
အီတလီစူပါဖလားပွဲက နာကျင်အချိန်ပိုမှာ ဂျူဗင်တပ်အသင်း အရေးနိမ့်ခဲ့ပြီးနောက်
နောက်ခံလူဘိုနုချီဟာ ပြိုင်ဘက်အင်တာအသင်းအဖွဲ့ဝင်တစ်ဦးကို
ကိုယ်ထိလက်ရောက်ရန်ရှာခဲ့ပါတယ်။
အဲဒီပွဲမှာ ဂျူဗင်တပ်က စတင်ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့်
ပထမပိုင်းမှာပဲ ပင်နယ်တီနဲ့ ချေပခံခဲ့ရပြီး အချိန်ပိုမိနစ် ၃၀ ရဲ့နောက်ဆုံးမိနစ်မှာ
လူစားဝင်ဆန်းချက်ဇ်ကို အနိုင်ဂိုးကို ခွင့်ပြုလိုက်ရတာပါ။
အဲဒီအတွက် ဒေါသထွက်နေတဲ့ အီတလီလက်ရွေးစင်ဗဟိုနောက်ခံလူ
ဘိုနုချီဟာ အနီးအနားမှာရှိတဲ့ အင်တာအသင်းအတွင်းရေးမှုး
မော့ဇီလာကို တွန်းထိုးမှုလုပ်ခဲ့ပါတယ်။
ဘိုနုချီဟာ အဲဒီပွဲမှာ အရန်အဖြစ်သာရှိခဲ့ပြီး
ပင်နယ်တီအဆုံးအဖြတ်ရောက်တာနဲ့ ဝင်ကန်ဖို့အတွက်
ကွင်းဘေးမှာ စောင့်ဆိုင်းနေတာပါ။
ဂျူဗင်တပ်အသင်းနည်းပြအဖွဲ့ဝင်တစ်ယောက်ကလည်း
အဲဒီ ၃၄ နှစ်သားကို လူစားသွင်းဖို့အတွက် ဖရီးကစ်ပေးလိုက်ဖု့ိ
သူတို့ရဲ့ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။
ကံကဆိုးချင်တော့ ဆန်းချက်ဇ်က နောက်ဆုံးမိနစ်မှာ
အနိုင်ဂိုးသွင်းလိုက်တဲ့အတွက် လူစားဝင်ပြီး ပင်နယ်တီကန်မယ့်
ဘိုနုချီရဲ့အစီအစဉ်ဟာ ချက်ချင်းပဲပျက်ပြယ်သွားခဲ့ရပါတယ်။
အဲဒီအချိန် သူ့ဘေးနားမှာ အင်တာအသင်းအဖွဲ့ဝင်တွေက
အောင်ပွဲခံတာကိုမြင်လိုက်ရတဲ့အတွက် ဘိုနုချီဟာ
ဒေါသထွက်ထွက်နဲ့ပဲ မော့ဇီလိုကို တွန်းထိုးမှုလုပ်ခဲ့တာပါ။
အင်တာကို မရှုံးခင် လက်ရှိချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗင်တပ်ဟာ
အီတလီစူပါဖလားသမိုင်းမှာ စုစုပေါင်း ၉ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။
zawgyi
ရႈံးမဲ မဲၿပီး အင္တာအသင္းအတြင္းေရးမႈးကို တြန္းထိုးခဲ့တဲ့ ဂ်ဴဗင္တပ္လူၾကမ္းဘိုႏုခ်ီ
အီတလီစူပါဖလားပြဲက နာက်င္အခ်ိန္ပိုမွာ ဂ်ဴဗင္တပ္အသင္း အေရးနိမ့္ခဲ့ၿပီးေနာက္
ေနာက္ခံလူဘိုႏုခ်ီဟာ ၿပိဳင္ဘက္အင္တာအသင္းအဖြဲ႕ဝင္တစ္ဦးကို
ကိုယ္ထိလက္ေရာက္ရန္ရွာခဲ့ပါတယ္။
အဲဒီပြဲမွာ ဂ်ဴဗင္တပ္က စတင္ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္
ပထမပိုင္းမွာပဲ ပင္နယ္တီနဲ႔ ေခ်ပခံခဲ့ရၿပီး အခ်ိန္ပိုမိနစ္ ၃၀ ရဲ႕ေနာက္ဆုံးမိနစ္မွာ
လူစားဝင္ဆန္းခ်က္ဇ္ကို အႏိုင္ဂိုးကို ခြင့္ျပဳလိုက္ရတာပါ။
အဲဒီအတြက္ ေဒါသထြက္ေနတဲ့ အီတလီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူ
ဘိုႏုခ်ီဟာ အနီးအနားမွာရွိတဲ့ အင္တာအသင္းအတြင္းေရးမႈး
ေမာ့ဇီလာကို တြန္းထိုးမႈလုပ္ခဲ့ပါတယ္။
ဘိုႏုခ်ီဟာ အဲဒီပြဲမွာ အရန္အျဖစ္သာရွိခဲ့ၿပီး
ပင္နယ္တီအဆုံးအျဖတ္ေရာက္တာနဲ႔ ဝင္ကန္ဖို႔အတြက္
ကြင္းေဘးမွာ ေစာင့္ဆိုင္းေနတာပါ။
ဂ်ဴဗင္တပ္အသင္းနည္းျပအဖြဲ႕ဝင္တစ္ေယာက္ကလည္း
အဲဒီ ၃၄ ႏွစ္သားကို လူစားသြင္းဖို႔အတြက္ ဖရီးကစ္ေပးလိုက္ဖု႔ိ
သူတို႔ရဲ႕ကစားသမားေတြကို တိုက္တြန္းခဲ့ပါတယ္။
ကံကဆိုးခ်င္ေတာ့ ဆန္းခ်က္ဇ္က ေနာက္ဆုံးမိနစ္မွာ
အႏိုင္ဂိုးသြင္းလိုက္တဲ့အတြက္ လူစားဝင္ၿပီး ပင္နယ္တီကန္မယ့္
ဘိုႏုခ်ီရဲ႕အစီအစဥ္ဟာ ခ်က္ခ်င္းပဲပ်က္ျပယ္သြားခဲ့ရပါတယ္။
အဲဒီအခ်ိန္ သူ႔ေဘးနားမွာ အင္တာအသင္းအဖြဲ႕ဝင္ေတြက
ေအာင္ပြဲခံတာကိုျမင္လိုက္ရတဲ့အတြက္ ဘိုႏုခ်ီဟာ
ေဒါသထြက္ထြက္နဲ႔ပဲ ေမာ့ဇီလိုကို တြန္းထိုးမႈလုပ္ခဲ့တာပါ။
အင္တာကို မရႈံးခင္ လက္ရွိခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ဴဗင္တပ္ဟာ
အီတလီစူပါဖလားသမိုင္းမွာ စုစုေပါင္း ၉ ႀကိမ္နဲ႔ အေအာင္ျမင္ဆုံးအသင္းျဖစ္ပါတယ္။