“အခုဆိုရင် ကျွန်တော်ရောက်နေတဲ့နေရာက
တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေနဲ့ဘာမှ မဝေးတော့ဘူး။
တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့နေရာနဲ့ဆိုရင်
ကီလိုမီတာ ၁၂၀ (၇၄ မိုင်ကျော်)ပဲ ဝေးတယ်။
ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ကိုချခဲ့လို့ အိုကေပါတယ်။
ကြောက်လည်း မကြောက်ဘူး” ရှီရစ်ဖ်နည်းပြဟောင်း ယူရီဗာနီဒက်ဖ်က
ဘီဘီစီနဲ့ အင်တာဗျုးမှာ ပြောကြားခဲ့တဲ့ စကားတွေပါ။
ယူရီဗာနီဒက်ဖ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ အားလုံးကို အံ့အားသင့်စေနိုင်ခဲ့တဲ့
မော်လ်ဒိုဗာကလပ် ရှီရစ်ဖ်ကို ဦးဆောင်ခဲ့သူပါ။
ရှီရစ်ဖ်ဟာ ခြေစစ်ပွဲအဆင့်ဆင့်ကိုဖြတ်ကျော်ပြီးနောက်
ရီးရဲလ်၊ အင်တာ၊ ရှက်တာဒိုးနက်တို့ပါတဲ့အုပ်စုမှာ တတိယသာရခဲ့ပေမယ့်
ရီးရဲလ်ကို ဘာနေဗျုးမှာ ၁-၂ နဲ့ အနိုင်ကစားပြီး သမိုင်းတွင်စေနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ မှာတော့ ရုရုားတပ်တွေက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ခဲ့လို့
ယူကရိန်း အားကစားသမားတွေ၊ လူငယ်တွေ၊
လက်နက်ကိုင်နိုင်တဲ့အရွယ်ရှိသူတွေဟာ အမိမြေကို ကာကွယ်ဖို့
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေထဲကို တဖွဲဖွဲဝင်ရောက် လာကြပါတယ်။
အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ ယူရီဗာနီဒက်ဖ်ကလည်း
ဖေဖော်ဝါရီလမကုန်ခင်လေးမှာ ရှီရစ်ဖ်ကနေ ထွက်ခွွါပြီး
ပြည်သူ့စစ်သားဘဝကို ခံယူကာ ရုရှားတွေကို တိုက်ခိုက်ဖို့ရွေးချယ်လိုက်တာပါ။
ရုရှားတွေကျုးကျော်လာတဲ့ အဖြစ်ဆိုးကြီကြောင့်
ယူကရိန်းတွေအားလုံးစည်းလုံးသွားခဲ့သလို လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာလည်း
ယူကရိန်းကပဲ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း
ယူရီဗာနီဒက်ဘ်က ပြောကြားခဲ့ပါသေးတယ်။
သူ့ရဲ့ဘဝဟာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်းပြောင်းလဲသွားခဲ့တယ်လို့လည်း
ယူရီဗာနီဒက်ဘ်ကဆိုပါတယ်။ ဘာတွေလုပ်နေတယ်ဆိုတာကို
အသေးစိတ်မပြောပြနိုင်ပေမယ့် ညွှန်ကြားလာမှုတွေကို နာခံပြီး
တိုက်ပွဲဝင်ဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
ထို့အတူ ရုရှားသမ္မတ ပူတင်နဲ့သူ့ရဲ့အသိုင်းအဝန်းကိုသာမက
သူတို့တွေကို ပြစ်တင်ဝေဖန်ခြင်း မရှိတဲ့ ရုရှားတွေကိုလည်း
နားမလည်နိုင်ဘူးလို့ ယူရီကဆိုပါတယ်။
ရုရှားစစ်တပ်တွေက စစ်အခြေစိုက်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တာ်လို့
ကြေညာပေမယ့် အမှန်တကယ်က ပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေသာဖြစ်ပြီး
လိမ်ညာနေကြတာလို့လည်း ယူရီကပြောခဲ့ပါသေးတယ်။
အမျိုးသမီးတွေ၊ ကလေးငယ်တွေ ထပ်သေတာကို မမြင်လိုတော့သလို
ထွက်ပြေးကြတဲ့ယူကရိန်းဒုက္ခသည်တွေကို လက်ခံပေးတဲ့
ဥရောပနိုင်ငံတွေကိုလည်း ယူရီကကျေးဇူးစကားဆိုခဲ့ပါတယ်။
ထို့အတူ ယူကရိန်းနိုင်မှသာငြိမ်းချမ်းရေးစကားပြောလိုပြီး
ဘယ်တော့မှ အည့ံမခံဘူးဆိုတာကိုလည်း အခုလို – ” ယူကရိန်းနိုင်တဲ့အခါမှပဲ
ငြိမ်းချမ်းရေးကဖြစ်လာမယ်ထင်ပါတယ်။ ရုရှားတွေကတော့
သူတို့အလိုရှိတဲ့အခြေအနေအထိ ရောက်နိုင်မယ်လို့ မထင်ဘူး။
ကျွန်တော်တို့ ယူကရိန်းတွေကလည်း အညံ့မခံဘူး “လို့ ပြောခဲ့ပါသေးတယ်။
zawgyi
ရှီရစ်ဖ်ကနေ ထွက်ခွာပြီးပြည်သူ့စစ်သားဘဝကို ခံယူကာ ရုရှားတွေကို တိုက်ခိုက်ဖို့ရွေးချယ်လိုက်တဲ့ ရှီရစ်ဖ်နည်းပြ
ဖေဖော်ဝါရီလမကုန်ခင်လေးမှာ ရှီရစ်ဖ်ကနေ ထွက်ခွါပြီး
ရုရှားစစ်တပ်တွေက စစ်အခြေစိုက်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တ်ာလို့
ဘယ်တော့မှ အညံ့မခံဘူးဆိုတာကိုလည်း အခုလို – ” ယူကရိန်းနိုင်တဲ့အခါမှပဲ