ရွှေဖိနပ်ဆုနဲ့အတူ အိမ်ပြန်လာတဲ့ ဆွန်ဟောင်မင်ကို တောင်ကိုရီးယားပရိသတ်တွေ သောင်းသောင်းဖြဖြကြိုဆို

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်

ရွှေဖိနပ်ဆုနဲ့အတူ မိခင်နိုင်ငံ တောင်ကိုရီးယားကို
ပြန်ရောက်လာပြီး များပြားလှတဲ့ ပရီသတ်တွေက
လေဆိပ်မှာ ဆွန်ဟောင်မင်ကို
သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့ကြပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဆွန်ဟောင်မင်ဟာ

ယခုရာသီပရီးမီးယားလိဂ်မှာ ၂၃ဂိုးသွင်းယူပြီး
လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာလာနဲ့အတူ
ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ ၃နှစ်အတွင်း စပါးအသင်း
ပထမဆုံးအကြိမ် ချန်ပီယံလိဂ်

ဝင်ခွင့်ရခဲ့ရာမှာ အဓိကနေရာကနေ
ပါဝင်ခဲ့ပြီး စပါးအသင်းရဲ့
အကောင်းဆုံးကစားသမား
တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီပြီးဆုံးပြီးနောက်

တောင်ကိုရီးယားနိုင်ငံ ပြန်ရောက်လာတဲ့
ဆွန်ဟောင်မင်ကို ပရိသတ် ရာပေါင်းများစွာက
လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပြီး
ဆွန်ဟောင်မင်ကလည်း ရွှေဖိနပ်ဆုနဲ့အတူ
ဓာတ်ပုံအရိုက်ခံကာ ပရိသတ်တွေကို

လေးလေးစားစား နှုတ်ဆက်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ ကမ္ဘာကျော်
အားကစားသမားတစ်ဦးဖြစ်နေပေမယ့်
ပုံစံကတော့ သာမန်ပုံစံအတိုင်း
ဝတ်ဆင်လာခဲ့ပြီး N 95 Mask

တပ်ထားသလို မျက်မှန်ပါ တပ်ထားလို့
ရုတ်တရက်ကြည့်လိုက်ရင် ဘောလုံးသမားမှန်းတောင်
ချက်ချင်း သိလောက်မှာမဟုတ်ပါဘူး။
အဲဒီဗီဒီယိုဖိုင်က လူမှုမီဒီယာမှာ
အတော်လေးပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေ

ဝိုင်းဝန်းချီးကျူးနေကြပါတယ်။
”ဒီဘဲက သိပ်ကိုနှိမ့်ချတတ်တာပဲ။
အိမ်အပြန် သူရဲကောင်းလို
ကြိုဆိုခံရပေမယ့် ဝတ်ထားတဲ့
ဝတ်စုံကို ကြည့်လိုက်ဦး…

ဟိတ်ကြီးဟန်ကြီး မနိုင်လဲဆိုတာ
တွေ့နိုင်တယ်”
”ဆွန်တစ်ယောက် ပရိသတ်ကို
ဘယ်လောက်လေးစားလဲဆိုရင်
ဒူးနဲ့လမ်းလျှောက်လာလုနီးပါးအထိပဲ”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
ဆွန်ဟောင်မင်ဟာ နောဝစ်ချ်ကို
၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ရာသီပိတ်ပွဲမှာ
၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်
ဖြစ်၊ မဖြစ်ကို ပွဲပြီးတာနဲ့ မေးမြန်းခဲ့ပါတယ်။

တစ်ဘက်မှာ ဝုဗ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
လီဗာပူးတိုက်စစ်မှူး ဆာလာက ပွဲပြီးဖို့
၆မိနစ်အလိုမှာ ဂိုးသွင်းယူနိုင်ခဲ့လို့
ဆွန်ဟောင်မင်နဲ့အတူ ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။
”ဒီဆုရရှိတာက တကယ့်ကိုအံ့အားသင့်စရာပါပဲ။

ကျွန်တော် ယုံတောင်မယုံနိုင်ပါဘူး။
စိတ်ခံစားချက်လည်းအရမ်းပြင်းထန်နေပါတယ်။
ကလေးဘဝကတည်းက မက်ခဲ့ရတဲ့အိပ်မက်ပါ။
အခု ကျွန်တော့်လက်ထဲ ရောက်နေပါပြီ”လို့
ပွဲအပြီးမှာ ဆွန်ဟောင်မင်က ပြောခဲ့ပါတယ်။

Zawgyi

ေရႊဖိနပ္ဆုနဲ႔အတူ အိမ္ျပန္လာတဲ့ ဆြန္ေဟာင္မင္ကို ေတာင္ကိုရီးယားပရိသတ္ေတြ ေသာင္းေသာင္းျဖျဖႀကိဳဆို
စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္

ေရႊဖိနပ္ဆုနဲ႔အတူ မိခင္ႏိုင္ငံ ေတာင္ကိုရီးယားကို
ျပန္ေရာက္လာၿပီး မ်ားျပားလွတဲ့ ပရီသတ္ေတြက
ေလဆိပ္မွာ ဆြန္ေဟာင္မင္ကို
ေသာင္းေသာင္းျဖျဖ ႀကိဳဆုိအားေပးခဲ့ၾကပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ရွိ ဆြန္ေဟာင္မင္ဟာ

ယခုရာသီပရီးမီးယားလိဂ္မွာ ၂၃ဂိုးသြင္းယူၿပီး
လီဗာပူးၾကယ္ပြင့္တုိက္စစ္မွဴး ဆာလာနဲ႔အတူ
ေရႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္။
သူဟာ ၃ႏွစ္အတြင္း စပါးအသင္း
ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္

၀င္ခြင့္ရခဲ့ရာမွာ အဓိကေနရာကေန
ပါ၀င္ခဲ့ၿပီး စပါးအသင္းရဲ႕
အေကာင္းဆုံးကစားသမား
တစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရာသီၿပီးဆုံးၿပီးေနာက္

ေတာင္ကိုရီးယားႏိုင္ငံ ျပန္ေရာက္လာတဲ့
ဆြန္ေဟာင္မင္ကို ပရိသတ္ ရာေပါင္းမ်ားစြာက
ေလဆိပ္မွာ လာေရာက္ႀကိဳဆိုခဲ့ၾကၿပီး
ဆြန္ေဟာင္မင္ကလည္း ေရႊဖိနပ္ဆုနဲ႔အတူ
ဓာတ္ပုံအရုိက္ခံကာ ပရိသတ္ေတြကို

ေလးေလးစားစား ႏႈတ္ဆက္ခဲ့ပါတယ္။
ဆြန္ေဟာင္မင္ဟာ ကမၻာေက်ာ္
အားကစားသမားတစ္ဦးျဖစ္ေနေပမယ့္
ပုံစံကေတာ့ သာမန္ပုံစံအတိုင္း
၀တ္ဆင္လာခဲ့ၿပီး N 95 Mask

တပ္ထားသလုိ မ်က္မွန္ပါ တပ္ထားလုိ႔
ရုတ္တရက္ၾကည့္လုိက္ရင္ ေဘာလုံးသမားမွန္းေတာင္
ခ်က္ခ်င္း သိေလာက္မွာမဟုတ္ပါဘူး။
အဲဒီဗီဒီယိုဖုိင္က လူမႈမီဒီယာမွာ
အေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့ၿပီး ပရိသတ္ေတြ

၀ိုင္း၀န္းခ်ီးက်ဴးေနၾကပါတယ္။
”ဒီဘဲက သိပ္ကိုႏွိမ့္ခ်တတ္တာပဲ။
အိမ္အျပန္ သူရဲေကာင္းလုိ
ႀကိဳဆိုခံရေပမယ့္ ၀တ္ထားတဲ့
၀တ္စုံကို ၾကည့္လုိက္ဦး…

ဟိတ္ႀကီးဟန္ႀကီး မႏိုင္လဲဆုိတာ
ေတြ႕ႏိုင္တယ္”
”ဆြန္တစ္ေယာက္ ပရိသတ္ကို
ဘယ္ေလာက္ေလးစားလဲဆုိရင္
ဒူးနဲ႔လမ္းေလွ်ာက္လာလုနီးပါးအထိပဲ”လုိ႔

ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
ဆြန္ေဟာင္မင္ဟာ ေနာ၀စ္ခ်္ကို
၅-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ရာသီပိတ္ပြဲမွာ
၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဂိုးသြင္းဘုရင္
ျဖစ္၊ မျဖစ္ကို ပြဲၿပီးတာနဲ႔ ေမးျမန္းခဲ့ပါတယ္။

တစ္ဘက္မွာ ၀ုဗ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
လီဗာပူးတုိက္စစ္မွဴး ဆာလာက ပြဲၿပီးဖို႔
၆မိနစ္အလိုမွာ ဂိုးသြင္းယူႏုိင္ခဲ့လုိ႔
ဆြန္ေဟာင္မင္နဲ႔အတူ ပူးတြဲဂုိးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။
”ဒီဆုရရွိတာက တကယ့္ကိုအံ့အားသင့္စရာပါပဲ။

ကၽြန္ေတာ္ ယုံေတာင္မယုံႏိုင္ပါဘူး။
စိတ္ခံစားခ်က္လည္းအရမ္းျပင္းထန္ေနပါတယ္။
ကေလးဘ၀ကတည္းက မက္ခဲ့ရတဲ့အိပ္မက္ပါ။
အခု ကၽြန္ေတာ့္လက္ထဲ ေရာက္ေနပါၿပီ”လုိ႔
ပြဲအၿပီးမွာ ဆြန္ေဟာင္မင္က ေျပာခဲ့ပါတယ္။