
ပွဲစားကြီး ရွိုင်းလ်အိုလာလိုမျိုး အတောင်းအရမ်းကြမ်းတဲ့ စူပါအေးဂျင့်တွေအတွက်
အရှိုက်ထိစေမဲ့ သတင်းစကားမျိုးတွေ ရိပ်ဖမ်းသံဖမ်းထွက်ပေါ်နေပါတယ်။
ဘောလုံးသမားတွေရဲ့ အေးဂျင့်တွေအတွက် သတင်းဆိုးတစ်ခုမကြာခင်ကြားရဖို့အတွက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ကြိုးစားနေတယ်လို့ သတင်းထွက်ထားပါတယ်။
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မတိုင်မီအဲ ဒီစည်းမျဉ်းဥပဒေတွေကို
အတည်ပြုဖြစ်ဖို့တော့မရှိသေးပဲ ၂၀၂၂ခုနှစ်ဇူလိုင်လောက်မှာ
စတင်အသက်ဝင်ဖို့ အချောသတ်နေတာဖြစ်ပြီး အဲဒီစည်းမျဉ်းအရဆိုရင်
အေးဂျင့်တွေ၊ရှေ့နေတွေ၊ကစားသမားရဲ့မိသားစုဝင်တွေ၊ကိုယ်စားလှယ်တွေက
ကလပ်အသင်းတွေဆီက ကော်မရှင်မြိုးမြိုးမြက်မြက်ရနေတာတွေက
အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။
ဖီဖာအနေနဲ့ ကစားသမားရဲ့ကိုယ်စားပြုဆွေးနွေးသူရနိုင်မဲ့
အမြင့်ဆုံးကော်မရှင်ကြေးဟာ ပြောင်းရွှေ့ကြေးရဲ့၃ရာခိုင်နှုန်းအထိပဲဖြစ်တယ်လို့
ထောက်ခံအကြံပြုချက်ပြဒါန်းထားပေမဲ့လည်း တိကျတဲ့အရေးယူမှုနဲ့
မဖြစ်မနေသဘောမျိုးရေးသားထားတာမျိုးမရှိခဲ့တာပါ။
အခုအသက်ဝင်လာမယ့် ဥပဒေအရ ကော်မရှင်ကြေးဟာ
စာချုပ်တန်ဖိုးရဲ့ ၆ရာခိုင်နှုန်းအထိပဲဖြစ်ပြီး အဲဒီပမာဏကိုလည်း
ခေါ်ယူတဲ့ကလပ်ဖက်တစ်ခြမ်းတည်းက ပေးချေရမှာမဟုတ်ဘဲ
ကစားသမားဘက်က ၃ရာခိုင်နှုန်းနဲ့ ကလပ်ဘက်က
၃ရာခိုင်နှုန်းဖြစ်တယ်လို့ စဉ်းစားထားကြပါတယ်။
နောက်ထပ် ရွေးချယ်စရာတစ်ခုအနေနဲ့ စဉ်းစားနေတာကတော့
အေးဂျင့်ဟာ စုစုပေါင်းကုန်ကျစားရိတ်ရဲ့၁၀ရာခိုင်နှုန်းအထိယူခွင့်ရှိတယ်ဆိုတဲ့
သတ်မှတ်ချက်ဖြစ်ပြီး ဒါကတော့ ကစားသမားကိုယ်စားလှယ်တွေ
ပိုမိုအကျိုးအမြတ်ရစေမှာဖြစ်ပြီး ဘယ်ဟာကိုအတည်ပြု
ဖြစ်မလဲဆိုတာကတော့ မသိရသေးပါဘူး။
တကယ်လို့သာ ဥပဒေအသစ်အသက်ဝင်သွားပြီဆိုရင်တော့
ဟာလန်းလိုမျိုး ဈေးကြီးကစားသမားရဲ့ တန်ဖိုးဟာ ယူရိုသန်း၁၇၀ကနေ
ယူရို၈၂သန်းအထိကျဆင်းသွားမှာဖြစ်ပြီး အချီကြီးကြံနေတဲ့
သူ့ရဲ့အေးဂျင့် မီနိုရွိုင်းလ်အိုလာအတွက် ကော်မရှင်ကြေးကလည်း
ယူရိုသန်း၅၀ကနေ ၇.၅သန်းအထိ ကျဆင်းသွားဖွယ်ရှိနေပါတယ်။
zawgyi
႐ြိဳင္းလ္အိုလာလိုသူမ်ိဳးေတြ အရႈိက္ထိေစမဲ့ သတင္းဆိုး
ပြဲစားႀကီး ႐ြိဳင္းလ္အိုလာလိုမ်ိဳး အေတာင္းအရမ္းၾကမ္းတဲ့ စူပါေအးဂ်င့္ေတြအတြက္
အရႈိက္ထိေစမဲ့ သတင္းစကားမ်ိဳးေတြ ရိပ္ဖမ္းသံဖမ္းထြက္ေပၚေနပါတယ္။
ေဘာလုံးသမားေတြရဲ႕ ေအးဂ်င့္ေတြအတြက္ သတင္းဆိုးတစ္ခုမၾကာခင္ၾကားရဖို႔အတြက္
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ဖီဖာက ႀကိဳးစားေနတယ္လို႔ သတင္းထြက္ထားပါတယ္။
လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မတိုင္မီအဲ ဒီစည္းမ်ဥ္းဥပေဒေတြကို
အတည္ျပဳျဖစ္ဖို႔ေတာ့မရွိေသးပဲ ၂၀၂၂ခုႏွစ္ဇူလိုင္ေလာက္မွာ
စတင္အသက္ဝင္ဖို႔ အေခ်ာသတ္ေနတာျဖစ္ၿပီး အဲဒီစည္းမ်ဥ္းအရဆိုရင္
ေအးဂ်င့္ေတြ၊ေရွ႕ေနေတြ၊ကစားသမားရဲ႕မိသားစုဝင္ေတြ၊ကိုယ္စားလွယ္ေတြက
ကလပ္အသင္းေတြဆီက ေကာ္မရွင္ၿမိဳးၿမိဳးျမက္ျမက္ရေနတာေတြက
အဆုံးသတ္သြားေတာ့မွာျဖစ္ပါတယ္။
ဖီဖာအေနနဲ႔ ကစားသမားရဲ႕ကိုယ္စားျပဳေဆြးေႏြးသူရႏိုင္မဲ့
အျမင့္ဆုံးေကာ္မရွင္ေၾကးဟာ ေျပာင္းေ႐ႊ႕ေၾကးရဲ႕၃ရာခိုင္ႏႈန္းအထိပဲျဖစ္တယ္လို႔
ေထာက္ခံအႀကံျပဳခ်က္ျပဒါန္းထားေပမဲ့လည္း တိက်တဲ့အေရးယူမႈနဲ႔
မျဖစ္မေနသေဘာမ်ိဳးေရးသားထားတာမ်ိဳးမရွိခဲ့တာပါ။
အခုအသက္ဝင္လာမယ့္ ဥပေဒအရ ေကာ္မရွင္ေၾကးဟာ
စာခ်ဳပ္တန္ဖိုးရဲ႕ ၆ရာခိုင္ႏႈန္းအထိပဲျဖစ္ၿပီး အဲဒီပမာဏကိုလည္း
ေခၚယူတဲ့ကလပ္ဖက္တစ္ျခမ္းတည္းက ေပးေခ်ရမွာမဟုတ္ဘဲ
ကစားသမားဘက္က ၃ရာခိုင္ႏႈန္းနဲ႔ ကလပ္ဘက္က
၃ရာခိုင္ႏႈန္းျဖစ္တယ္လို႔ စဥ္းစားထားၾကပါတယ္။
ေနာက္ထပ္ ေ႐ြးခ်ယ္စရာတစ္ခုအေနနဲ႔ စဥ္းစားေနတာကေတာ့
ေအးဂ်င့္ဟာ စုစုေပါင္းကုန္က်စားရိတ္ရဲ႕၁၀ရာခိုင္ႏႈန္းအထိယူခြင့္ရွိတယ္ဆိုတဲ့
သတ္မွတ္ခ်က္ျဖစ္ၿပီး ဒါကေတာ့ ကစားသမားကိုယ္စားလွယ္ေတြ
ပိုမိုအက်ိဳးအျမတ္ရေစမွာျဖစ္ၿပီး ဘယ္ဟာကိုအတည္ျပဳ
ျဖစ္မလဲဆိုတာကေတာ့ မသိရေသးပါဘူး။
တကယ္လို႔သာ ဥပေဒအသစ္အသက္ဝင္သြားၿပီဆိုရင္ေတာ့
ဟာလန္းလိုမ်ိဳး ေဈးႀကီးကစားသမားရဲ႕ တန္ဖိုးဟာ ယူ႐ိုသန္း၁၇၀ကေန
ယူ႐ို၈၂သန္းအထိက်ဆင္းသြားမွာျဖစ္ၿပီး အခ်ီႀကီးႀကံေနတဲ့
သူ႔ရဲ႕ေအးဂ်င့္ မီႏို႐ြိဳင္းလ္အိုလာအတြက္ ေကာ္မရွင္ေၾကးကလည္း
ယူ႐ိုသန္း၅၀ကေန ၇.၅သန္းအထိ က်ဆင္းသြားဖြယ္ရွိေနပါတယ္။