ရွှေကို ရွှေနဲ့ ထပ်တော့မြတ်တယ်ဆိုတဲ့အတိုင်း ဖာနန်ဒက်ဇ်နောက်တစ်ယောက် အတွက်အရှိန်မြှင့်ကြိုးစားနေတဲ့ မန်ယူ

မန်ယူအသင်းဟာ ဘင်ဖီကာကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီလို့ ဂျာနယ်လစ်ဆိုဖီယာအိုလီဗီယာက အသိပေးလိုက်ပါတယ်။

အသက် ၂၁နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာ အိုးထရက်ဖို့ဒ်ရောက်ဖို့အလားအလာကောင်းရှိခဲ့ပေမဲ့ ရေးဗားပလိတ်အသင်းက

ဘင်ဖီကာကို ပေါင် ၁၂သန်းဝန်းကျင်နဲ့ရောင်းချလိုက်တာဖြစ်တယ်။ ဒီရာသီမှာတော့ ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာရဲ့အဓိက ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီး

ပြိုင်ပွဲစုံ ၂၂ပွဲ မှာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘင်ဖီကာနဲ့ ၂၀၂၇ ဇွန်လအထိစာချုပ်ချုပ်ဆိုထားပြီး

စာချုပ်ဖျက်ကြေး ပေါင် ၁၀၆ သန်းထည့်သွင်းထားပေမဲ့ ယူနိုက်တက်ဘက်က ဒီလူငယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်။ ဖရန်ကီဒီဂျောင်အတွက်

ကြိုးစားမှုလွဲချော်ခဲ့တဲ့နောက် ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ၂၀၂၃မှာ ကွင်းလယ်ကစားသမား တစ်ယောက်အတွက် အပြောင်းအရွှေ့စျေးကွက်ထဲ ထပ်ဝင်ဖို့ ရှိနေတာဖြစ်တယ်။

အမျိုးသမီးဂျာနယ်လစ် ဆိုဖီယာက လာမယ့်နွေစျေးကွက်မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့အပြောင်းအရွှေ့ထပ်မံ လှုပ်ခတ်လိမ့်ဦးမယ်လို့ အသိပေးထားပြီး သရဲနီတွေနဲ့ဆိုရင်ဖြစ်နိုင်တယ်လို့

အကြံပြုထားပါတယ်။ CNN Portugal နဲ့တွေ့ဆုံ မှုမှာ ဆိုဖီယာက “အန်ဇိုက ယူနိုက်တက်နဲ့အံဝင်ခွင်ကျပါပဲ။ သူဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ပြီးပြည့်စုံတဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ပေါ်တူဂီ

ကိုရောက်လာခဲ့တာဖြစ်တယ်။ ပြီးပြည့်စုံတဲ့ကွင်းလယ်လူဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ နောက်ထပ်ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ကို လက်ဝယ်ပိုင်ဆိုင်ဦးမှာပါ။

သူဟာ ဒီရာသီအကုန်မှာစျေးကွက်ထဲရောက်လာဦးမှာပါ။ ကစားသမားရဲ့တန်ဖိုးတက်လာမှာဖြစ်တဲ့အတွက် ဘင်ဖီကာဘက်က သူ့ကိုဆက်ထိန်းဖို့ ပိုပြီးခက်ခဲလာပါလိမ့်မယ်” လို့ အသိပေးသွားပါတယ်။

(Zawgyi)

ေ႐ႊကို ေ႐ႊနဲ႔ ထပ္ေတာ့ျမတ္တယ္ဆိုတဲ့အတိုင္း ဖာနန္ဒက္ဇ္ေနာက္တစ္ေယာက္ အတြက္အရွိန္ျမႇင့္ႀကိဳးစားေနတဲ့ မန္ယူ

မန္ယူအသင္းဟာ ဘင္ဖီကာကြင္းလယ္လူ အန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူဖို႔အတြက္ အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီလို႔ ဂ်ာနယ္လစ္ဆိုဖီယာအိုလီဗီယာက အသိေပးလိုက္ပါတယ္။

အသက္ ၂၁ႏွစ္အ႐ြယ္ အာဂ်င္တီးနားကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ အိုးထရက္ဖို႔ဒ္ေရာက္ဖို႔အလားအလာေကာင္းရွိခဲ့ေပမဲ့ ေရးဗားပလိတ္အသင္းက

ဘင္ဖီကာကို ေပါင္ ၁၂သန္းဝန္းက်င္နဲ႔ေရာင္းခ်လိုက္တာျဖစ္တယ္။ ဒီရာသီမွာေတာ့ ဖာနန္ဒက္ဇ္ဟာ ဘင္ဖီကာရဲ႕အဓိက ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၂၂ပြဲ မွ

ာ သြင္းဂိုး ၃ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဘင္ဖီကာနဲ႔ ၂၀၂၇ ဇြန္လအထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး စာခ်ဳပ္ဖ်က္ေၾကး ေပါင္ ၁၀၆ သန္းထည့္သြင္းထားေပမဲ့

ယူႏိုက္တက္ဘက္က ဒီလူငယ္ကစားသမားကိုေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္တယ္။ ဖရန္ကီဒီေဂ်ာင္အတြက္ ႀကိဳးစားမႈလြဲေခ်ာ္ခဲ့တဲ့ေနာက္ ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ၂၀၂၃မွာ

ကြင္းလယ္ကစားသမားတစ္ေယာက္အတြက္ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲထပ္ဝင္ဖို႔ ရွိေနတာျဖစ္တယ္။ အမ်ိဳးသမီးဂ်ာနယ္လစ္ဆိုဖီယာက လာမယ့္ေႏြေစ်းကြက္မွာ

အန္ဇိုဖာနန္ဒက္ဇ္ရဲ႕အေျပာင္းအေ႐ႊ႕ထပ္ပံလႈပ္ခတ္လိမ့္ဦးမယ္လို႔ အသိေပးထားၿပီး သရဲနီေတြနဲ႔ဆိုရင္ျဖစ္ႏိုင္တယ္လို႔ အႀကံျပဳထားပါတယ္။ CNN Portugal နဲ႔ေတြ႕ဆုံ မႈမွာ

ဆိုဖီယာက “အန္ဇိုက ယူႏိုက္တက္နဲ႔အံဝင္ခြင္က်ပါပဲ။ သူဟာ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ၿပီးျပည့္စုံတဲ့ကစားသမားတစ္ေယာက္အျဖစ္နဲ႔ေပၚတူဂီ ကိုေရာက္လာခဲ့တာျဖစ္တယ္။

ၿပီးျပည့္စုံတဲ့ကြင္းလယ္လူျဖစ္ၿပီး အာဂ်င္တီးနားအသင္းဟာ ေနာက္ထပ္ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္ကို လက္ဝယ္ပိုင္ဆိုင္ဦးမွာပါ။ သူဟာ ဒီရာသီအကုန္မွာေစ်းကြက္ထဲေရာက္လာဦးမွာပါ။

ကစားသမားရဲ႕တန္ဖိုးတက္လာမွာျဖစ္တဲ့အတြက္ ဘင္ဖီကာဘက္က သူ႔ကိုဆက္ထိန္းဖို႔ ပိုၿပီးခက္ခဲလာပါလိမ့္မယ္” လို႔ အသိေပးသြားပါတယ္။