လက်ကျန်(၃)နေရာအတွက် အီတလီ၊ ပေါ်တူဂီအပါအဝင် ဥရောပ(၁၂)သင်းအပြိုင်လုရမယ်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်အုပ်စုတွင်းပွဲတွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

ဥရောပဇုန်က,ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခွဲတမ်း(၁၃)နေရာရရှိထားပြီး

အုပ်စု(၁၀)ခုမှာ ပထမရရှိခဲ့ကြတဲ့ ဆားဘီးယား၊ စပိန်၊ ဆွစ်ဇာလန်၊

ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ ခရိုအေးရှား၊ အင်္ဂလန်၊

ဂျာမနီတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး တခြားနာမည်ကျော်

အသင်းတွေဖြစ်တဲ့ ပေါ်တူဂီ၊ ဆွီဒင်၊ အီတလီတို့အပြင် ယူကရိန်း၊

ဝေးလ်စ်၊ စကော့တလန်၊ တူရကီ၊ ရုရှား၊ ပိုလန်၊ မြောက်မက်ဆီဒိုးနီးယားတို့ကတော့

အုပ်စုဒုတိယသာရခဲ့လို့ Play-offs ကစားရမှာဖြစ်ပါတယ်။

Play-offs အဆင့်မှာ အုပ်စုဒုတိယ(၁၀)သင်းနဲ့ ၂၀၂၀-၂၁

UEFA Nations League အုပ်စုပထမရခဲ့တဲ့ သြစတြီးယား၊

ချက်အသင်းတို့နဲ့အတူ စုစုပေါင်း(၁၂)သင်းဟာ

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် လက်ကျန်(၃)နေရာကို

အပြိုင်လုကြရတော့မှာပါ။ ဒီ(၁၂)သင်းမှာ ဦးစားပေးအဆင့်(Seeded)

သတ်မှတ်ခံခဲ့ရတာက ပေါ်တူဂီ၊ စကော့တလန်၊ အီတလီ၊ ရုရှား၊

ဆွီဒင်၊ ဝေးလ်စ်တို့ဖြစ်ပြီး အဆင့်မသတ်မှတ်(Unseeded)ခံရတဲ့

အသင်းတွေကတော့ တူရကီ၊ ပိုလန်၊ မြောက်မက်ဆီဒိုးနီးယား၊

ယူကရိန်း၊ သြစတြီးယား၊ ချက်တို့ပဲဖြစ်ပါတယ်။ ဒီ(၁၂)သင်းစလုံးကို

မဲနှိုက်ပြီးတော့ Path (A)၊ (B)၊ (C) လမ်းကြောင်း(၃)ခုမှာ

ဆီမီးဖိုင်နယ်နှစ်ပွဲ၊ ဗိုလ်လုပွဲတစ်ပွဲယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဗိုလ်လုပွဲမှာ

အနိုင်ရတဲ့(၃)သင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာပါ။

လမ်းကြောင်းတစ်ခုစီရဲ့ ဆီမီးဖိုင်နယ်နှစ်ပွဲမှာ Seeded အသင်းနဲ့

Unseeded အသင်းဆုံတွေ့မှာဖြစ်ပြီး ပွဲအားလုံးကို တစ်ကျော့တည်းနဲ့အပြီး

ကစားသွားမှာဖြစ်သလို Seeded အသင်းတွေအတွက် အားသာချက်ကတော့

ဆီမီးဖိုင်နယ်ပွဲကို အိမ်ကွင်းမှာကစားခွင့်ရမှာဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်လုပွဲရောက်ရင် ဘယ်အသင်းရဲ့ကွင်းမှာကစားမလဲဆိုတာ

တာဝန်ရှိသူတွေက မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပါတယ်။

အခုလောလောဆယ်အနေအထားအရ Seeded အသင်းစာရင်းမှာပါဝင်နေတဲ့

နာမည်ကြီးပေါ်တူဂီ၊ အီတလီအသင်းတို့ဟာ တူရကီ၊ ပိုလန်၊ ယူကရိန်း၊

ချက်တို့လို ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖို့ရှိနေသလို

ကံကောင်းရင်တော့ မြောက်မက်ဆီဒိုးနီးယား၊ သြစတြီးယားတို့နဲ့

ရင်ဆိုင်ရဖို့ရှိနေပါပြီ။ Play-offs ပွဲတွေကို လာမယ့်မတ်လ(၂၄)ရက်နဲ့

(၂၉)ရက်တွေမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်

လက်ကျန်(၃)နေရာကို ဘယ်အသင်းတွေပိုင်ဆိုင်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ . .

zawgyi

လက္က်န္(၃)ေနရာအတြက္ အီတလီ၊ ေပၚတူဂီအပါအဝင္ ဥေရာပ(၁၂)သင္းအၿပိဳင္လုရမယ္

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ ဥေရာပဇုန္အုပ္စုတြင္းပြဲေတြကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။

ဥေရာပဇုန္က,ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ခြဲတမ္း(၁၃)ေနရာရရွိထားၿပီး

အုပ္စု(၁၀)ခုမွာ ပထမရရွိခဲ့ၾကတဲ့ ဆားဘီးယား၊ စပိန္၊ ဆြစ္ဇာလန္၊

ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္၊ နယ္သာလန္၊ ခ႐ိုေအးရွား၊ အဂၤလန္၊

ဂ်ာမနီတို႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး တျခားနာမည္ေက်ာ္

အသင္းေတြျဖစ္တဲ့ ေပၚတူဂီ၊ ဆြီဒင္၊ အီတလီတို႔အျပင္ ယူကရိန္း၊

ေဝးလ္စ္၊ စေကာ့တလန္၊ တူရကီ၊ ႐ုရွား၊ ပိုလန္၊ ေျမာက္မက္ဆီဒိုးနီးယားတို႔ကေတာ့

အုပ္စုဒုတိယသာရခဲ့လို႔ Play-offs ကစားရမွာျဖစ္ပါတယ္။

Play-offs အဆင့္မွာ အုပ္စုဒုတိယ(၁၀)သင္းနဲ႔ ၂၀၂၀-၂၁

UEFA Nations League အုပ္စုပထမရခဲ့တဲ့ ၾသစႀတီးယား၊

ခ်က္အသင္းတို႔နဲ႔အတူ စုစုေပါင္း(၁၂)သင္းဟာ

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔အတြက္ လက္က်န္(၃)ေနရာကို

အၿပိဳင္လုၾကရေတာ့မွာပါ။ ဒီ(၁၂)သင္းမွာ ဦးစားေပးအဆင့္(Seeded)

သတ္မွတ္ခံခဲ့ရတာက ေပၚတူဂီ၊ စေကာ့တလန္၊ အီတလီ၊ ႐ုရွား၊

ဆြီဒင္၊ ေဝးလ္စ္တို႔ျဖစ္ၿပီး အဆင့္မသတ္မွတ္(Unseeded)ခံရတဲ့

အသင္းေတြကေတာ့ တူရကီ၊ ပိုလန္၊ ေျမာက္မက္ဆီဒိုးနီးယား၊

ယူကရိန္း၊ ၾသစႀတီးယား၊ ခ်က္တို႔ပဲျဖစ္ပါတယ္။ ဒီ(၁၂)သင္းစလုံးကို

မဲႏႈိက္ၿပီးေတာ့ Path (A)၊ (B)၊ (C) လမ္းေၾကာင္း(၃)ခုမွာ

ဆီမီးဖိုင္နယ္ႏွစ္ပြဲ၊ ဗိုလ္လုပြဲတစ္ပြဲယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဗိုလ္လုပြဲမွာ

အႏိုင္ရတဲ့(၃)သင္း ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မွာပါ။

လမ္းေၾကာင္းတစ္ခုစီရဲ႕ ဆီမီးဖိုင္နယ္ႏွစ္ပြဲမွာ Seeded အသင္းနဲ႔

Unseeded အသင္းဆုံေတြ႕မွာျဖစ္ၿပီး ပြဲအားလုံးကို တစ္ေက်ာ့တည္းနဲ႔အၿပီး

ကစားသြားမွာျဖစ္သလို Seeded အသင္းေတြအတြက္ အားသာခ်က္ကေတာ့

ဆီမီးဖိုင္နယ္ပြဲကို အိမ္ကြင္းမွာကစားခြင့္ရမွာျဖစ္ပါတယ္။

အဲဒီေနာက္ ဗိုလ္လုပြဲေရာက္ရင္ ဘယ္အသင္းရဲ႕ကြင္းမွာကစားမလဲဆိုတာ

တာဝန္ရွိသူေတြက မဲႏႈိက္ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

အခုေလာေလာဆယ္အေနအထားအရ Seeded အသင္းစာရင္းမွာပါဝင္ေနတဲ့

နာမည္ႀကီးေပၚတူဂီ၊ အီတလီအသင္းတို႔ဟာ တူရကီ၊ ပိုလန္၊ ယူကရိန္း၊

ခ်က္တို႔လို ခက္ခဲတဲ့ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနသလို

ကံေကာင္းရင္ေတာ့ ေျမာက္မက္ဆီဒိုးနီးယား၊ ၾသစႀတီးယားတို႔နဲ႔

ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။ Play-offs ပြဲေတြကို လာမယ့္မတ္လ(၂၄)ရက္နဲ႔

(၂၉)ရက္ေတြမွာယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ကမာၻ႔ဖလားဝင္ခြင့္

လက္က်န္(၃)ေနရာကို ဘယ္အသင္းေတြပိုင္ဆိုင္ႏိုင္မလဲဆိုတာေစာင့္ၾကည့္ရမွာပါ . .