
ဝိန်းရွန်းနီဟာမန်ယူကစားသမားများမှာလက်ခံနိုင်စရာမရှိအောင်ပျင်းရိကြောင်း
စွပ်စွဲကာအပြင်းအထန်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။မန်ယူဂန္ထဝင်တိုက်စစ်မှူးက
မန်ယူကစားသမားများဟာလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း
နာကျင်ဟန်မပြသကြတဲ့အပြင်ကွင်းအတွင်းတာဝန်ယူမှုတာဝန်ခံမှု
အပြည့်အဝမလုပ်ခဲ့ကြကြောင်းဆိုသွားပါတယ်။
ဒါဘီကောင်တီနည်းပြက “ယူနိုက်တက်ကစားသမားတွေအနေနဲ့
ကိုယ့်ကိုယ်ကိုကြည့်ပြီးမေးခွန်းထုတ်သင့်ပါတယ်။ဒီကစားသမားတွေက
သူတို့အလုပ်အတွက်ငွေတွေအများကြီးရနေတာဆိုတော့နည်းပြအဖြစ်
အားလုံးစုစုစည်းစည်းဖြစ်အောင်လုပ်ဖို့လွယ်ပါတယ်။ဒါပေမယ့်သူတို့ဟာ
လုံလောက်တဲ့ကောင်းမွန်မှုမရှိဘူးလို့ထင်ပါတယ်။ဒီလိုကလပ်မှာတောင်းဆိုမှု
မြင့်သလိုဖိအားလည်းမြင့်မားပါတယ်။ကစားသမားတော်တော်များများ
အောက်ဆင်းပြီးခံစစ်ကူတာမလုပ်ကြပါဘူး။ကလပ်အတွက်အစွမ်းကုန်
ကြိုးစားအားထုတ်ခြင်းမရှိပါဘူး။ဒါကတော့လုံးဝလက်မခံနိုင်စရာပါ။
ဒီကစားသမားတွေအနေနဲ့ တာဝန်ယူမှုကြီးမားပါတယ်။သူတို့ကကမ္ဘာ့အဆင့်
နိုင်ငံတကာကစားသမားတွေပါ။ရှုံးပွဲကြုံတဲ့အခါကစားသမားတွေအနေနဲ့
နာကျင်ရမယ်။ခံစားတတ်ရပါမယ်”လို့ပြောကြားသွားပါတယ်။
မန်ယူဟာစနေနေ့မှာစပါးစ်အသင်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။
ဆိုးလ်ရှားဟာလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပေမယ့်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။
ဒါပေမယ့်သူဟာစပါးစ်နှင့်ပွဲမှာရှုံးနိမ့်မယ်ဆိုရင်ရာထူးကထုတ်ပယ်ခြင်းခံလာရနိုင်ပါတယ်။
ဒါ့အပြင်မန်ယူအတွက်၂၅၃ဂိုးသွင်းခဲ့တဲ့ဝိန်းရွန်းနီကဘုတ်အဖွဲ့ကနည်းပြကို
ချက်ချင်းထုတ်ပယ်ပါကလုပ်ဆောင်ရန်အတွက်အစီအစဉ်
လုပ်ဆောင်ထားရမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
zawgyi
႐ြန္းနီဟာ မန္ယူကစားသမားမ်ားမွာ လက္ခံႏိုင္စရာမရွိေအာင္ပ်င္းရိေၾကာင္း စြပ္စြဲေဝဖန္တိုက္ခိုက္
ဝိန္း႐ြန္းနီဟာမန္ယူကစားသမားမ်ားမွာလက္ခံႏိုင္စရာမရွိေအာင္ပ်င္းရိေၾကာင္း
စြပ္စြဲကာအျပင္းအထန္ေဝဖန္တိုက္ခိုက္လိုက္ပါတယ္။မန္ယူဂႏၴဝင္တိုက္စစ္မႉးက
မန္ယူကစားသမားမ်ားဟာလီဗာပူးကို၅-ဝဂိုးျဖင့္ရႈံးနိမ့္ခဲ့ေသာ္လည္း
နာက်င္ဟန္မျပသၾကတဲ့အျပင္ကြင္းအတြင္းတာဝန္ယူမႈတာဝန္ခံမႈ
အျပည့္အဝမလုပ္ခဲ့ၾကေၾကာင္းဆိုသြားပါတယ္။
ဒါဘီေကာင္တီနည္းျပက “ယူႏိုက္တက္ကစားသမားေတြအေနနဲ႔
ကိုယ့္ကိုယ္ကိုၾကည့္ၿပီးေမးခြန္းထုတ္သင့္ပါတယ္။ဒီကစားသမားေတြက
သူတို႔အလုပ္အတြက္ေငြေတြအမ်ားႀကီးရေနတာဆိုေတာ့နည္းျပအျဖစ္
အားလုံးစုစုစည္းစည္းျဖစ္ေအာင္လုပ္ဖို႔လြယ္ပါတယ္။ဒါေပမယ့္သူတို႔ဟာ
လုံေလာက္တဲ့ေကာင္းမြန္မႈမရွိဘူးလို႔ထင္ပါတယ္။ဒီလိုကလပ္မွာေတာင္းဆိုမႈ
ျမင့္သလိုဖိအားလည္းျမင့္မားပါတယ္။ကစားသမားေတာ္ေတာ္မ်ားမ်ား
ေအာက္ဆင္းၿပီးခံစစ္ကူတာမလုပ္ၾကပါဘူး။ကလပ္အတြက္အစြမ္းကုန္
ႀကိဳးစားအားထုတ္ျခင္းမရွိပါဘူး။ဒါကေတာ့လုံးဝလက္မခံႏိုင္စရာပါ။
ဒီကစားသမားေတြအေနနဲ႔ တာဝန္ယူမႈႀကီးမားပါတယ္။သူတို႔ကကမာၻ႔အဆင့္
ႏိုင္ငံတကာကစားသမားေတြပါ။ရႈံးပြဲႀကဳံတဲ့အခါကစားသမားေတြအေနနဲ႔
နာက်င္ရမယ္။ခံစားတတ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။
မန္ယူဟာစေနေန႔မွာစပါးစ္အသင္းကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။
ဆိုးလ္ရွားဟာလီဗာပူးကို၅-ဝဂိုးျဖင့္ရႈံးနိမ့္ေပမယ့္ရာထူးမွထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။
ဒါေပမယ့္သူဟာစပါးစ္ႏွင့္ပြဲမွာရႈံးနိမ့္မယ္ဆိုရင္ရာထူးကထုတ္ပယ္ျခင္းခံလာရႏိုင္ပါတယ္။
ဒါ့အျပင္မန္ယူအတြက္၂၅၃ဂိုးသြင္းခဲ့တဲ့ဝိန္း႐ြန္းနီကဘုတ္အဖြဲ႕ကနည္းျပကို
ခ်က္ခ်င္းထုတ္ပယ္ပါကလုပ္ေဆာင္ရန္အတြက္အစီအစဥ္
လုပ္ေဆာင္ထားရမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။