
ဟာလန်းက သူဟာ ဒီထက် ပိုမို တိုးတက်လာဖို့ အတွက်
ဘောလုံးပွဲများစွာကို ကြည့်ရှုကာ သင်ယူလေ့လာလေ့ရှိတယ်လို့
ထုတ်ဖော် သွားခဲ့ပြီး လက်စတာစီးတီး တိုက်စစ်မှူး
ဂျေမီဗာဒီ ဆီကနေ သူ လေ့လာသင်ယူနေတဲ့
အရည်အသွေး တစ်ခုကို ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။
နော်ဝေး တိုက်စစ်မှူးဟာ ဒေါ့မွန် အတွက် ၇၉ ပွဲမှာ ဂိုး ၈၀ ထိ
သွင်းယူထားခဲ့သလို ဆဲဘတ်မှာတုန်းကလည်း
၂၇ ပွဲ ကစားကာ ၂၉ ဂိုးထိ သွင်းယူပေးခဲ့ ပါတယ်။
” ကျွန်တော် ကစားသမား တော်တော်များများကို စောင့်ကြည့် ဖြစ်တယ်။
ဥပမာ အနေနဲ့ ပြောရရင် နံပါတ် ၁၀ ကစား သမား တစ်ယောက်
ဘောလုံး ရတဲ့ အခါမှာတစ်ဖက် ဗဟို နောက်ခံလူတွေကို
ဘယ်လို ဖြတ်ကျော်လဲ ဆိုတာကို လေ့လာ ဖြစ်တယ်။”
” အဲဒီလို ဖြတ်ကျော်တဲ့ နေရာမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော်ကတော့ ဗာဒီက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ယူဆတယ်။”
” သူ ကစားပုံ အတိအကျကို အတုယူဖို့
ကျွန်တော် အများကြီး စောင့်ကြည့် လေ့လာခဲ့တယ်။
ကျွန်တော် ဘောလုံးပွဲတွေ အများကြီး စောင့်ကြည့်ဖြစ်ပြီး
အမြဲတမ်း လေ့လာ သင်ယူ ဖြစ်ပါတယ်။”
” ပြီးတော့ ရော်ဘင် ဗန်ပါစီကိုလည်း လေ့လာ ဖြစ်တယ်။
သူက ဘယ်သန်ပါပဲ။ ကျွန်တော် ဗန်ပါစီ ဂိုးတွေ အများကြီး
သွင်းယူတာ မြင်ခဲ့ရတယ်။
ဘယ်ခြေနဲ့ ဂိုးတွေ သွင်းယူတာ အသာအယာပဲ။
သူ့ရဲ့ နည်းစနစ်တွေကို ကျွန်တော် ကောင်းကောင်း လေ့လာဖြစ်တယ်။”
” ကျွန်တော် ကစားသမား တော်တော်များများကို လေ့လာ ဖြစ်တယ်။
အထူး သဖြင့် တိုက်စစ်မှူးတွေပေါ့။ ” လို့ ဟာလန်းကပြော ဆိုသွား ခဲ့ပါတယ်။
zawgyi
လက္စတာစီးတီး တိုက္စစ္မႉး ေဂ်မီဗာဒီဆီကေန ေလ့လာသင္ယူေနတယ္ ဟာလန္း
ဟာလန္းက သူဟာ ဒီထက္ ပိုမို တိုးတက္လာဖို႔ အတြက္
ေဘာလုံးပြဲမ်ားစြာကို ၾကည့္ရႈကာ သင္ယူေလ့လာေလ့ရွိတယ္လို႔
ထုတ္ေဖာ္ သြားခဲ့ၿပီး လက္စတာစီးတီး တိုက္စစ္မႉး
ေဂ်မီဗာဒီ ဆီကေန သူ ေလ့လာသင္ယူေနတဲ့
အရည္အေသြး တစ္ခုကို ထုတ္ေဖာ္ ေျပာဆို သြားခဲ့ပါတယ္။
ေနာ္ေဝး တိုက္စစ္မႉးဟာ ေဒါ့မြန္ အတြက္ ၇၉ ပြဲမွာ ဂိုး ၈၀ ထိ
သြင္းယူထားခဲ့သလို ဆဲဘတ္မွာတုန္းကလည္း
၂၇ ပြဲ ကစားကာ ၂၉ ဂိုးထိ သြင္းယူေပးခဲ့ ပါတယ္။
” ကြၽန္ေတာ္ ကစားသမား ေတာ္ေတာ္မ်ားမ်ားကို ေစာင့္ၾကည့္ ျဖစ္တယ္။
ဥပမာ အေနနဲ႔ ေျပာရရင္ နံပါတ္ ၁၀ ကစား သမား တစ္ေယာက္
ေဘာလုံး ရတဲ့ အခါမွာတစ္ဖက္ ဗဟို ေနာက္ခံလူေတြကို
ဘယ္လို ျဖတ္ေက်ာ္လဲ ဆိုတာကို ေလ့လာ ျဖစ္တယ္။”
” အဲဒီလို ျဖတ္ေက်ာ္တဲ့ ေနရာမွာ ကစားသမားေကာင္းေတြ အမ်ားႀကီး ရွိပါလိမ့္မယ္။
ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ဗာဒီက ကမာၻေပၚမွာ အေကာင္းဆုံးလို႔ ယူဆတယ္။”
” သူ ကစားပုံ အတိအက်ကို အတုယူဖို႔
ကြၽန္ေတာ္ အမ်ားႀကီး ေစာင့္ၾကည့္ ေလ့လာခဲ့တယ္။
ကြၽန္ေတာ္ ေဘာလုံးပြဲေတြ အမ်ားႀကီး ေစာင့္ၾကည့္ျဖစ္ၿပီး
အၿမဲတမ္း ေလ့လာ သင္ယူ ျဖစ္ပါတယ္။”
” ၿပီးေတာ့ ေရာ္ဘင္ ဗန္ပါစီကိုလည္း ေလ့လာ ျဖစ္တယ္။
သူက ဘယ္သန္ပါပဲ။ ကြၽန္ေတာ္ ဗန္ပါစီ ဂိုးေတြ အမ်ားႀကီး
သြင္းယူတာ ျမင္ခဲ့ရတယ္။
ဘယ္ေျခနဲ႔ ဂိုးေတြ သြင္းယူတာ အသာအယာပဲ။
သူ႔ရဲ႕ နည္းစနစ္ေတြကို ကြၽန္ေတာ္ ေကာင္းေကာင္း ေလ့လာျဖစ္တယ္။”
” ကြၽန္ေတာ္ ကစားသမား ေတာ္ေတာ္မ်ားမ်ားကို ေလ့လာ ျဖစ္တယ္။
အထူး သျဖင့္ တိုက္စစ္မႉးေတြေပါ့။ ” လို႔ ဟာလန္းကေျပာ ဆိုသြား ခဲ့ပါတယ္။