လက်စတာနဲ့ပွဲစဉ်မှာ ဟာလန်းမပါနိုင်တာ ဒဏ်ရာရနေလို့ပါ

လက်စတာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်း ဝင်ပြီး မကစားပေးခဲ့တာဟာ အရွတ်ကြောဒဏ်ရာ ရနေတဲ့အတွက်ဖြစ်တယ်လို့ မန် စီးတီးနည်းပြ ဂွါဒီယိုလာက

ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ကြားရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့တ်မန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပြီးတဲ့နောက်

လက်စတာနဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်လူစာရင်းမှာပါ ပါဝင်လာခြင်း မရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ဟာလန်းဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်

၁၁ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပြီး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူဟာ နောက်ထပ် ဂိုးတွေ သွင်းနိုင်ဖို့အတွက်တော့ အနည်းဆုံး တစ်ပတ်လောက်

ထပ်ပြီး အနားယူရတော့မှာ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သိထားရပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အဖျားဝေဒနာကို ခံစားနေရတဲ့သူဖြစ်ပြီး

ပင်ပန်းနွမ်းနယ်နေတဲ့အပြင် ခြေထောက်မှာလည်း အရွတ်ကြော ပြဿနာ ရှိနေတာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။ ‘’ဟုတ်ပါတယ်။ ဒေါ့တ်မန်နဲ့ပွဲမှာ

လူစားလဲခံခဲ့ရတဲ့ ကိစ္စကြောင့် သူဟာ ဒီပွဲမှာ မပါနိုင်ခဲ့တာပါ။ သူက ဖျားတာရယ်၊ နုံးတာရယ်ရှိနေတာက နေပြီး ပြန်ပြီးတော့ သက်သာလာပါပြီ။ ဒါပေမဲ့ အရွတ်ကြော

ဒဏ်ရာကတော့ မသက်သာသေးပါဘူး’’ လို့ ဂွါဒီယိုလာက BT Sport ကို ပြောဆိုသွားခဲ့ပါတယ်။

နောက်ပြီး လက်စတာနဲ့ပွဲမှာ ဟာလန်းနေရာကို ဝင်ပြီး ကစားပေးခဲ့တဲ့

အာဂျင်တီးနားနွယ်ဖွား တိုက်စစ်မှူး အယ်လ်ဗာရက်စ်ရဲ့ ကစားပုံကိုလည်း စပိန် သားနည်းပြက ချီးမွမ်းခဲ့ပြီး ဟာလန်းနဲ့ တွဲကစားခွင့်ရရင် နော်ဝေသားကို ဒီ ထက်ပိုပြီး

ကူညီပေးနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

(Zawgyi)

လက္စတာနဲ႔ပြဲစဥ္မွာ ဟာလန္းမပါႏိုင္တာ ဒဏ္ရာရေနလို႔ပါ

လက္စတာနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး ဟာလန္း ဝင္ၿပီး မကစားေပးခဲ့တာဟာ အ႐ြတ္ေၾကာဒဏ္ရာ ရေနတဲ့အတြက္ျဖစ္တယ္လို႔ မန္ စီးတီးနည္းျပ ဂြါဒီယိုလာက

ပြဲမတိုင္ခင္မွာ ေျပာဆိုခဲ့ပါတယ္။ ေနာ္ေဝတိုက္စစ္ မႉး ဟာလန္းဟာ ၾကားရက္က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဒါ့တ္မန္နဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ပထမပိုင္း အၿပီးမွာ

လူစားလဲခံခဲ့ရၿပီးတဲ့ေနာက္ လက္စတာနဲ႔ ကစားခဲ့တဲ့ စေနေန႔ပြဲစဥ္ရဲ႕ ပြဲထြက္လူစာရင္းမွာေရာ အရန္လူစာရင္းမွာပါ ပါဝင္လာျခင္း မရွိတဲ့ ကစားသမားျဖစ္ပါတယ္။

ဟာလန္းဟာ မန္စီးတီးအတြက္ ပရီးမီးယား လိဂ္ ၁၁ ပြဲ ပါဝင္ကစားေပးထားတဲ့ ကစားသမားျဖစ္ၿပီး ၁၇ ဂိုး သြင္းယူႏိုင္ခဲ့ ပါတယ္။ ဒါေပမဲ့ သူဟာ ေနာက္ထပ္

ဂိုးေတြ သြင္းႏိုင္ဖို႔အတြက္ေတာ့ အနည္း ဆုံး တစ္ပတ္ေလာက္ ထပ္ၿပီး အနားယူရေတာ့မွာ ျဖစ္တယ္လို႔ အၾကမ္းဖ်ဥ္း သိထားရပါတယ္။ ဟာလန္းဟာ

ၿပီးခဲ့တဲ့ ရက္ေတြအတြင္းမွာ အဖ်ားေဝဒနာ ကို ခံစားေနရတဲ့သူျဖစ္ၿပီး ပင္ပန္းႏြမ္းနယ္ေနတဲ့အျပင္ ေျခေထာက္မွာလည္း

အ႐ြတ္ေၾကာ ျပႆနာ ရွိေနတာျဖစ္တယ္လို႔ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါ တယ္။ ‘’ဟုတ္ပါတယ္။ ေဒါ့တ္မန္နဲ႔ပြဲမွာ လူစားလဲခံခဲ့ရတဲ့ ကိစၥေၾကာင့္ သူဟာ ဒီပြဲမွာ

မပါႏိုင္ခဲ့တာပါ။ သူက ဖ်ားတာရယ္၊ ႏုံးတာရယ္ရွိေနတာက ေနၿပီး ျပန္ၿပီးေတာ့ သက္သာလာပါၿပီ။ ဒါေပမဲ့ အ႐ြတ္ေၾကာ ဒဏ္ရာကေတာ့ မသက္သာေသးပါဘူး’’ လို႔ ဂြါဒီယိုလာက

BT Sport ကို ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး လက္စတာနဲ႔ပြဲမွာ ဟာလန္းေနရာကို ဝင္ၿပီး ကစားေပးခဲ့တဲ့ အာ ဂ်င္တီးနားႏြယ္ဖြား တိုက္စစ္မႉး အယ္လ္ဗာရက္စ္ရဲ႕ ကစားပုံကိုလည္း

စပိန္ သားနည္းျပက ခ်ီးမြမ္းခဲ့ၿပီး ဟာလန္းနဲ႔ တြဲကစားခြင့္ရရင္ ေနာ္ေဝသားကို ဒီ ထက္ပိုၿပီး ကူညီေပးႏိုင္လိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။