
လက်စတာနည်းပြဘရန်ဒန်ရော်ဂျာဟာ မန်ယူနည်းပြဖြစ်လာဖို့ ရေပန်းစားနေကြောင်း
သတင်းတွေအရ သိရပါတယ်။ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ကို
အိမ်ကွင်းရှုံးပွဲဆက်ခဲ့ပြီးတဲ့နောက် မန်ယူဟာ လက်ရှိပရီးမီးယားလိဂ်
အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာရောက်သွားကာ ဆိုးလ်ရှားအပေါ်လည်း
ဖိအားတွေပိုတိုးနေပါတယ်။ လောလောဆယ် မန်ယူမှာ နည်းပြအပြောင်းအလဲ
ချက်ချင်းဖြစ်မှာ မဟုတ်သေးပေမယ့် ဆိုးလ်ရှားရဲ့အနာဂါတ်ကတော့ မသေချာတော့ပါဘူး။
အင်္ဂလန်က The Sun သတင်းစာကတော့ နာမည်ကြီးအေးဂျင့်တစ်ယောက်ဟာ
ဆိုးလ်ရှားနေရာအစားဝင်နိုင်မယ့် ၄ ယောက်ကို လျာထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ အစားဝင်နိုင်တဲ့
၄ ယောက်အဖြစ် ရော်ဂျာ၊ ကွန်တီ၊ ဇီဒန်းနဲ့ အဲရစ်တန်ဟက်တို့ ၄ ယောက်ကို
ရည်ရွယ်ထားပြီး အဲဒီထဲမှာ ရော်ဂျာက ရေပန်းအစားဆုံးဖြစ်နေတာပါ။
ချဲလ်ဆီးနည်းပြဟောင်းကွန်တီကတော့ မန်ယူနည်းပြနေရာကို စိတ်ဝင်စားခဲ့ပေမယ့်
စောင့်ဆိုင်းခြင်းမရှိတော့ဘဲ အခုလအစမှာပဲ စပါးကို ကိုင်တွယ်လိုက်ပါတယ်။
ဇီဒန်းကတော့ နှစ်ကြိမ်ကိုင်တွယ်ခဲ့တဲ့ရီးရဲလ်ကို ချန်ပီယံလိဂ် ၃ ကြိမ်ရယူပေးနိုင်ခဲ့ပြီး
လက်ရှိမှာ ကလပ်လက်မဲ့ဖြစ်နေပေမယ့် မန်ယူကိုကိုင်ဖို့ ငြင်းဆန်ထားပါတယ်။
အေဂျက်နည်းပြတန်ဟက်ကို ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း
သူက ဆွေးနွေးမှုမလုပ်ချင်ကြောင်း အေးဂျင့်ကို အသိပေးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း မန်ယူနည်းပြရာထူးအတွက် လျာထားတဲ့သူတွေထဲက
ရော်ဂျာတစ်ယောက်သာကျန်တော့ပြီး အဲဒီလီဗာပူးနည်းပြဟောင်းကို
အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားကြောင်း
အေးဂျင့်က မန်ယူကို အသိပေးထားပါတယ်။
ရော်ဂျာဟာ လီဗာပူးမှာတုန်းက ၂၀၁၄ မှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့
ကပ်လွဲခဲ့ရပေမယ့် နောက်ကိုင်တဲ့ ဆဲလ်တစ်မှာတော့ ဆုဖလား ၇ ခုရခဲ့ပြီး
၂၀၁၉ ဖေဖော်ဝါရီကမှ လက်စတာကို ရောက်လာခဲ့တာပါ။
အသက် ၄၈ နှစ်အရွယ် ရော်ဂျာဟာ ပြီးခဲ့တဲ့ရာသီက လက်စတာကို
အက်ဖ်အေဖလားအောင်မြင်မှုရယူပေးခဲ့ပြီး ဒီရာသီအစမှာလည်း မန်စီးတီးကို
အနိုင်ယူပြီး ကွန်မြူနတီဒိုင်းရအောင် စွမ်းဆောင်ပေးထားပါတယ်။
zawgyi
လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာဟာ မန္ယူနည္းျပျဖစ္လာဖို႔ ေရပန္းစားေန
လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ မန္ယူနည္းျပျဖစ္လာဖို႔ ေရပန္းစားေနေၾကာင္း
သတင္းေတြအရ သိရပါတယ္။ ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို
အိမ္ကြင္းရႈံးပြဲဆက္ခဲ့ၿပီးတဲ့ေနာက္ မန္ယူဟာ လက္ရွိပရီးမီးယားလိဂ္
အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာေရာက္သြားကာ ဆိုးလ္ရွားအေပၚလည္း
ဖိအားေတြပိုတိုးေနပါတယ္။ ေလာေလာဆယ္ မန္ယူမွာ နည္းျပအေျပာင္းအလဲ
ခ်က္ခ်င္းျဖစ္မွာ မဟုတ္ေသးေပမယ့္ ဆိုးလ္ရွားရဲ႕အနာဂါတ္ကေတာ့ မေသခ်ာေတာ့ပါဘူး။
အဂၤလန္က The Sun သတင္းစာကေတာ့ နာမည္ႀကီးေအးဂ်င့္တစ္ေယာက္ဟာ
ဆိုးလ္ရွားေနရာအစားဝင္ႏိုင္မယ့္ ၄ ေယာက္ကို လ်ာထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
The Sun ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္တာဝန္ရွိသူေတြဟာ အစားဝင္ႏိုင္တဲ့
၄ ေယာက္အျဖစ္ ေရာ္ဂ်ာ၊ ကြန္တီ၊ ဇီဒန္းနဲ႔ အဲရစ္တန္ဟက္တို႔ ၄ ေယာက္ကို
ရည္႐ြယ္ထားၿပီး အဲဒီထဲမွာ ေရာ္ဂ်ာက ေရပန္းအစားဆုံးျဖစ္ေနတာပါ။
ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီကေတာ့ မန္ယူနည္းျပေနရာကို စိတ္ဝင္စားခဲ့ေပမယ့္
ေစာင့္ဆိုင္းျခင္းမရွိေတာ့ဘဲ အခုလအစမွာပဲ စပါးကို ကိုင္တြယ္လိုက္ပါတယ္။
ဇီဒန္းကေတာ့ ႏွစ္ႀကိမ္ကိုင္တြယ္ခဲ့တဲ့ရီးရဲလ္ကို ခ်န္ပီယံလိဂ္ ၃ ႀကိမ္ရယူေပးႏိုင္ခဲ့ၿပီး
လက္ရွိမွာ ကလပ္လက္မဲ့ျဖစ္ေနေပမယ့္ မန္ယူကိုကိုင္ဖို႔ ျငင္းဆန္ထားပါတယ္။
ေအဂ်က္နည္းျပတန္ဟက္ကို ခ်ဥ္းကပ္ခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း
သူက ေဆြးေႏြးမႈမလုပ္ခ်င္ေၾကာင္း ေအးဂ်င့္ကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္လည္း မန္ယူနည္းျပရာထူးအတြက္ လ်ာထားတဲ့သူေတြထဲက
ေရာ္ဂ်ာတစ္ေယာက္သာက်န္ေတာ့ၿပီး အဲဒီလီဗာပူးနည္းျပေဟာင္းကို
အိုးလ္ထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္း
ေအးဂ်င့္က မန္ယူကို အသိေပးထားပါတယ္။
ေရာ္ဂ်ာဟာ လီဗာပူးမွာတုန္းက ၂၀၁၄ မွာ ပရီးမီးယားလိဂ္ဆုဖလားနဲ႔
ကပ္လြဲခဲ့ရေပမယ့္ ေနာက္ကိုင္တဲ့ ဆဲလ္တစ္မွာေတာ့ ဆုဖလား ၇ ခုရခဲ့ၿပီး
၂၀၁၉ ေဖေဖာ္ဝါရီကမွ လက္စတာကို ေရာက္လာခဲ့တာပါ။
အသက္ ၄၈ ႏွစ္အ႐ြယ္ ေရာ္ဂ်ာဟာ ၿပီးခဲ့တဲ့ရာသီက လက္စတာကို
အက္ဖ္ေအဖလားေအာင္ျမင္မႈရယူေပးခဲ့ၿပီး ဒီရာသီအစမွာလည္း မန္စီးတီးကို
အႏိုင္ယူၿပီး ကြန္ျမဴနတီဒိုင္းရေအာင္ စြမ္းေဆာင္ေပးထားပါတယ္။