ရွိုင်အိုလာက ပေါ့ဂ်ဘာရဲ့အနာဂတ်ကိုမှန်းဆနိုင်မယ့်စကား ပြောပြီ

မန်ယူအသင်းကွင်းလယ်လူပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်အိုလာက

သူ့ကစားသမားလက်ရှိအသင်းကနေထွက်ခွာနိုင်တဲ့အကြောင်းကို

တဲ့တိုးနီးပါးပြောလိုက်ကြောင်းသိရပါတယ်။

ရွိုင်အိုလာက ဒီဇင်ဘာ ဆိုတာအိပ်မက်များရဲ့လ လို့ဆိုခဲ့တာဖြစ်လို့

ပေါ့ဂ်ဘာဟာလာမယ့် ဇန်နဝါရီမှာပြည်ပကလပ်တစ်ခုနဲ့

သဘောတူညီချက်ရယူနိုင်မယ့် အလားအလာရှိနေပါတယ်။

ဒီပြင်သစ်လက်ရွေးစင်ရဲ့လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်ချိန်မှ

ာသက်တမ်းကုန်မှာဖြစ်လို့ ဇန်နဝါရီမှာသူကြိုက်နှစ်သက်တဲ့

ပြည်ပကလပ်တစ်ခုနဲ့ ဆွေးနွေးပြီးအကြို သဘောတူညီချက် ရယူပိုင်ခွင့်ရှိနေပါတယ်။

ဒါဟာ ပေါ့ဂ်ဘာတစ်ယောက် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့

ပီအက်စ်ဂျီတို့ဆီရောက်သွားနိုင်ဖို့ နီးစပ်တဲ့သဘောလည်းဖြစ်ပါတယ်။

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Rai နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ

ရွိုင်အိုလာက”ဒီဇင်ဘာဆိုတာ အိပ်မက်တွေရဲ့လဗျ။

ကျွန်တော်လည်း အိပ်မက်တွေကိုရပ်တန့်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လက်ရှိမှာပေါ့ဂ်ဘာနဲ့ပတ်သက်တဲ့အကြောင်းကို

မပြောတာဘဲကောင်းပါလိမ့်မယ်။ မန်ယူကစားသမားဟောင်းအချို့က

ကျွန်တော်နဲ့ပေါ့ဂ်ဘာအကြောင်းမပြောတော့ဘူးဆိုရင်

သူတို့တွေဘာအလုပ်မှလည်းဖြစ်တော့မှာမဟုတ်ပါဘူး။

လောလောဆယ်မှာတော့ ပေါ့ဂ်ဘာရဲ့စာချုပ်အကြောင်း

ပြောဖို့စောလွန်းနေပါသေးတယ်။ ဘာဖြစ်မလဲဆိုတာကြည့်ကြတာပေါ့။

ကျွန်တော်ကတော့ဘယ်သူ့ရဲ့အိပ်မက်ကိုမှ ရပ်တန့်စေလိုခြင်းမရှိပါဘူး” လို့

ပြောခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ပေါ့ဂ်ဘာဟာ

ဒီရာသီအစပိုင်းမှာပုံစံကောင်းရခဲ့ပြီး ပထမဆုံး

ပရီးမီးယားလိဂ် ၄ ပွဲမှာဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာခြေစွမ်းပြန်ကျသွားလို့ မန်ယူလည်း

ရလဒ်ပိုင်းဆိုးခဲ့တဲ့အပြင် လီဗာပူးကို ၅-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့

အိမ်ကွင်းပွဲမှာ နဘီကီတာအပေါ်အဖျက်ကြမ်းခဲ့လို့ ထုတ်ပယ်ခံရပြီးနောက်

သူ့အခြေအနေပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဒါကြောင့်လည်း အတ္တလန္တာနဲ့ ၂-၂ သရေကျခဲ့တဲ့အဝေးကွင်း

ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန်အစောပိုင်းမှာကတည်းက

လူစားလဲခံခဲ့ရပြီးနောက်ပိုင်းမှာလည်း အရန်အဖြစ်သာရှိနေပါတော့တယ်။

လက်ရှိမှာသူဟာ ပြင်သစ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေစဉ်

ရခဲ့တဲ့ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပါတယ်။

သူဟာဒီဒဏ်ရာကြောင့် ပြင်သစ်ရဲ့ခြေစစ်ပွဲတွေမှာမပါနိုင်ခဲ့ပါဘူး။

zawgyi

႐ြိဳင္အိုလာက ေပါ့ဂ္ဘာရဲ႕အနာဂတ္ကိုမွန္းဆႏိုင္မယ့္စကား ေျပာၿပီ

မန္ယူအသင္းကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ ႐ြိဳင္အိုလာက

သူ႔ကစားသမားလက္ရွိအသင္းကေနထြက္ခြာႏိုင္တဲ့အေၾကာင္းကို

တဲ့တိုးနီးပါးေျပာလိုက္ေၾကာင္းသိရပါတယ္။

႐ြိဳင္အိုလာက ဒီဇင္ဘာ ဆိုတာအိပ္မက္မ်ားရဲ႕လ လို႔ဆိုခဲ့တာျဖစ္လို႔

ေပါ့ဂ္ဘာဟာလာမယ့္ ဇန္နဝါရီမွာျပည္ပကလပ္တစ္ခုနဲ႔

သေဘာတူညီခ်က္ရယူႏိုင္မယ့္ အလားအလာရွိေနပါတယ္။

ဒီျပင္သစ္လက္ေ႐ြးစင္ရဲ႕လက္ရွိစာခ်ဳပ္ဟာ လာမယ့္ရာသီကုန္ခ်ိန္မွ

ာသက္တမ္းကုန္မွာျဖစ္လို႔ ဇန္နဝါရီမွာသူႀကိဳက္ႏွစ္သက္တဲ့

ျပည္ပကလပ္တစ္ခုနဲ႔ ေဆြးေႏြးၿပီးအႀကိဳ သေဘာတူညီခ်က္ ရယူပိုင္ခြင့္ရွိေနပါတယ္။

ဒါဟာ ေပါ့ဂ္ဘာတစ္ေယာက္ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္နဲ႔

ပီအက္စ္ဂ်ီတို႔ဆီေရာက္သြားႏိုင္ဖို႔ နီးစပ္တဲ့သေဘာလည္းျဖစ္ပါတယ္။

အီတလီသတင္းဌာနတစ္ခုျဖစ္တဲ့ Rai နဲ႔ျပဳလုပ္တဲ့အင္တာဗ်ဴးမွာ

႐ြိဳင္အိုလာက”ဒီဇင္ဘာဆိုတာ အိပ္မက္ေတြရဲ႕လဗ်။

ကြၽန္ေတာ္လည္း အိပ္မက္ေတြကိုရပ္တန႔္မွာမဟုတ္ပါဘူး။

ဒါေပမယ့္လက္ရွိမွာေပါ့ဂ္ဘာနဲ႔ပတ္သက္တဲ့အေၾကာင္းကို

မေျပာတာဘဲေကာင္းပါလိမ့္မယ္။ မန္ယူကစားသမားေဟာင္းအခ်ိဳ႕က

ကြၽန္ေတာ္နဲ႔ေပါ့ဂ္ဘာအေၾကာင္းမေျပာေတာ့ဘူးဆိုရင္

သူတို႔ေတြဘာအလုပ္မွလည္းျဖစ္ေတာ့မွာမဟုတ္ပါဘူး။

ေလာေလာဆယ္မွာေတာ့ ေပါ့ဂ္ဘာရဲ႕စာခ်ဳပ္အေၾကာင္း

ေျပာဖို႔ေစာလြန္းေနပါေသးတယ္။ ဘာျဖစ္မလဲဆိုတာၾကည့္ၾကတာေပါ့။

ကြၽန္ေတာ္ကေတာ့ဘယ္သူ႔ရဲ႕အိပ္မက္ကိုမွ ရပ္တန႔္ေစလိုျခင္းမရွိပါဘူး” လို႔

ေျပာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ေပါ့ဂ္ဘာဟာ

ဒီရာသီအစပိုင္းမွာပုံစံေကာင္းရခဲ့ၿပီး ပထမဆုံး

ပရီးမီးယားလိဂ္ ၄ ပြဲမွာဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ေနာက္ပိုင္းမွာေျခစြမ္းျပန္က်သြားလို႔ မန္ယူလည္

းရလဒ္ပိုင္းဆိုးခဲ့တဲ့အျပင္ လီဗာပူးကို ၅-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့

အိမ္ကြင္းပြဲမွာ နဘီကီတာအေပၚအဖ်က္ၾကမ္းခဲ့လို႔ ထုတ္ပယ္ခံရၿပီးေနာက္

သူ႔အေျခအေနပိုမိုဆိုး႐ြားလာခဲ့ပါတယ္။

ဒါေၾကာင့္လည္း အတၱလႏၲာနဲ႔ ၂-၂ သေရက်ခဲ့တဲ့အေဝးကြင္း

ခ်န္ပီယံလိဂ္ပြဲမွာ ပြဲခ်ိန္အေစာပိုင္းမွာကတည္းက

လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္းမွာလည္း အရန္အျဖစ္သာရွိေနပါေတာ့တယ္။

လက္ရွိမွာသူဟာ ျပင္သစ္အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနစဥ္

ရခဲ့တဲ့ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။

သူဟာဒီဒဏ္ရာေၾကာင့္ ျပင္သစ္ရဲ႕ေျခစစ္ပြဲေတြမွာမပါႏိုင္ခဲ့ပါဘူး။