
ပီတာဘရော့အသင်းနည်းပြ ဒါရင်းဖာဂူဆန် ဟာစနေနေ့ညက
ဝိန်းရူနီကိုင်တွယ်နေတဲ့ ဒါဘီကောင်တီကို ၁-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက်
နည်းပြရာထူးကနေနုတ်ထွက်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဒါရင်းဖာဂူဆန်ဟာ မန်ယူရဲ့ဂန္ထဝင်နည်းပြ အဲလက်စ်ဖာဂူဆန်ရဲ့သားဖြစ်ပါတယ်။
ပီတာဘရော့ဟာ ဒါဘီကိုရှုံးပြီးနောက်အဆင့် ၂၃ ကိုရောက်ရှိသွားခဲ့ပြီး
ဒါဘီနည်းတူတန်းဆင်းဇုန်ထဲမှာရှိနေကာ တန်းမဆင်းရမယ့်
နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၂၁ က ရီဒင်းနဲ့ ၅ မှတ်အထိကွာဟသွားခဲ့တာပါ။
ဒါဘီကလည်း ပီတာဘရော့နဲ့ရမှတ်တူပြီးအဆင့် ၂၂ မှာရှိနေပေမယ့်
သူတို့ကဘဏ္ဍာရေးပြဿနာတွေကြောင့် ၂၁ မှတ်အထိလျှော့ချခံထားရတာပါ။
ပီတာဘရော့ဟာ ဒီဇင်ဘာ ၁၁ ကစလို့ နိုင်ပွဲရယူနိုင်ခြင်းမရှိတော့တာကြောင့်
သူတို့နိုင်ပွဲပျောက်ဆုံးနေတာ ၇၂ ရက်အထိရှိနေပြီဖြစ်ပါတယ်။
ဒါရင်းဖာဂူဆန်ဟာ ပြီးခဲ့တဲ့ရာသီက ပီတာဘရော့ကို
လိဂ်-၁ ကနေ ချန်ပီယံရှစ်ဆီအလိုအလျောက်တန်းတက်အောင်
စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး သူနုတ်ထွက်ကြောင်းကို
ကလပ်ရဲ့ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒါရက်မက်အန်သိုနီ ဆီကို
တနင်္ဂနွေနေ့ကဖုန်းဆက်ပြီးအသိပေးခဲ့ပါတယ်။
အန်သိုနီက” ကျွန်တော်နဲ့ အခြားပိုင်ရှင်နှစ်ဦးဖြစ်သူတို့ဟာ ဒါရင်းကို ပီတာဘရော့ရဲ့
ကြီးကျယ်ခမ်းနားတဲ့ နည်းပြတွေထဲကတစ်ဦးလို့ အသိအမှတ်ပြုထားကြပါတယ်။
အထူးသဖြင့် ခေတ်သစ်ဘောလုံးလောကမှာပေါ့။
ကျွန်တော်တို့ကို ချန်ပီယံရှစ်ဆီ တန်းတက်စေအောင်လုပ်ပေးခဲ့တဲ့
သူ့စွမ်းဆောင်ရည်ကပြိုင်ဘက်မရှိပါဘူး။
ဒါကြောင့်သူဟာ ကျွန်တော့်တို့အတွက် ဂန္ထဝင်နည်းပြအဖြစ်
အမြဲတမ်းရပ်တည်နေမှာပါ” လို့ပြောသွားပါတယ်။
ဖာဂူဆန်ကလည်း လိဂ်မန်နေဂျာများအစည်းအရုံးကနေ
ကြေညာချက်ထုတ်ပြန်ရာမှာ ပီတာဘရော့ကို
ချန်ပီယံရှစ်မှာဆက်ရှိစေဖို့မျှော်လင့်ထားပေမယ့်
အခြေအနေတွေက မပေးတော့လို့ နုတ်ထွက်ဖို့အတွက်
သေချာစဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာလို့ ဆိုသွားပါတယ်။
အဲလက်စ်ဖာဂူဆန်ဟာ ရူနီနဲ့သိပ်ပြီးအဆင်မပြေခဲ့တဲ့အတွက်
ဒါရင်းကို ရူနီက ပညာပေးလိုက်တာဖြစ်နိုင်ကြောင်းလည်း
ခန့်မှန်းသူတွေရှိနေပါတယ်။
zawgyi
႐ြန္နီရဲ႕ေက်းဇူးနဲ႔ ရာထူးက ႏုတ္ထြက္လိုက္ရတဲ့ ဖာဂူဆန္ရဲ႕ သား
ပီတာဘေရာ့အသင္းနည္းျပ ဒါရင္းဖာဂူဆန္ ဟာစေနေန႔ညက
ဝိန္း႐ူနီကိုင္တြယ္ေနတဲ့ ဒါဘီေကာင္တီကို ၁-၀ နဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္
နည္းျပရာထူးကေနႏုတ္ထြက္သြားခဲ့ရတယ္လို႔ သိရပါတယ္။
ဒါရင္းဖာဂူဆန္ဟာ မန္ယူရဲ႕ဂႏၴဝင္နည္းျပ အဲလက္စ္ဖာဂူဆန္ရဲ႕သားျဖစ္ပါတယ္။
ပီတာဘေရာ့ဟာ ဒါဘီကိုရႈံးၿပီးေနာက္အဆင့္ ၂၃ ကိုေရာက္ရွိသြားခဲ့ၿပီး
ဒါဘီနည္းတူတန္းဆင္းဇုန္ထဲမွာရွိေနကာ တန္းမဆင္းရမယ့္
ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၂၁ က ရီဒင္းနဲ႔ ၅ မွတ္အထိကြာဟသြားခဲ့တာပါ။
ဒါဘီကလည္း ပီတာဘေရာ့နဲ႔ရမွတ္တူၿပီးအဆင့္ ၂၂ မွာရွိေနေပမယ့္
သူတို႔ကဘ႑ာေရးျပႆနာေတြေၾကာင့္ ၂၁ မွတ္အထိေလွ်ာ့ခ်ခံထားရတာပါ။
ပီတာဘေရာ့ဟာ ဒီဇင္ဘာ ၁၁ ကစလို႔ ႏိုင္ပြဲရယူႏိုင္ျခင္းမရွိေတာ့တာေၾကာင့္
သူတို႔ႏိုင္ပြဲေပ်ာက္ဆုံးေနတာ ၇၂ ရက္အထိရွိေနၿပီျဖစ္ပါတယ္။
ဒါရင္းဖာဂူဆန္ဟာ ၿပီးခဲ့တဲ့ရာသီက ပီတာဘေရာ့ကို
လိဂ္-၁ ကေန ခ်န္ပီယံရွစ္ဆီအလိုအေလ်ာက္တန္းတက္ေအာင္
စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ၿပီး သူႏုတ္ထြက္ေၾကာင္းကို
ကလပ္ရဲ႕ပူးတြဲပိုင္ရွင္တစ္ဦးျဖစ္တဲ့ ဒါရက္မက္အန္သိုနီ ဆီကို
တနဂၤေႏြေန႔ကဖုန္းဆက္ၿပီးအသိေပးခဲ့ပါတယ္။
အန္သိုနီက” ကြၽန္ေတာ္နဲ႔ အျခားပိုင္ရွင္ႏွစ္ဦးျဖစ္သူတို႔ဟာ ဒါရင္းကို ပီတာဘေရာ့ရဲ႕
ႀကီးက်ယ္ခမ္းနားတဲ့ နည္းျပေတြထဲကတစ္ဦးလို႔ အသိအမွတ္ျပဳထားၾကပါတယ္။
အထူးသျဖင့္ ေခတ္သစ္ေဘာလုံးေလာကမွာေပါ့။
ကြၽန္ေတာ္တို႔ကို ခ်န္ပီယံရွစ္ဆီ တန္းတက္ေစေအာင္လုပ္ေပးခဲ့တဲ့
သူ႔စြမ္းေဆာင္ရည္ကၿပိဳင္ဘက္မရွိပါဘူး။
ဒါေၾကာင့္သူဟာ ကြၽန္ေတာ့္တို႔အတြက္ ဂႏၴဝင္နည္းျပအျဖစ္
အၿမဲတမ္းရပ္တည္ေနမွာပါ” လို႔ေျပာသြားပါတယ္။
ဖာဂူဆန္ကလည္း လိဂ္မန္ေနဂ်ာမ်ားအစည္းအ႐ုံးကေန
ေၾကညာခ်က္ထုတ္ျပန္ရာမွာ ပီတာဘေရာ့ကို
ခ်န္ပီယံရွစ္မွာဆက္ရွိေစဖို႔ေမွ်ာ္လင့္ထားေပမယ့္
အေျခအေနေတြက မေပးေတာ့လို႔ ႏုတ္ထြက္ဖို႔အတြက္
ေသခ်ာစဥ္းစားၿပီးမွ ဆုံးျဖတ္လိုက္တာလို႔ ဆိုသြားပါတယ္။
အဲလက္စ္ဖာဂူဆန္ဟာ ႐ူနီနဲ႔သိပ္ၿပီးအဆင္မေျပခဲ့တဲ့အတြက္
ဒါရင္းကို ႐ူနီက ပညာေပးလိုက္တာျဖစ္ႏိုင္ေၾကာင္းလည္း
ခန႔္မွန္းသူေတြရွိေနပါတယ္။