ရှုံးပွဲတွေ့ခဲ့ပေမဲ့ စတာလင်ကို အရှက်ကွဲအောင် လုပ်နိုင်ခဲ့တဲ့ မက်ဆီ

မန်စီးတီးအသင်းဟာ မနေ့ညတုန်းကပီအက်စ်ဂျီကို အိမ်ကွင်းမှာ ၂-၁ နဲ့

အနိုင်ရခဲ့ပေမယ့် မက်ဆီရဲ့ပညာပြမှုကြောင့် စတာလင်းတစ် ယောက်

အနည်းငယ်အရှက်ရခဲ့ပုံရှိတယ်လို့ သိရပါတယ်။

ဒီပွဲဟာချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲဖြစ်ပြီး ပီအက်စ်ဂျီကိုပြောင်းပြီးနောက်

မက် ဆီအတွက် အင်္ဂလန်မြေကပထမဆုံးပွဲဖြစ်သလို သူ့နည်းပြဟောင်း

ဂွာဒီယိုလာနဲ့ထိပ်တိုက်ပြန်တွေ့တဲ့ပွဲလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့ တဲ့နွေရာသီက ၁၇ နှစ်ကြာနေခဲ့တဲ့ဘာစီလိုနာကိုစွန့်ခွာပြီး

ပြင်သစ်မြေကိုရောက်ရှိလာတာဖြစ်ပါတယ်။ သူဟာပီအက်စ်ဂျီမှ

ာထင်သ လောက်ခြေစွမ်းမပြနိုင်သေးပေမယ့် သူ့အစွမ်းအစနဲ့

ဘောလုံးအရည်အသွေးကိုတော့ထုတ်ပြနိုင်ခဲ့ပါတယ်။ မနေ့ညကပွဲမှာ

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြိုင်ဘက်ကစားသမား

စတာလင်းရဲ့ပေါင်ကြားထဲကနေဘောလုံးထုတ်ပြီးလှည့်ဖျားနိုင်ခဲ့တာပါ။

ဒါမျိုးပြုလုပ် မှုကို nutmeg လို့ခေါ်ပြီး ကစားသမားအချင်းချင်းအရှက်ရစေတဲ့

လှည့်ဖျားမှုတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ပွဲချိန် ၆ မိနစ်မှာ

ကွင်းလယ်စက်ဝိုင်းအတွင်းရှိနေတဲ့ မက်ဆီဟာကစားဖော်နေမာဆီကနေ

ဘောလုံးရရှိခဲ့ပြီးနောက် ဇင်ချန်ကို ကိုလှည့် ထွက်ခဲ့တဲ့အပြင်

ဘောလုံးလာလုတဲ့စတာလင်းကိုလည်းပေါင်ကြားထဲကနေထုတ်ပြီးလှည့်စားခဲ့တာပါ။

ဒီလှည့်ဖျားမှုဟာစက္ကန့်ပိုင်းအ တွင်းဖြစ်သလိုဂိုးရရှိစေတဲ့အထိ

မဖြစ်ခဲ့ပေမယ့်လိုအပ်လာရင်သူ့မှာအစွမ်းအစဘယ်လောက်ရှိသလဲဆိုတာကို

မက်ဆီပြသခဲ့ခြင်းဖြစ် တယ်လို့ ဆိုကြပါတယ်။ မက်ဆီရဲ့ဒီလိုအလုပ်ခံရသူတွေထဲမှာ

စတာလင်းကပထမဆုံးတော့မဟုတ်သလို စတာလင်းအတွက်လည်း

ဘာထူးခြားမှုမှမရှိခဲ့ပေမယ့် နည်းနည်းတော့ရှက်စရာဖြစ်ခဲ့တယ်လို့ယူဆနေကြပါတယ်။

ဒါကြောင့်လည်း မက်ဆီရဲ့ nutmeg လုပ်ပြမှုကိုအွန်လိုင်းပေါ်မှ

ာချီးကျူးမှုတွေရှိနေကြပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ

အိမ်ရှင် မန်စီးတီးကိုခြေစွမ်းခြင်းမယှဥ်နိုင်ခဲ့သလို ရလဒ်ပိုင်းလည်း

ရှုံးနိမ့်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့်မန်စီးတီးဟာ ပထမအကျော့ကအရှုံးကို

ချေ ဖျက်နိုင်ခဲ့သလို အုပ်စုဗိုလ်စွဲဖို့လည်းသေချာသွားပြီဖြစ်ပါတယ်။

zawgyi

ရႈံးပြဲေတြ႕ခဲ့ေပမဲ့ စတာလင္ကို အရွက္ကြဲေအာင္ လုပ္ႏိုင္ခဲ့တဲ့ မက္ဆီ

မန္စီးတီးအသင္းဟာ မေန႔ညတုန္းကပီအက္စ္ဂ်ီကို အိမ္ကြင္းမွာ ၂-၁ နဲ႔

အႏိုင္ရခဲ့ေပမယ့္ မက္ဆီရဲ႕ပညာျပမႈေၾကာင့္ စတာလင္းတစ္ ေယာက္

အနည္းငယ္အရွက္ရခဲ့ပုံရွိတယ္လို႔ သိရပါတယ္။

ဒီပြဲဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲျဖစ္ၿပီး ပီအက္စ္ဂ်ီကိုေျပာင္းၿပီးေနာက္

မက္ ဆီအတြက္ အဂၤလန္ေျမကပထမဆုံးပြဲျဖစ္သလို သူ႔နည္းျပေဟာင္း

ဂြာဒီယိုလာနဲ႔ထိပ္တိုက္ျပန္ေတြ႕တဲ့ပြဲလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့ တဲ့ေႏြရာသီက ၁၇ ႏွစ္ၾကာေနခဲ့တဲ့ဘာစီလိုနာကိုစြန႔္ခြာၿပီး

ျပင္သစ္ေျမကိုေရာက္ရွိလာတာျဖစ္ပါတယ္။ သူဟာပီအက္စ္ဂ်ီမွ

ာထင္သ ေလာက္ေျခစြမ္းမျပႏိုင္ေသးေပမယ့္ သူ႔အစြမ္းအစနဲ႔

ေဘာလုံးအရည္အေသြးကိုေတာ့ထုတ္ျပႏိုင္ခဲ့ပါတယ္။ မေန႔ညကပြဲမွာ

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပိဳင္ဘက္ကစားသမား

စတာလင္းရဲ႕ေပါင္ၾကားထဲကေနေဘာလုံးထုတ္ၿပီးလွည့္ဖ်ားႏိုင္ခဲ့တာပါ။

ဒါမ်ိဳးျပဳလုပ္ မႈကို nutmeg လို႔ေခၚၿပီး ကစားသမားအခ်င္းခ်င္းအရွက္ရေစတဲ့

လွည့္ဖ်ားမႈတစ္ခုအျဖစ္သတ္မွတ္ထားၾကပါတယ္။ ပြဲခ်ိန္ ၆ မိနစ္မွာ

ကြင္းလယ္စက္ဝိုင္းအတြင္းရွိေနတဲ့ မက္ဆီဟာကစားေဖာ္ေနမာဆီကေန

ေဘာလုံးရရွိခဲ့ၿပီးေနာက္ ဇင္ခ်န္ကို ကိုလွည့္ ထြက္ခဲ့တဲ့အျပင္

ေဘာလုံးလာလုတဲ့စတာလင္းကိုလည္းေပါင္ၾကားထဲကေနထုတ္ၿပီးလွည့္စားခဲ့တာပါ။

ဒီလွည့္ဖ်ားမႈဟာစကၠန႔္ပိုင္းအ တြင္းျဖစ္သလိုဂိုးရရွိေစတဲ့အထိ

မျဖစ္ခဲ့ေပမယ့္လိုအပ္လာရင္သူ႔မွာအစြမ္းအစဘယ္ေလာက္ရွိသလဲဆိုတာကို

မက္ဆီျပသခဲ့ျခင္းျဖစ္ တယ္လို႔ ဆိုၾကပါတယ္။ မက္ဆီရဲ႕ဒီလိုအလုပ္ခံရသူေတြထဲမွာ

စတာလင္းကပထမဆုံးေတာ့မဟုတ္သလို စတာလင္းအတြက္လည္း

ဘာထူးျခားမႈမွမရွိခဲ့ေပမယ့္ နည္းနည္းေတာ့ရွက္စရာျဖစ္ခဲ့တယ္လို႔ယူဆေနၾကပါတယ္။

ဒါေၾကာင့္လည္း မက္ဆီရဲ႕ nutmeg လုပ္ျပမႈကိုအြန္လိုင္းေပၚမွ

ာခ်ီးက်ဴးမႈေတြရွိေနၾကပါတယ္။ ဒီပြဲမွာ ပီအက္စ္ဂ်ီအသင္းဟာ

အိမ္ရွင္ မန္စီးတီးကိုေျခစြမ္းျခင္းမယွဥ္ႏိုင္ခဲ့သလို ရလဒ္ပိုင္းလည္း

ရႈံးနိမ့္ခဲ့ပါတယ္။ အခုႏိုင္ပြဲေၾကာင့္မန္စီးတီးဟာ ပထမအေက်ာ့ကအရႈံးကို

ေခ် ဖ်က္ႏိုင္ခဲ့သလို အုပ္စုဗိုလ္စြဲဖို႔လည္းေသခ်ာသြားၿပီျဖစ္ပါတယ္။