သြင္းထားႏိုင္ပါတယ္။ ဒါေပမဲ့ ၿပိဳင္ဘက္ရဲ႕





၁၈ ကိုက္ထဲမွာေတာ့ ဥ႐ုေဂြးသားဟာ အခုအခ်ိန္အထိေခါင္းေအးေအးနဲ႔
မလုပ္ေဆာင္ႏိုင္ေသးပါဘူး။ ေဘာလုံးေပးပို႔ခ်က္ေတြလြဲေခ်ာ္ေနဆဲျဖစ္ၿပီး
ဂိုးသမားနဲ႔တစ္ဦးခ်င္းရင္ဆိုင္အေတြ႕မွာ သူ႔ရဲ႕အေလာတႀကီး





အဆုံးသတ္ကန္ခ်က္ေတြက သိသိသာသာကို႐ုပ္ပ်က္ေနတာျဖစ္တယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္ကစားသမားဟာ ေနရာစုံလွည့္ပတ္





လိုက္ကစားေနေပမဲ့ ဂိုးသြင္းဖို႔ေနာက္ဆုံးအခြင့္အေရးဖန္တီးမႈေတြက
ဖ႐ိုဖရဲျဖစ္ေနတာကို ပရိသတ္အမ်ားစုအာ႐ုံစိုက္မိၾကမွာပါ။
လက္စတာနဲ႔ပြဲမွာလည္း ဂိုးသမားနဲ႔တစ္ဦးခ်င္းအေတြ႕မွာ





မိုးေပၚေထာင္ကန္ခဲ့သလို အျခားေသာပြဲစဥ္ေတြမွာလည္း ဆာလက္၊
ဖာမီႏို၊ ဂ်ိဳတာတို႔ဆိုရင္ ဂိုးရႏိုင္ေလာက္တဲ့အခြင့္အေရးေတြကို





ဒါဝင္းႏူးနက္ဇ္က ဒိုင္ခံျဖဳန္းတီးေနခဲ့တာျဖစ္တယ္။
လက္စတာနဲ႔ပြဲအၿပီးမွာလည္း ဒါဝင္းႏူးနက္ဇ္နဲ႔ပက္သတ္လို႔
ပရိသတ္ေတြပါးစပ္ကတစ္ေလသံတည္းထြက္လာျပန္ပါတယ္။





“အင္း..ဒါဝင္းႏူးနက္ဇ္ရဲ႕ နည္းစနစ္ပိုင္းကေတာ့ လီဗာပူး
အသင္းအတြက္သုံညပါပဲ။ သူအခြင့္အေရးရယူဖို႔ၾကည့္ရတာက





အရမ္းကိုခက္ခဲေနသလိုျဖစ္ေနပါတယ္” လို႔ ပရိသတ္တစ္ေယာက္က
မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့
“ဒါဝင္းႏူးနက္ဇ္မွာ အဆုံးသတ္ကလြဲလို႔အရာအားလုံးရွိတယ္၊





တကယ္လို႔ မင္းပိုေကာင္းေအာင္အဆုံးသတ္ႏိုင္ရင္ မင္းက
GOAT တစ္ေယာက္ပါပဲ” လို႔ တုံ႔ျပန္ခဲ့သလို တတိယတစ္ေယာက္က





“ဒါဝင္းႏူးနက္ဇ္ရဲ႕အဆုံးသတ္ေတြ အျပစ္ကင္းဖို႔လိုေနတယ္။
သူက ပြဲတိုင္းမွာအခြင့္အေရးေကာင္းေတြ အမ်ားႀကီး
လြဲေခ်ာ္ေနတယ္” လို႔ တြစ္တာေပၚမွာမခ်ိတင္ကဲေရးသားသြားပါတယ္။




