
တိုက်စစ်မှူးမာနေးဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဘမ်ဘာလီရွာကို
ခဏပြန်ရောက်ချိန် သာဓုခေါ်စရာကိစ္စတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါရွာမှာပဲ ကြီးပြင်းလာခဲ့တဲ့ မာနေးဟာ ရွာအတွက် ဆေးရုံ၊ စာသင်ကျောင်းတွေ
ဆောက်လုပ်ပေးထားပြီးတော့ အခုတစ်ကြိမ်ရောက်ရှိခဲ့ရာမှာလည်း
အလှူအတန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဘမ်ဘာလီစာသင်ကျောင်းက ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေကို
မာနေးက ဒေါ်လာ ၅၀၀ နဲ့ လက်ပ်တော့တစ်လုံးစီကို ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့
သိရပါတယ်။ ဒေါ်လာ ၅၀၀ ကတော့ ဆီနီဂေါငွေကြေးနဲ့ တွက်ချက်မယ်ဆိုရင်
၂ သိန်းခွဲအထိရှိပြီး ကျောင်းသားတွေအတွက်တော့ တော်တော်လေးကို
များပြားတဲ့ ပမာဏဖြစ်ပါတယ်။ လူငယ်လူရွယ်တွေကို တန်ဖိုးထား
မြေတောင်မြှောက်ပေးတဲ့ မာနေးရဲ့ လုပ်ရပ်ဟာ လေးစားဖွယ်ရာပါပဲ။
မာနေးဟာ ကိုယ်တိုင်က ဇိမ်ခံပစ္စည်းတွေကို ဝယ်ယူသုံးစွဲခြင်းမရှိဘဲ
ဆီနီဂေါက ကလေးတွေရဲ့ လူမှုဘဝတိုးတက်စေဖို့အတွက်
သူတတ်နိုင်သမျှနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့
မာနေးအပေါ် ဆတိုးချစ်ခင်လာကြပါတယ်။
ငယ်စဉ်က ကျောင်းကောင်းကောင်းမတက်ခဲ့ရသလို ရွာမှာ ဆေးရုံမရှိတာကြောင့်
အခြားရွာက ဆေးဆရာဆီမှာ ဆေးသွားကုရင်း ဆုံးပါးခဲ့တဲ့ ဖခင်ရဲ့အဖြစ်ဆိုးကြောင့်
မာနေးက သူ့ရွာလေးမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဆောက်လုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဝင်ငွေကောင်းပြီး နာမည်ရှိသူတိုင်း လေးစားဂုဏ်ပြုစရာ ကိစ္စကို
လုပ်ဆောင်လေ့ရှိတာ မဟုတ်ပါဘူး။ မာနေးကတော့ ဘဝနဲ့ ရင်းပြီးရလာတဲ့
အချက်အလက်တွေကို မမေ့မလျှော့ဘဲ အများအကျိုးရှိအောင် ကူညီလုပ်ဆောင်ပေးနေပါတယ်။
zawgyi
႐ြာျပန္ေရာက္ခ်ိန္ ေဆး႐ုံ၊ စာသင္ေက်ာင္းေတြ ေဆာက္လုပ္ေပးခဲ့တဲ့ မာေနး
တိုက္စစ္မႉးမာေနးဟာ သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ဘမ္ဘာလီ႐ြာကို
ခဏျပန္ေရာက္ခ်ိန္ သာဓုေခၚစရာကိစၥေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
အဆိုပါ႐ြာမွာပဲ ႀကီးျပင္းလာခဲ့တဲ့ မာေနးဟာ ႐ြာအတြက္ ေဆး႐ုံ၊ စာသင္ေက်ာင္းေတြ
ေဆာက္လုပ္ေပးထားၿပီးေတာ့ အခုတစ္ႀကိမ္ေရာက္ရွိခဲ့ရာမွာလည္း
အလႉအတန္းေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
ဘမ္ဘာလီစာသင္ေက်ာင္းက ထူးခြၽန္တဲ့ ေက်ာင္းသားေက်ာင္းသူေတြကို
မာေနးက ေဒၚလာ ၅၀၀ နဲ႔ လက္ပ္ေတာ့တစ္လုံးစီကို ဆုခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔
သိရပါတယ္။ ေဒၚလာ ၅၀၀ ကေတာ့ ဆီနီေဂါေငြေၾကးနဲ႔ တြက္ခ်က္မယ္ဆိုရင္
၂ သိန္းခြဲအထိရွိၿပီး ေက်ာင္းသားေတြအတြက္ေတာ့ ေတာ္ေတာ္ေလးကို
မ်ားျပားတဲ့ ပမာဏျဖစ္ပါတယ္။ လူငယ္လူ႐ြယ္ေတြကို တန္ဖိုးထား
ေျမေတာင္ေျမႇာက္ေပးတဲ့ မာေနးရဲ႕ လုပ္ရပ္ဟာ ေလးစားဖြယ္ရာပါပဲ။
မာေနးဟာ ကိုယ္တိုင္က ဇိမ္ခံပစၥည္းေတြကို ဝယ္ယူသုံးစြဲျခင္းမရွိဘဲ
ဆီနီေဂါက ကေလးေတြရဲ႕ လူမႈဘဝတိုးတက္ေစဖို႔အတြက္
သူတတ္ႏိုင္သမွ်နဲ႔ လုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့
မာေနးအေပၚ ဆတိုးခ်စ္ခင္လာၾကပါတယ္။
ငယ္စဥ္က ေက်ာင္းေကာင္းေကာင္းမတက္ခဲ့ရသလို ႐ြာမွာ ေဆး႐ုံမရွိတာေၾကာင့္
အျခား႐ြာက ေဆးဆရာဆီမွာ ေဆးသြားကုရင္း ဆုံးပါးခဲ့တဲ့ ဖခင္ရဲ႕အျဖစ္ဆိုးေၾကာင့္
မာေနးက သူ႔႐ြာေလးမွာ စာသင္ေက်ာင္းနဲ႔ ေဆး႐ုံေတြကို ေဆာက္လုပ္ေပးခဲ့တာလည္းျဖစ္ပါတယ္။
ဝင္ေငြေကာင္းၿပီး နာမည္ရွိသူတိုင္း ေလးစားဂုဏ္ျပဳစရာ ကိစၥကို
လုပ္ေဆာင္ေလ့ရွိတာ မဟုတ္ပါဘူး။ မာေနးကေတာ့ ဘဝနဲ႔ ရင္းၿပီးရလာတဲ့
အခ်က္အလက္ေတြကို မေမ့မေလွ်ာ့ဘဲ အမ်ားအက်ိဳးရွိေအာင္ ကူညီလုပ္ေဆာင္ေပးေနပါတယ္။