
“ဒီလိုပွဲမျိုးမှာ ကိုယ့်အသင်းကဦးဆောင်နိုင်နေပြီးခါမှ
အမှတ်ပြန်အလုခံလိုက်ရတာကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။
ဒါပေမယ့် ဒီလို ခက်ခဲ့တဲ့ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့
ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။” လို့
မိုက်ကယ် ကာရစ်က ပွဲပြီးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ပွဲရဲ့ လူစားရင်ထွက်လာချိန်မှာ ရော်နယ်ဒိုမပါဝင်ခဲ့တာကြောင့်
ယူနိုက်တက်ပရိသတ်တွေက ကာရစ်ရဲ့ ပွဲထွက်လူစာရင်းအပေါ်
ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပွဲမှာ ချယ်လ်ဆီးလိုအသင်းရဲ့ တိုက်စစ်ကို
အသင်းလိုက်ထိန်းချုပ်သွားနိုင်ခဲ့တဲ့ ကာရစ်ရဲ့ဗျူဟာကတော့ အသိအမှတ်ပြုရမှာပါ။
ဒီပွဲမှာ ယူနိုက်တက်ကွင်းလယ်နဲ့ ခံစစ် ကစားသမားတွေဟာ
ချယ်လ်ဆီး တိုက်စစ် ကစားသမားတွေနဲ့ full backတွေရဲ့ ဂိုးဧရိယာထဲမှာ
ချိတ်ဆက်နေရာယူပြီး ဂိုးသွင့်ခွင့်မရအောင် ဟန်ချက်ညီညီနဲ့ ပိတ်ဆို့ကစားခဲ့ကြပါတယ်။
ချယ်လ်ဆီး အသင်းဟာ ပွဲအစကတည်းက ယူနိုက်တက် အသင်းဘက်ကို
ဖိကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့်
တစ်ကယ်တန်း ဦးဆောင်ဂိုးရရှိခဲ့တာက ယူနိုက်တက်အသင်းပါ။
ဒုတိယပိုင်း မိနစ်(၅၀)မှာ ချယ်လ်ဆီး ကွင်းလယ်ကစားသမား
ဂျော်ဂျင်ဟို ရဲ့ဘောလုံးထိန်းမသေသပ်တာကတဆင့် ဆန်ချိုက
ကွင်းလယ်ကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးသွားပြီး မန်ဒီနဲ့
တယောက်ချင်းအတွေ့မှာအပိုင်ကန်သွင်းသွားခဲ့ပါတယ်။
ဒီဂိုးဟာ ဆန်ချို အတွက် ယူနိုက်တက် ကစားသမားဘဝ
ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးရဲ့ သွင်းဂိုးကတော့ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားစရာ
ဆုံးဖြတ်ချက်ကြောင့် ရရှိခဲ့တယ်လို့ဆိုရမှာပါပဲ။
ကာရစ်ကလည်း “ဝမ်ဘစ်ဆာကာရဲ့ဘောလုံးရှင်းထုတ်မှုကို
ပင်နယ်တီလို့ကျွန်တော်မထင်ဘူး။ ဒီနေ့ အသင်းရဲ့ခံစစ်ကစားပုံလည်း
အတော်ကိုကောင်းတယ် ကစားပုံက လုံးဝသေသပ်တယ်။
သူတို့ရဲ့ကစားခဲ့ပုံအပေါ် ကျွန်တော်က အပြစ်မြင်စရာမရှိခဲ့ပါဘူး” ဆိုပြီး
ပြောခဲ့ပါတယ်။ ပွဲချိန် (၆၉)မိနစ်မှာ သီယာဂိုဆေးလ်ဗားနဲ့
ဝမ်ဘစ်စကာတို့ ဂိုးဧရိယာထဲမှာ ဘောလုံးယှဉ်လုရာ ဝမ်ဘစ်စကာက
ဘောလုံးမထိဘဲ သီယာဂိုဆေးလ်ဗားကို ကန်မိသလို ဖြစ်သွားတာကြောင့်
ဒိုင်လူကြီးက ပင်နယ်တီအဖြစ်သတ်မှတ်ခဲ့တာပါ။
ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး
ချေပရိုးရယူသွားခဲ့ပါတယ်။
ပွဲပြီးမှာတော့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ
(၁-၁)ရလဒ်နဲ့ သရေကျခဲ့သလို နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံရပြီးချိန်မှာ
တာဝန်ယူထားတဲ့ ကာရစ်ဟာလည်း ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့ပါတယ်။
ကာရစ်က ” ကျွန်တော်တို့ အသင်းဟာ ဒီရာသီမှာ ကောင်းကောင်းမကစားနိုင်ခဲ့တဲ့
အချိန်တွေရှိခဲ့တာကို လုံးဝသဘောတူပါတယ်။ ဒါပေမယ့် မကြာခင်မှာ
ရလဒ်ကောင်းတွေယူဆောင်လာနိုင်တော့မယ်လို့ ယုံကြည်နေပါတယ်ဆိုပြီး” ပြောသွားခဲ့ပါတယ်။
zawgyi
ရႈံးပြဲမရွိေသးတဲ့ မွတ္တမ္းေကာင္းတစ္ခုကိုရရွိထားေသးတဲ့ ကာရစ္
“ဒီလိုပြဲမ်ိဳးမွာ ကိုယ့္အသင္းကဦးေဆာင္ႏိုင္ေနၿပီးခါမွ
အမွတ္ျပန္အလုခံလိုက္ရတာကေတာ့ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။
ဒါေပမယ့္ ဒီလို ခက္ခဲ့တဲ့ၿပိဳင္ပြဲမွာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တဲ့
ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအတြက္ ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္။” လို႔
မိုက္ကယ္ ကာရစ္က ပြဲၿပီးအင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။
ပြဲရဲ႕ လူစားရင္ထြက္လာခ်ိန္မွာ ေရာ္နယ္ဒိုမပါဝင္ခဲ့တာေၾကာင့္
ယူႏိုက္တက္ပရိသတ္ေတြက ကာရစ္ရဲ႕ ပြဲထြက္လူစာရင္းအေပၚ
ေဝဖန္မႈေတြရွိခဲ့ေပမယ့္ ပြဲမွာ ခ်ယ္လ္ဆီးလိုအသင္းရဲ႕ တိုက္စစ္ကို
အသင္းလိုက္ထိန္းခ်ဳပ္သြားႏိုင္ခဲ့တဲ့ ကာရစ္ရဲ႕ဗ်ဴဟာကေတာ့ အသိအမွတ္ျပဳရမွာပါ။
ဒီပြဲမွာ ယူႏိုက္တက္ကြင္းလယ္နဲ႔ ခံစစ္ ကစားသမားေတြဟာ
ခ်ယ္လ္ဆီး တိုက္စစ္ ကစားသမားေတြနဲ႔ full backေတြရဲ႕ ဂိုးဧရိယာထဲမွာ
ခ်ိတ္ဆက္ေနရာယူၿပီး ဂိုးသြင့္ခြင့္မရေအာင္ ဟန္ခ်က္ညီညီနဲ႔ ပိတ္ဆို႔ကစားခဲ့ၾကပါတယ္။
ခ်ယ္လ္ဆီး အသင္းဟာ ပြဲအစကတည္းက ယူႏိုက္တက္ အသင္းဘက္ကို
ဖိကစားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈအမ်ားအျပားျပဳလုပ္ႏိုင္ခဲ့ေပမယ့္
တစ္ကယ္တန္း ဦးေဆာင္ဂိုးရရွိခဲ့တာက ယူႏိုက္တက္အသင္းပါ။
ဒုတိယပိုင္း မိနစ္(၅၀)မွာ ခ်ယ္လ္ဆီး ကြင္းလယ္ကစားသမား
ေဂ်ာ္ဂ်င္ဟို ရဲ႕ေဘာလုံးထိန္းမေသသပ္တာကတဆင့္ ဆန္ခ်ိဳက
ကြင္းလယ္ကေန လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးသြားၿပီး မန္ဒီနဲ႔
တေယာက္ခ်င္းအေတြ႕မွာအပိုင္ကန္သြင္းသြားခဲ့ပါတယ္။
ဒီဂိုးဟာ ဆန္ခ်ိဳ အတြက္ ယူႏိုက္တက္ ကစားသမားဘဝ
ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးလည္း ျဖစ္ပါတယ္။
ခ်ယ္လ္ဆီးရဲ႕ သြင္းဂိုးကေတာ့ ကြင္းလယ္ဒိုင္ရဲ႕ အျငင္းပြားစရာ
ဆုံးျဖတ္ခ်က္ေၾကာင့္ ရရွိခဲ့တယ္လို႔ဆိုရမွာပါပဲ။
ကာရစ္ကလည္း “ဝမ္ဘစ္ဆာကာရဲ႕ေဘာလုံးရွင္းထုတ္မႈကို
ပင္နယ္တီလို႔ကြၽန္ေတာ္မထင္ဘူး။ ဒီေန႔ အသင္းရဲ႕ခံစစ္ကစားပုံလည္း
အေတာ္ကိုေကာင္းတယ္ ကစားပုံက လုံးဝေသသပ္တယ္။
သူတို႔ရဲ႕ကစားခဲ့ပုံအေပၚ ကြၽန္ေတာ္က အျပစ္ျမင္စရာမရွိခဲ့ပါဘူး” ဆိုၿပီး
ေျပာခဲ့ပါတယ္။ ပြဲခ်ိန္ (၆၉)မိနစ္မွာ သီယာဂိုေဆးလ္ဗားနဲ႔
ဝမ္ဘစ္စကာတို႔ ဂိုးဧရိယာထဲမွာ ေဘာလုံးယွဥ္လုရာ ဝမ္ဘစ္စကာက
ေဘာလုံးမထိဘဲ သီယာဂိုေဆးလ္ဗားကို ကန္မိသလို ျဖစ္သြားတာေၾကာင့္
ဒိုင္လူႀကီးက ပင္နယ္တီအျဖစ္သတ္မွတ္ခဲ့တာပါ။
ဒီပင္နယ္တီကို ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိကန္သြင္းခဲ့ၿပီး
ေခ်ပ႐ိုးရယူသြားခဲ့ပါတယ္။ ပြဲၿပီးမွာေတာ့ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္တို႔ဟာ
(၁-၁)ရလဒ္နဲ႔ သေရက်ခဲ့သလို နည္းျပဆိုးလ္ရွား ထုတ္ပယ္ခံရၿပီးခ်ိန္မွာ
တာဝန္ယူထားတဲ့ ကာရစ္ဟာလည္း ရႈံးပြဲမရွိေသးတဲ့ မွတ္တမ္းေကာင္းတစ္ခုကိုရရွိခဲ့ပါတယ္။
ကာရစ္က ” ကြၽန္ေတာ္တို႔ အသင္းဟာ ဒီရာသီမွာ ေကာင္းေကာင္းမကစားႏိုင္ခဲ့တဲ့
အခ်ိန္ေတြရွိခဲ့တာကို လုံးဝသေဘာတူပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ
ရလဒ္ေကာင္းေတြယူေဆာင္လာႏိုင္ေတာ့မယ္လို႔ ယုံၾကည္ေနပါတယ္ဆိုၿပီး” ေျပာသြားခဲ့ပါတယ္။