ရွိုင်ကိန်းကိုကြောက်လွန်းလို့ သူ့အိမ်မှာညစာတောင်လိုက်မစားရဲဘူးလို့ သရဲနီဟောင်းတစ်ဦး ဖွင့်ဟ

မန်ယူဂိုးသမားဟောင်းတစ်ဦးက သူ့အနေနဲ့အသင်းခေါင်းဆောင်ရွိုင်ကိန်းကို ဘယ်လောက်အထိကြောက်ရွံ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုင်ယာလန်ကွင်းလယ်လူရွိုင်ကိန်းဟာ

၁၉၉၇ ကနေ ၂၀၀၅ ခုနှစ်အထိ မန်ယူအသင်း မှာ ၁၂နှစ်ကြာကစားသမားဘ၀ကိုဖြတ်သန်းခဲ့သူဖြစ်တယ်။ ရွိုင်ကိန်းဟာ လေ့ကျင့်ရေးကွင်းမှာ ဘယ်ကစားသမားကိုမဆိုအမြင့်ဆုံး တောင်းဆိုလေ့ရှိပြီး

ကစားကွင်းထဲမှာတော့ ဖာဂူဆန် ဝင်စားသူအဖြစ်တင်စားခံရသလို အဓိကဆုဖလား အောင်မြင်မှု ၁၇ ကြိမ်အထိရှိခဲ့ပါတယ်။ ဒေါသကြီးသူဖြစ်ပေမဲ့ ဒါဟာအသင်းဖော်တွေကောင်းဖို့အတွက်

ဆင်းသက်လာတာမျိုးဖြစ်တယ်လို့ ဂိုးသမားဟောင်းတစ်ယောက်ဖြစ်တဲ့ တင်မ်ဟောင်းဝပ်က ဖွင့်ဟခဲ့ပါတယ်။ ဟောင်းဝပ်ဟာ ၂၀၀၃ မှာ မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးလ်ကနေ

မန်ယူကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘန်ဖော်စတာရဲ့ Fozcast အစီအစဉ်မှတော့ “ထင်ရှားကျော်ကြားတဲ့ ကစားသမားတစ်ယောက် အကြောင်းကိုပြောတဲ့နေရာမှာတော့ အရင်ကမတွေ့ခဲ့ဖူးသလို

နောက်တစ်ခါလည်းမတွေ့ခဲ့ပါဘူး။ ကစားသမားအများစုလိုပဲ ကျွန်တော်သူ့ကို ကြောက်နေခဲ့တာသေချာပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတဲ့ လူသားတစ်ယောက်ဆိုတာ ကျွန်တော်သိလိုက်ရတယ်။

ကျွန်တော်မန်ယူကိုစရောက်လာချိန်မှာ ဇနီးသည်ကအမေရိကန်ကိုခဏပြန်သွားခဲ့ပြီး တစ်ယောက်တည်းတစ်ပတ်လောက် နေခဲ့ရတယ်။ သူနဲ့အတူညစာစားချင်လားလို့ ရွိုင်ကိန်းကမေးပါတယ်။

မသွားဘူးဆို တဲ့အကြောင်းပြချက်လေးပဲပေးလိုက်ပါတယ်။ ဒါပေမဲ့စိတ်ထဲမှာတော့ ‘မင်းအိမ်မှာ ညစာစားဖို့မရှိဘူး။ မင်းကိုသေမလောက်ကြောက်တယ်’ လို့တွေးမိနေခဲ့တယ်။ ပြန်စဉ်းစားရင်တော့

ကျွန်တော်ဘယ်လိုပဲထင်ထင် သူကျွန်တော့်ကိုတော်တော်ဂရုစိုက်ပေးခဲ့တာပဲလေ” လို့ ဖွင့်ဟသွားပါတယ်။

(Zawgyi)

႐ြိဳင္ကိန္းကိုေၾကာက္လြန္းလို႔ သူ႔အိမ္မွာညစာေတာင္လိုက္မစားရဲဘူးလို႔ သရဲနီေဟာင္းတစ္ဦး ဖြင့္ဟ

မန္ယူဂိုးသမားေဟာင္းတစ္ဦးက သူ႔အေနနဲ႔အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းကို ဘယ္ေလာက္အထိေၾကာက္႐ြံ႕သလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိုင္ယာလန္ကြင္းလယ္လူ႐ြိဳင္ကိန္းဟာ ၁၉၉၇ ကေန ၂၀၀၅ ခုႏွစ္အထိ မန္ယူအသင္း မွာ ၁၂ႏွစ္ၾကာကစားသမားဘ၀ကိုျဖတ္သန္းခဲ့သူျဖစ္တယ္။ ႐ြိဳင္ကိန္းဟာ ေလ့က်င့္ေရးကြင္းမွာ

ဘယ္ကစားသမားကိုမဆိုအျမင့္ဆုံး ေတာင္းဆိုေလ့ရွိၿပီး ကစားကြင္းထဲမွာေတာ့ ဖာဂူဆန္ဝင္စားသူအျဖစ္တင္စားခံရသလို အဓိကဆုဖလား ေအာင္ျမင္မႈ ၁၇ႀကိမ္အထိရွိခဲ့ပါတယ္။

ေဒါသႀကီးသူျဖစ္ေပမဲ့ ဒါဟာအသင္းေဖာ္ေတြေကာင္းဖို႔အ တြက္ဆင္းသက္လာတာမ်ိဳးျဖစ္တယ္လို႔ ဂိုးသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ တင္မ္ေဟာင္းဝပ္က ဖြင့္ဟခဲ့ပါတယ္။

ေဟာင္းဝပ္ဟာ ၂၀၀၃ မွာ ေမဂ်ာလိဂ္ကလပ္ နယူးေယာ့ခ္ရက္ဘူးလ္ကေန မန္ယူကိုေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဘန္ေဖာ္စတာရဲ႕ Fozcast အစီအစဥ္မွေတာ့ “ထင္ရွားေက်ာ္ၾကားတဲ့

ကစားသမားတစ္ေယာက္ အေၾကာင္းကိုေျပာတဲ့ေနရာမွာေတာ့ အရင္ကမေတြ႕ခဲ့ဖူးသလို ေနာက္တစ္ခါလည္းမေတြ႕ခဲ့ပါဘူး။ ကစားသမားအမ်ားစုလိုပဲ ကြၽန္ေတာ္သူ႔ကို

ေၾကာက္ေနခဲ့တာေသခ်ာပါတယ္။ ဒါေပမဲ့ အံ့ဩစရာေကာင္းတဲ့ လူသားတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သိလိုက္ရတယ္။ ကြၽန္ေတာ္မန္ယူကိုစေရာက္လာခ်ိန္မွာ

ဇနီးသည္ကအေမရိကန္ကိုခဏျပန္သြားခဲ့ၿပီး တစ္ေယာက္တည္းတစ္ပတ္ေလာက္ ေနခဲ့ရတယ္။ သူနဲ႔အတူညစာစားခ်င္လားလို႔ ႐ြိဳင္ကိန္းကေမးပါတယ္။ မသြားဘူးဆိုတဲ့

အေၾကာင္းျပခ်က္ေလးပဲေပးလိုက္ပါတယ္။ ဒါေပမဲ့စိတ္ထဲမွာေတာ့ ‘မင္းအိမ္မွာ ညစာစားဖို႔မရွိဘူး။ မင္းကိုေသမေလာက္ေၾကာက္တယ္’ လို႔ေတြးမိေနခဲ့တယ္။

ျပန္စဥ္းစားရင္ေတာ့ ကြၽန္ေတာ္ဘယ္လိုပဲထင္ထင္ သူကြၽန္ေတာ့္ကိုေတာ္ေတာ္ဂ႐ုစိုက္ေပးခဲ့တာပဲေလ” လို႔ ဖြင့္ဟသြားပါတယ္။