မကောင်းမှုက စိတ်ကွယ်ရာမရှိတဲ့။
ဘယ်လောက်တောင်လည်းဆိုရင် ကိုယ့်အမှားကို ကိုယ်တိုင်မထင်မှတ်ဘဲ
ပြန်ဖော်ရတတ်တယ်။ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီဟာ 2006 ခုနှစ်က
ချယ်လ်ဆီးနဲ့ကစားတဲ့ပွဲမှာ တယ်ရီကို ဒဏ်ရာရစေခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ
လုပ်ခဲ့တာလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖွင့်ဟခဲ့တယ်။
ချယ်လ်ဆီးက အဲဒီပွဲနိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှာမို့လို့ မနာလိုစိတ်နဲ့
ချယ်လ်ဆီးကစားသမားတစ်ယောက်ယောက် ဒဏ်ရာရအောင် ကြိုတင်ပြင်ဆင်ခဲ့တာပါ။
ဝတ်ဆင်နေကျ ပလပ်စတစ်ဘားနဲ့ ဖိနပ်ကို မဝတ်ဘဲ သတ္တုဘားနဲ့ဖိနပ်ကို ဝတ်ဆင်ကစားခဲ့တယ်။
သူ့ရဲ့ သတ္တုဘားကြောင့် ချယ်လ်ဆီးနောက်ခံလူ တယ်ရီရဲ့ ခြေထောက် ပေါက်သွားပြီး
ဒဏ်ရာရခဲ့တယ်။ ဒီအကြောင်းကို အချိန်ကာလအတော်ကြာပြီးမှ သူက ဖွင့်ပြောခဲ့ပေမယ့်
သူ့ရဲ့ လုပ်ရပ်အတွက် ပြန်ဖြေရှင်းဖို့ အက်ဖ်အေက တောင်းဆိုလာပါတယ်။
ဘယ်လို မကောင်းမှုမဆို တစ်ချိန်ချိန်မှာ ပေါ်လာတတ်စမြဲပါပဲ။
တခြားသူက ဖော်ထုတ်တာ မဟုတ်ခဲ့ရင်တောင် ကိုယ်တိုင်ဖွင့်ဟလို့ ပေါ်လာတတ်တယ်ဆိုတာ
ရွန်းနီအတွက် သင်ခန်းစာပါပဲ။ သမိုင်းဆိုတာ ဘယ်တော့မှ ပြောင်းလဲမသွားပါဘူး။
Zawgyi
ရွန်းနီကိုယ်တိုင် ပြန်ပြောပြတဲ့ အတ္တအမှားတစ်ခု