ရှရစ်ဖ်နဲ့ ကစားမယ့်ပွဲမှာ မန်ယူ ဘယ်လိုအခင်းအကျင်းနဲ့ ကန့်လန့်ကာ ဖွင့်မှာလဲ

ချစ်ခင်လေးစားရတဲ့ ပရိသတ်ကြီးရေ၊ ဒီညမှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရှရစ်ဖ်ကို လက်ခံကစားမယ့် မန်ယူအသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ် ရှိနေပါတယ်။ နည်းပြတန်ဟတ်ရဲ့အသင်းဟာ

ယူရိုပါလိဂ် (E) မှာ ရမှတ် ၉ မှတ်နဲ့ ဒုတိယ နေရာမှာ ရှိနေပြီး အုပ်စု ပထမနေရာကနေပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင်တော့ နောက်ထပ် နိုင်ပွဲတစ်ပွဲ မဖြစ်မနေ လိုအပ်နေပါ တယ်။

မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံး ပွဲ ၂၀ မှာ တစ်ပွဲပဲ ရှုံးထားတဲ့ မှတ်တမ်းကောင်းရှိနေပြီး အဲဒီရှုံးပွဲကတော့ ဒီရာသီမှာ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရ တော့ အခုည ပွဲစဉ်မှာ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုတစ်ယောက် ပြန်လည် ပါဝင်လာမယ်လို့ သိရပြီး မာရှယ်နဲ့ ဗာရန်းကတော့ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့အတွက် ရှရစ်ဖ်နဲ့ကစား မယ့်ပွဲစဉ်အတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာ နည်းပြတန်ဟတ်ဖို့ အခက်အခဲတွေ ရှိလာနိုင်တဲ့အပေါ် မန်ချက်စတာ ညနေခင်း

သတင်းအစီအ စဉ်က သုံးသပ်ရေးသားထားတဲ့ ကစားကွက်တွေဟာ အတော်လေး စိတ်ဝင် စားဖို့ ကောင်းနေတာ တွေ့ရပါတယ်။ ထူးခြားတာ တစ်ခုက သူတို့သုံးသပ် တင်ပြထားတဲ့

လူစာရင်းအားလုံးဟာ တိုက်စစ်မှာ စီရော်နယ်ဒိုကို ပင်တိုင် ထားပြီး နောက်က ကစားသမားတွေကို အချိုးကျ ပေါင်းစပ်ခန့်မှန်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒီသတင်းဆောင်းပါးရဲ့

အာဘော်အရဆိုရင် မန်ယူဟာ အခုည ပွဲစဉ်မှာ ၄-၃-၃ ကစားကွက်ကို ဦးတည်ပွဲထွက်လာမှာဖြစ်ပြီး တိုက်စစ်မှာ စီရော်နယ်ဒို၊ အန်တိုနီနဲ့ ဆန်ချိုတို့ကို တွဲဖက်ကစားစေဖို့ ရှိနေပါတယ်။

ဒါ့အပြင် ကွင်းလယ်မှာတော့ ရွေးချယ်စရာ ကစားသမား အမြောက် အမြားရှိနေတာကြောင့် ကက်မီရို၊ ဖရက်၊ ဖာနန်ဒက်စ်အတွဲ၊ ဒါမှမဟုတ်ရင် တွမ်မီနေး၊ အဲရစ်ဆင်၊ ဖာနန်ဒက်စ်အတွဲတွေကို

အခြေအနေအပေါ် မူတည် ပြီး ပွဲထုတ်လာနိုင်တဲ့ အနေအထားမျိုးပါ။ ခံစစ်ပိုင်းမှာတော့ မာတီနက်ဇ်ကို အမာထားပြီး လင်ဒီလော့ဖ်ကို တွဲဖက်ပေးလာနိုင်သလို အစွန်နောက်ခံလူ တွေကိုတော့

အရှင်ထားပြီး ဒါလော့၊ လုခ်ရှောအတွဲ၊ ဒါမှမဟုတ်ရင် တွမ်မီနေး၊ မာလာစီယာအတွဲ စတာတွေကို ပွဲထုတ်လာနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက မန်ယူဟာ အိမ်ကွင်းပွဲစဉ်ကို

အနိုင်ကစားလိုနေတဲ့အတွက် တိုက်စစ်ပိုင်းမှာ စီရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီအတွဲကိုလည်း ပွဲအစကတည်းက ထုတ်သုံးလာနိုင်တယ်လို့ ရေးသားဖော်ပြခဲ့တာလည်း ရှိ ပါတယ်။

(Zawgyi)

ရွရစ္ဖ္နဲ႔ ကစားမယ့္ပြဲမွာ မန္ယူ ဘယ္လိုအခင္းအက်င္းနဲ႔ ကန႔္လန႔္ကာ ဖြင့္မွာလဲ

ခ်စ္ခင္ေလးစားရတဲ့ ပရိသတ္ႀကီးေရ၊ ဒီညမွာေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ရွရစ္ဖ္ကို လက္ခံကစားမယ့္ မန္ယူအသင္းရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ ရွိေနပါတယ္။ နည္းျပတန္ဟတ္ရဲ႕အသင္းဟာ ယူ႐ိုပါလိဂ္ (E)

မွာ ရမွတ္ ၉ မွတ္နဲ႔ ဒုတိယ ေနရာမွာ ရွိေနၿပီး အုပ္စု ပထမေနရာကေနၿပီး ေနာက္တစ္ဆင့္ကို တက္ ေရာက္ႏိုင္ဖို႔ဆိုရင္ေတာ့ ေနာက္ထပ္ ႏိုင္ပြဲတစ္ပြဲ မျဖစ္မေန လိုအပ္ေနပါ တယ္။

မန္ယူဟာ အိုးလ္ထရက္ဖို႔ဒ္မွကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ေနာက္ဆုံး ပြဲ ၂၀ မွာ တစ္ပြဲပဲ ရႈံးထားတဲ့ မွတ္တမ္းေကာင္းရွိေနၿပီး အဲဒီရႈံးပြဲကေတာ့ ဒီရာသီမွာ ဆိုစီဒက္ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ပဲ ျဖစ္ပါတယ္။

အေစာပိုင္း သတင္းေတြအရ ေတာ့ အခုည ပြဲစဥ္မွာ ဝါရင့္တိုက္စစ္မႉး စီေရာ္နယ္ဒိုတစ္ေယာက္ ျပန္လည္ ပါဝင္လာမယ္လို႔ သိရၿပီး မာရွယ္နဲ႔ ဗာရန္းကေတာ့ ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

အသင္းမွာ ဒဏ္ရာျပႆနာေတြ ရွိေနတဲ့အတြက္ ရွရစ္ဖ္နဲ႔ကစား မယ့္ပြဲစဥ္အတြက္ ကစားသမားေ႐ြးခ်ယ္မႈအပိုင္းမွာ နည္းျပတန္ဟတ္ဖို႔ အခက္အခဲေတြ ရွိလာႏိုင္တဲ့အေပၚ မန္ခ်က္စတာ

ညေနခင္း သတင္းအစီအ စဥ္က သုံးသပ္ေရးသားထားတဲ့ ကစားကြက္ေတြဟာ အေတာ္ေလး စိတ္ဝင္ စားဖို႔ ေကာင္းေနတာ ေတြ႕ရပါတယ္။ ထူးျခားတာ တစ္ခုက

သူတို႔သုံးသပ္ တင္ျပထားတဲ့ လူစာရင္းအားလုံးဟာ တိုက္စစ္မွာ စီေရာ္နယ္ဒိုကို ပင္တိုင္ ထားၿပီး ေနာက္က ကစားသမားေတြကို အခ်ိဳးက် ေပါင္းစပ္ခန႔္မွန္းေပးထား တာပဲ ျဖစ္ပါတယ္။

ဒီသတင္းေဆာင္းပါးရဲ႕ အာေဘာ္အရဆိုရင္ မန္ယူဟာ အခုည ပြဲစဥ္မွာ ၄-၃-၃ ကစားကြက္ကို ဦးတည္ပြဲထြက္လာမွာျဖစ္ၿပီး တိုက္ စစ္မွာ စီေရာ္နယ္ဒို၊ အန္တိုနီနဲ႔ ဆန္ခ်ိဳတို႔ကို တြဲဖက္

ကစားေစဖို႔ ရွိေန ပါတယ္။ ဒါ့အျပင္ ကြင္းလယ္မွာေတာ့ ေ႐ြးခ်ယ္စရာ ကစားသမား အေျမာက္ အျမားရွိေနတာေၾကာင့္ ကက္မီ႐ို၊ ဖရက္၊ ဖာနန္ဒက္စ္အတြဲ၊ ဒါမွမဟုတ္ရင္ တြမ္မီေနး၊

အဲရစ္ဆင္၊ ဖာနန္ဒက္စ္အတြဲ ေတြကို အေျခအေနအေပၚ မူတည္ ၿပီး ပြဲထုတ္လာႏိုင္တဲ့ အေနအထားမ်ိဳးပါ။ ခံစစ္ပိုင္းမွာေတာ့ မာတီနက္ဇ္ကို အမာထားၿပီး လင္ဒီေလာ့ဖ္ကို တြဲဖက္ေပးလာႏိုင္သလို

အစြန္ေနာက္ခံလူ ေတြကိုေတာ့ အရွင္ထားၿပီး ဒါေလာ့၊ လုခ္ေရွာအတြဲ၊ ဒါမွမဟုတ္ရင္ တြမ္မီေနး၊ မာလာစီယာအတြဲ စတာေတြကို ပြဲထုတ္လာႏိုင္ပါတယ္။ ဒါေပမဲ့ တစ္ခုသတိထားရမွာက

မန္ယူဟာ အိမ္ကြင္းပြဲစဥ္ကို အႏိုင္ကစားလိုေနတဲ့ အတြက္ တိုက္စစ္ပိုင္းမွာ စီေရာ္နယ္ဒို၊ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီအတြဲကိုလည္း ပြဲအစကတည္းက ထုတ္သုံးလာႏိုင္တယ္လို႔ ေရးသားေဖာ္ျပခဲ့တာလည္း ရွိ ပါတယ္။