ရှုံးမယ်ဆိုတာကြိုသိလို့ သွေးလေခြောက်ခြားနေခဲ့တာလား ဂွါဒီယိုလာ

လီဗာပူးနဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ နည်းပြဂွါဒီယိုလာရဲ့ ထူးခြားတဲ့ အပြုအမူတစ်ခုကို ကောင်းကောင်း သတိထားမိခဲ့တယ်လို့ Sky Sport ရဲ့ အစီ အစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ပြောဆိုလိုက်ပါ တယ်။

အန်ဖီးလ်ကွင်းကို အလည်ရောက်လာတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဟာ ရတက်မအေးတဲ့ ပုံစံမျိုးနဲ့ စိတ်လှုပ်ရှားနေခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။

ပွဲမတိုင်ခင်မှာ စပိန်သားနည်းပြတစ်ယောက် သူများနဲ့မတူဘဲ တစ်မူထူးခြားနေပုံကို ဂယ်ရီနဗီးလ်က အခုလိုမျိုး ပြန်လည်ဖွင့်ဟခဲ့ပါတယ်။

‘’ဒီပွဲဟာ ခက်ခဲမယ်ဆိုတာကို ဂွါဒီယိုလာ သိနေပါတယ်။ ပွဲမစခင် နာရီဝက်လောက်အလိုအချိန်မှာ ကျွန်တော် ကွင်းဘေးမှာ ထိုင်နေတာပါ။

အဲဒီအချိန် မန်စီးတီး အရန်ခုံတန်းလျားမှာလည်း ဂွါဒီယိုလာ ထိုင်နေပါတယ်။ သူလည်း အဲဒီမှာ နာရီဝက်လောက်ကတည်းက တစ်ယောက်တည်း ကြိုရောက်နေတာဖြစ်ပြီး ထိုင်နေတာပဲ။

ဘယ်နေရာမှာမှ မလုပ်ခဲ့ဖူးတဲ့အပြုအမူမျိုးကို သူလုပ်နေခဲ့တာပါ။

အဝေးကွင်းတွေမှာဆိုရင် ပုံမှန်အားဖြင့် သူဟာအဲဒီလို မျိုး လုပ်လေ့မရှိပါဘူး’’ လို့ ဂယ်ရီနဗီးလ်က Sky Sport ရဲ့ အပတ်စဉ် သတင်းအစီအစဉ်မှာ ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးဟာ ပြိုင်ဘက်တိုက်စစ်မှူး မိုဟာမက် ဆာလက်ရှ်ရဲ့ ဒုတိယ ပိုင်း သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲအရသာကို စတင်မြည်းစမ်းခွင့် ရခဲ့ပြီဖြစ်ပါတယ်။

နောက်ပြီး အမှတ် ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၄ မှတ်ကွာသွားပြီ ဖြစ်သလို ရှုံးပွဲမရှိ မှတ်တမ်းလည်း ပျက်သုဉ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ချန်ပီယံပြိုင်ဘက်အသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာ ကြောင့် လီဗာပူး-မန်စီးတီးပွဲစဉ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲပြီးခါနီးမှာ တော့ အိမ်ရှင်အသင်းနည်းပြ ဂျာဂင်ကလော့ပ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတဲ့အထိကို ပွဲအရှိန် မြင့်ခဲ့ပါတယ်။

(Zawgyi)

ရႈံးမယ္ဆိုတာႀကိဳသိလို႔ ေသြးေလေျခာက္ျခားေနခဲ့တာလား ဂြါဒီယိုလာ

လီဗာပူးနဲ႔ ကစားမယ့္ ပြဲစဥ္မတိုင္ခင္မွာ နည္းျပဂြါဒီယိုလာရဲ႕ ထူးျခားတဲ့ အျပဳ အမူတစ္ခုကို ေကာင္းေကာင္း သတိထားမိခဲ့တယ္လို႔ Sky Sport ရဲ႕ အစီ အစဥ္တင္ဆက္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ဂယ္ရီနဗီးလ္က ေျပာဆိုလိုက္ပါ တယ္။

အန္ဖီးလ္ကြင္းကို အလည္ေရာက္လာတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ဟာ ရတက္မေအးတဲ့ ပုံစံမ်ိဳးနဲ႔ စိတ္လႈပ္ရွားေနခဲ့တာကို ေတြ႕ခဲ့ရတယ္လို႔ ဂယ္ရီနဗီးလ္က ဆိုပါတယ္။

ပြဲမတိုင္ခင္မွာ စပိန္သားနည္းျပတစ္ေယာက္ သူမ်ားနဲ႔မတူဘဲ တစ္မူထူးျခားေနပုံကို ဂယ္ရီနဗီးလ္က အခုလိုမ်ိဳး ျပန္လည္ ဖြင့္ဟခဲ့ပါတယ္။ ‘’ဒီပြဲဟာ ခက္ခဲမယ္ဆိုတာကို ဂြါဒီယိုလာ သိေနပါတယ္။

ပြဲမစခင္ နာရီဝက္ေလာက္အလိုအခ်ိန္မွာ ကြၽန္ေတာ္ ကြင္းေဘးမွာ ထိုင္ေန တာပါ။ အဲဒီအခ်ိန္ မန္စီးတီး အရန္အသင္း ခုံတန္းလ်ားမွာလည္း ဂြါဒီယိုလာ ထိုင္ေနပါတယ္။

သူလည္း အဲဒီမွာ နာရီဝက္ေလာက္ကတည္းက တစ္ေယာက္တည္း ႀကိဳေရာက္ေနတာျဖစ္ၿပီး ထိုင္ေနတာပဲ။ ဘယ္ေနရာမွာမွ မလုပ္ခဲ့ဖူးတဲ့ အျပဳအမူမ်ိဳးကို သူ လုပ္ေနခဲ့တာပါ။

အေဝးကြင္းေတြမွာဆိုရင္ ပုံမွန္အားျဖင့္ သူဟာ အဲဒီလို မ်ိဳး လုပ္ေလ့မရွိပါဘူး’’ လို႔ ဂယ္ရီနဗီးလ္က Sky Sport ရဲ႕ အပတ္စဥ္ သတင္းအစီအစဥ္မွာ ေျပာဆိုသြားခဲ့တာပဲျဖစ္ပါတယ္။

ဒီပြဲမွာ မန္စီးတီးဟာ ၿပိဳင္ဘက္တိုက္စစ္မႉး မိုဟာမက္ ဆာလက္ရွ္ရဲ႕ ဒုတိယ ပိုင္း သြင္းဂိုးေၾကာင့္ အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး ဒီရာသီ ပထမဆုံး ပရီးမီးယား လိဂ္ရႈံးပြဲအရသာကို စတင္ျမည္းစမ္းခြင့္ ရခဲ့ၿပီျဖစ္ပါတယ္။

ေနာက္ၿပီး အမွတ္ ေပးဇယားကို ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ အာဆင္နယ္နဲ႔ ၄ မွတ္ကြာသြားၿပီ ျဖစ္သလို ရႈံးပြဲမရွိ မွတ္တမ္းလည္း ပ်က္သုဥ္းသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းက ခ်န္ပီယံၿပိဳင္ဘက္အသင္းႏွစ္သင္း ေတြ႕ဆုံတဲ့ပြဲစဥ္ျဖစ္တာ ေၾကာင့္ လီဗာပူး-မန္စီးတီးပြဲစဥ္ဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ၿပီး ပြဲၿပီးခါနီးမွာ ေတာ့ အိမ္ရွင္အသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံရတဲ့အထိကို ပြဲအရွိန္ ျမင့္ခဲ့ပါတယ္။