





ကမ္ဘာ့ဖလားတစ်လျှောက် ITV ရုပ်သံမှာဘောလုံးပွဲဝေဖန်သူအဖြစ်
ပါဝင်ခဲ့တဲ့ ရွိုင်ကိန်းကတော့ မက်ဆီနဲ့ပတ်သတ်တဲ့ သူ့ရဲ့အမြင်တွေကို





ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုင်ယာလန်သားဟာ သူ့မျက်စိရှေ့မှာ
ကန့်လန့်ဖြစ်တာနဲ့အတိုက်အခံတွေလိုက်ပြောနေသူဖြစ်ပြီး ဆော်ဒီနဲ့ပွဲစဉ်မှာ
အာဂျင်တီးနားအသင်းပင်နယ်တီရချိန်မှာ ပေးစရာမလိုတဲ့အနေအထားလို့





ဝေဖန်ခဲ့တဲ့နောက် ITV စတူဒီယိုထဲမှာ နာမည်ကျော်နည်းပြဟောင်း
ဂရေမီဆောင်းနက်စ်နဲ့အချေအတင်တွေဖြစ်ခဲ့ပါသေးတယ်။





တောင်ကိုရီးယားနဲ့ပွဲမှာ ဂိုးသွင်းတိုင်းကနေတဲ့ ဘရာဇီးအသင်းသားတွေဟာ
အကပြိုင်ပွဲဝင်နေသလားထင်ရပြီး ပြိုင်ဘက်ကိုမခန့်လေးစားလုပ်တယ်လို့
စိတ်ထဲရှိတာတွေကိုပေါ်တင်ကြီးပြောချခဲ့သူပါ။ အခုလည်း Sky Sports





ရုပ်သံမှာ ကာတာကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင်အတွက် မေးမြန်းရာမှာတော့
ကန့်လန့်တွေပြောခဲ့ပြီး ဘာမဆိုင်ညာမဆိုင် မက်ဆီအကြောင်း





ထည့်ပြောလိုက်ပါတယ်။ “ဘယ်သူရွှေဖိနပ်ဆုရတယ်ဆိုတာက
အရေးမကြီးပါဘူး။ တကယ်လို့ လီယွန်နယ်မက်ဆီသာ ကမ္ဘာ့ဖလား
ဗိုလ်လုပွဲဝင်ကစားခွင့်ရရင် သူ ဘလွန်းဒီအော်ထပ်ရမယ်လို့ ငါယုံကြည်တယ်။





သူဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေထဲကအကောင်းဆုံးကစားသမားဖြစ်တယ်” လို့
ယူနိုက်တက်ကွင်းလယ်လူဟောင်းက ပြောဆိုလိုက်ပါတယ်။





ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ထိပ်တန်းအသင်းတိုင်းမှာ အားထားရတဲ့
ကြယ်ပွင့်တွေတစ်ဦးထက်မကပါဝင်နေပေမဲ့ အာဂျင်တီးနားမှာတော့
မက်ဆီမရုန်းရင်ဘာမှမဖြစ်နိုင်ဘူးဆိုတာကို ရွိုင်ကိန်း လက်ခံထားပုံရပါတယ်။





zawgyi





ေ႐ႊဖိနပ္ဆုေတာ့မသိဘူး အာဂ်င္တီးနားဗိုလ္လုပြဲတက္ရင္ မက္ဆီ Ballon D’or ထပ္ရဦးမယ္လို႔ ႐ြိဳင္ကိန္း ေျပာဆိုလိုက္
ကမာၻ႔ဖလားတစ္ေလွ်ာက္ ITV ႐ုပ္သံမွာေဘာလုံးပြဲေဝဖန္သူအျဖစ္
ပါဝင္ခဲ့တဲ့ ႐ြိဳင္ကိန္းကေတာ့ မက္ဆီနဲ႔ပတ္သတ္တဲ့ သူ႔ရဲ႕အျမင္ေတြကို





ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အိုင္ယာလန္သားဟာ သူ႔မ်က္စိေရွ႕မွာ
ကန႔္လန႔္ျဖစ္တာနဲ႔အတိုက္အခံေတြလိုက္ေျပာေနသူျဖစ္ၿပီး ေဆာ္ဒီနဲ႔ပြဲစဥ္မွာ





အာဂ်င္တီးနားအသင္းပင္နယ္တီရခ်ိန္မွာ ေပးစရာမလိုတဲ့အေနအထားလို႔
ေဝဖန္ခဲ့တဲ့ေနာက္ ITV စတူဒီယိုထဲမွာ နာမည္ေက်ာ္နည္းျပေဟာင္း
ဂေရမီေဆာင္းနက္စ္နဲ႔အေခ်အတင္ေတြျဖစ္ခဲ့ပါေသးတယ္။





ေတာင္ကိုရီးယားနဲ႔ပြဲမွာ ဂိုးသြင္းတိုင္းကေနတဲ့ ဘရာဇီးအသင္းသားေတြဟာ
အကၿပိဳင္ပြဲဝင္ေနသလားထင္ရၿပီး ၿပိဳင္ဘက္ကိုမခန႔္ေလးစားလုပ္တယ္လို႔





စိတ္ထဲရွိတာေတြကိုေပၚတင္ႀကီးေျပာခ်ခဲ့သူပါ။ အခုလည္း Sky Sports
႐ုပ္သံမွာ ကာတာကမာၻ႔ဖလားေ႐ႊဖိနပ္ဆုရွင္အတြက္ ေမးျမန္းရာမွာေတာ့
ကန႔္လန႔္ေတြေျပာခဲ့ၿပီး ဘာမဆိုင္ညာမဆိုင္ မက္ဆီအေၾကာင္း





ထည့္ေျပာလိုက္ပါတယ္။ “ဘယ္သူေ႐ႊဖိနပ္ဆုရတယ္ဆိုတာက
အေရးမႀကီးပါဘူး။ တကယ္လို႔ လီယြန္နယ္မက္ဆီသာ ကမာၻ႔ဖလား





ဗိုလ္လုပြဲဝင္ကစားခြင့္ရရင္ သူ ဘလြန္းဒီေအာ္ထပ္ရမယ္လို႔ ငါယုံၾကည္တယ္။
သူဟာ ဒီကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြထဲကအေကာင္းဆုံးကစားသမားျဖစ္တယ္” လို႔
ယူႏိုက္တက္ကြင္းလယ္လူေဟာင္းက ေျပာဆိုလိုက္ပါတယ္။





ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ထိပ္တန္းအသင္းတိုင္းမွာ အားထားရတဲ့
ၾကယ္ပြင့္ေတြတစ္ဦးထက္မကပါဝင္ေနေပမဲ့ အာဂ်င္တီးနားမွာေတာ့





မက္ဆီမ႐ုန္းရင္ဘာမွမျဖစ္ႏိုင္ဘူးဆိုတာကို ႐ြိဳင္ကိန္း လက္ခံထားပုံရပါတယ္။