လက်ကျန် ၉ပွဲစလုံးနိုင်တာနဲ့ မန်စီးတီးရဲ့ပွဲကို စောင့်ကြည့်စရာမလိုဘဲ ချန်ပီယံဖြစ်တော့မယ့် လီဗာပူး

လီဗာပူးဟာ အာဆင်နယ်ကို အဝေးကွင်းမှာ

ဝ-၂ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက
မန်စီးတီးနဲ့ ပွဲတူ ၁ မှတ်အကွာအထိ ရောက်လာပြီး
တကယ်လို့ ရာသီကုန်အထိ လက်ကျန် ၉ပွဲစလုံး
အနိုင်ရတာနဲ့ မန်စီးတီးရဲ့ပွဲတွေကို စောင့်ကြည့်စရာမလိုဘဲ
မန်စီးတီးဆီကနေ အမှတ်ပေးချန်ပီယံဆု

ပြန်လည်လွှဲပြောင်းရယူနိုင်တော့မှာဖြစ်ပါတယ်။
အထူးသဖြင့် ဧပြီလ ၁၀ ရက်နေ့ကျရင်
အီတီဟတ်ကွင်းမှာ ကစားရမယ့် မန်စီးတီး-လီဗာပူးပွဲက
ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲဖြစ်လာပြီး
ခြေစွမ်းထက်နေတဲ့ အာဆင်နယ်ကိ အနိုင်ရခဲ့တဲ့ပွဲမှာ

တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျိုတာနဲ့ ဖာမီနိုတို့က ဂိုးတွေသွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ ဖာမီနိုရဲ့အဆုံးသတ်ဂိုးကို ဘယ်နောက်ခံလူ ရောဘတ်ဆန်
ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ယခုရာသီပရီးမီးယားလိဂ်မှာ
တစ်သင်းတစ်သင်းတည်းကနေ ဂိုးဖန်တီးမှု
၁၀ကြိမ်နဲ့အထက် ပြုလုပ်ပေးနိုင်တဲ့ ကစားသမား ၃ဦးအထိ

မွေးထုတ်ပေးနိုင်မှုအဖြစ် လီဗာပူးအသင်း ထပ်မံစံချိန်တင်နိုင်ခဲ့ပါတယ်။
အာနိုးလ်(၁၁ကြိမ်)၊ ဆာလာ(၁၀ကြိမ်)နဲ့ ရောဘတ်ဆန်(၁၀ကြိမ်)တို့ဖြစ်သလို
အခုတစ်ကြိမ်မတိုင်ခင် နောက်ဆုံးအကြိမ် ဒီလိုစွမ်းဆောင်နိုင်ခဲ့တာကလည်း
လီဗာပူးပဲဖြစ်ခဲ့ပြီး နောက်ထပ်ထူးခြားတာက ကစားသမား ၃ဦးကလည်း
အာနိုးလ်၊ ဆာလာနဲ့ ရောဘတ်ဆန်တို့ပဲဖြစ်ကာ

၂၀၁၉-၂၀ ရာသီက အဲဒီစံချိန်တင်ခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် နည်းပြ ကလော့ပ်ကလည်း ဂန္ထဝင်နည်းပြကြီး
ဘီလ်ရှန်ကလေပြီးနောက် အာဆင်နယ်ကို ပြိုင်ပွဲစုံနိုင်ပွဲ
အနည်းဆုံး ၁၀ပွဲရှိတဲ့ ဒုတိယမြောက် လီဗာပူးနည်းပြ
ဖြစ်လာပြီး ရှန်ကလေက ၂၈ပွဲမှာ ၁၁ပွဲအနိုင်ရခဲ့တာဖြစ်ပေမယ့်

ကလော့ပ်ကတော့ ၁၈ပွဲတည်းနဲ့ နိုင်ပွဲ ၁၀ပွဲရခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ
၉ပွဲဆက်အနိုင်ရထားပြီး ယခုရာသီဥရောပထိပ်တန်း
လိဂ် ၅ခုအနက် ဒုတိယမြောက် နိုင်ပွဲဆက်အရှည်ကြာဆုံး
အသင်းအဖြစ် ရပ်တည်နေကာ ထိပ်မှာတော့

မန်စီးတီးက ၁၂ပွဲနဲ့ စံချိန်တင်ထားပါတယ်။

Zawgyi

လက္က်န္ ၉ပြဲစလုံးႏိုင္တာနဲ႔ မန္စီးတီးရဲ႕ပြဲကို ေစာင့္ၾကည့္စရာမလိုဘဲ ခ်န္ပီယံျဖစ္ေတာ့မယ့္ လီဗာပူး

လီဗာပူးဟာ အာဆင္နယ္ကို အေဝးကြင္းမွာ
ဝ-၂ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက
မန္စီးတီးနဲ႔ ပြဲတူ ၁ မွတ္အကြာအထိ ေရာက္လာၿပီး
တကယ္လို႔ ရာသီကုန္အထိ လက္က်န္ ၉ပြဲစလုံး
အႏိုင္ရတာနဲ႔ မန္စီးတီးရဲ႕ပြဲေတြကို ေစာင့္ၾကည့္စရာမလိုဘဲ

မန္စီးတီးဆီကေန အမွတ္ေပးခ်န္ပီယံဆု
ျပန္လည္လႊဲေျပာင္းရယူႏိုင္ေတာ့မွာျဖစ္ပါတယ္။
အထူးသျဖင့္ ဧၿပီလ ၁၀ ရက္ေန႔က်ရင္
အီတီဟတ္ကြင္းမွာ ကစားရမယ့္ မန္စီးတီး-လီဗာပူးပြဲက
ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ေပးႏိုင္တဲ့ပြဲျဖစ္လာၿပီး

ေျခစြမ္းထက္ေနတဲ့ အာဆင္နယ္ကိ အႏိုင္ရခဲ့တဲ့ပြဲမွာ
တိုက္စစ္မႉးေတြျဖစ္တဲ့ ဂ်ိဳတာနဲ႔ ဖာမီႏိုတို႔က ဂိုးေတြသြင္းယူခဲ့ပါတယ္။
ဒီပြဲမွာ ဖာမီႏိုရဲ႕အဆုံးသတ္ဂိုးကို ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္
ဖန္တီးေပးႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီပရီးမီးယားလိဂ္မွာ
တစ္သင္းတစ္သင္းတည္းကေန ဂိုးဖန္တီးမႈ

၁၀ႀကိမ္နဲ႔အထက္ ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမား ၃ဦးအထိ
ေမြးထုတ္ေပးႏိုင္မႈအျဖစ္ လီဗာပူးအသင္း ထပ္မံစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
အာႏိုးလ္(၁၁ႀကိမ္)၊ ဆာလာ(၁၀ႀကိမ္)နဲ႔ ေရာဘတ္ဆန္(၁၀ႀကိမ္)တို႔ျဖစ္သလို
အခုတစ္ႀကိမ္မတိုင္ခင္ ေနာက္ဆုံးအႀကိမ္ ဒီလိုစြမ္းေဆာင္ႏိုင္ခဲ့တာကလည္း
လီဗာပူးပဲျဖစ္ခဲ့ၿပီး ေနာက္ထပ္ထူးျခားတာက ကစားသမား ၃ဦးကလည္း

အာႏိုးလ္၊ ဆာလာနဲ႔ ေရာဘတ္ဆန္တို႔ပဲျဖစ္ကာ
၂၀၁၉-၂၀ ရာသီက အဲဒီစံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။
ဒ့ါအျပင္ နည္းျပ ကေလာ့ပ္ကလည္း ဂႏၴဝင္နည္းျပႀကီး
ဘီလ္ရွန္ကေလၿပီးေနာက္ အာဆင္နယ္ကို ၿပိဳင္ပြဲစုံႏိုင္ပြဲ
အနည္းဆုံး ၁၀ပြဲရွိတဲ့ ဒုတိယေျမာက္ လီဗာပူးနည္းျပ

ျဖစ္လာၿပီး ရွန္ကေလက ၂၈ပြဲမွာ ၁၁ပြဲအႏိုင္ရခဲ့တာျဖစ္ေပမယ့္
ကေလာ့ပ္ကေတာ့ ၁၈ပြဲတည္းနဲ႔ ႏိုင္ပြဲ ၁၀ပြဲရခဲ့တာျဖစ္ပါတယ္။
လီဗာပူးဟာ လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္မွာ
၉ပြဲဆက္အႏိုင္ရထားၿပီး ယခုရာသီဥေရာပထိပ္တန္း
လိဂ္ ၅ခုအနက္ ဒုတိယေျမာက္ ႏိုင္ပြဲဆက္အရွည္ၾကာဆုံး

အသင္းအျဖစ္ ရပ္တည္ေနကာ ထိပ္မွာေတာ့
မန္စီးတီးက ၁၂ပြဲနဲ႔ စံခ်ိန္တင္ထားပါတယ္။