
ပွဲစဥ်မှာ မန်ယူညာအစွန်ခံစစ်မှူး ဘစ်ဆာကာဟာ အရှိန်လွန်ပြီ
းကွင်းနံဘေးက ကြေညာဘုတ်ကို ဝင်တိုက်မိခဲ့ပါတယ်။
ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်ပိုင်းတွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး
ပွဲအပြီးမှာ ဘစ်ဆာကာကို ထမ်းစင်ပေါ်တင်ကာ
သယ်ထုတ်သွားခဲ့ရပါတယ်။ဘစ်ဆာကာဟာ အဲဒိပွဲချိန်အတွင်း
တစ်ညတည်းမှာပဲ ၂ ကြိမ်တိုင် ဒဏ်ရာရခဲ့တာပါ။
ကွင်းလယ်မှာ ဘောလုံးယှဥ်လုရာကလက်ကောက်ဝတ်မှာ
ဒဏ်ရာရခဲ့သလို ပွဲပြီးခါနီးရခဲ့တဲ့ဒဏ်ရာကတော့
မန်ယူပရိသတ်တွေအကြား စိုးရိမ်မှုတွေပါ မြင့်တက်စေခဲ့ရပါတယ်။
မန်ယူနည်းပြ ရန်းနစ်ခ်ကတော့ ဘစ်ဆာကာရဲ့ လက်ကောက်ဝတ်နဲ့
ဒူးမှာ ဒဏ်ရာရခဲ့ပြီး အသေးစိတ်စစ်ဆေးမှုတွေ
ထပ်လုပ်ရဦးမယ်လို့ပြောကြားထားသလို စနေနေ့ နော်ဝှစ်ပွဲမှာ
ပါနိုင်ဖို့လည်းမျှော်လင့်နေပါတယ်။ ဒါပေမယ့် ဘစ်ဆာကာရဲ့ ဒဏ်ရာရပုံ
အနေအထားအရ နော်ဝှစ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်
အဝေးကွင်းပွဲစဥ်မသေချာတော့ဘူးလို့ မီဒီယာတွေက
သုံးသပ်ဖော်ပြထားပါတယ်။
ဘစ်ဆာကာဟာ ဒီရာသီမန်ယူအတွက် ၁၈ ပွဲကစားထားသူဖြစ်ပြီး
အာဆင်နယ်၊ပဲလေ့စ်ပွဲျတွေမှာ အရန်ဖြစ်ခဲ့ရာက
ယန်းဘိွုင်းနဲ့ပွဲကျမှ ပွဲထွက်စာရင်းက ပြန်ပါလာတာပါ။
မန်ယူဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အုပ်စုဗိုလ်အဖြစ်
တက်သွားပြီးဖြစ်လို့ ယန်းဘိွုင်းပွဲမှာ နည်းပြရန်းနစ်ခ်က
ကစားသမား ၁၁ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
အရန်ကစားသမားအများစု ပွဲထွက်ကစားခဲ့တဲ့ မန်ယူအတွက်
ဂရင်းဝုဒ်က ပွဲချိန် ၉ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့်
ယန်းဘိွုင်းအတွက် ၄၂ မိနစ်မှာ ချေပဂိုးသွင်းသွားခဲ့တာပါ။
zawgyi
လက်ကောက်ဝတ်ဒဏ်ရာအပြင် ကြော်ညာဘုတ်ပါ ၀င်တိုက်ခဲ့တဲ့ ဘစ်ဆာကာ
အာဆင်နယ်၊ပဲလေ့စ်ပျွဲတွေမှာ အရန်ဖြစ်ခဲ့ရာက
ယန်းဘွိုင်းနဲ့ပွဲကျမှ ပွဲထွက်စာရင်းက ပြန်ပါလာတာပါ။
တက်သွားပြီးဖြစ်လို့ ယန်းဘွိုင်းပွဲမှာ နည်းပြရန်းနစ်ခ်က
ယန်းဘွိုင်းအတွက် ၄၂ မိနစ်မှာ ချေပဂိုးသွင်းသွားခဲ့တာပါ။