ရဲ ၆ ယောက်လောက်ကို တစ်ယောက်တည်း ဖြဲခဲ့တဲ့ ဂေါင်းကြီး လုံး၀ နောင်တမရဘူးဆိုပဲ

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ယောက်ကို ဒေါသတကြီးနဲ့ အပီအပြင် ဖြဲခဲ့တဲ့အတွက် သူ့အနေနဲ့ နောင်တရနေတာမျိုး မရှိဘူးလို့ မန်ယူအသင်းခေါင်းဆောင်

မက်ဂွိုင်းယားက ပြောဆိုခဲ့ပါတယ်။ ဂရိနိုင်ငံက အပန်း ဖြေစခန်းတစ်ခုဖြစ်တဲ့ မိုင်ကွန်နော့စ် ကျွန်းကို မိသားစုဝင်တွေနဲ့အတူ သွားရောက်ခဲ့တဲ့ အပန်းဖြေခရီးစဉ် တစ်ခုမှာ

မက်ဂွိုင်းယားက သက်ဆိုင်ရာဒေသ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး ရဲစခန်းအထိ ရောက်သွား ခဲ့တာပါ။ မက်ဂွိုင်းယားနဲ့ မိသားစုဝင်တွေဟာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၁ ရက်နေ့မှာ

မိုင်ကွန်နော့စ် ကျွန်းလေးမှာ အပန်းဖြေခဲ့ကြပြီး သောက်စားပျော်ပါးခဲ့ကြတဲ့အပြင် မြို့ထဲမှာလည်း သောက်စားပျော်ပါးဖို့နဲ့ ငွေတွေသုံးဖို့အတွက် သွား ခဲ့ကြတယ်လို့ သိရပါတယ်။ သန်းခေါင်ယံ

အချိန်ကို ရောက်တဲ့အခါမှာတော့ ဘားတွေနဲ့ စားသောက်ဆိုင်တွေဟာ ပိတ်ချိန်ရောက်ပြီဖြစ်တဲ့အတွက် မက်ဂွိုင်းယားတို့ မိသားစုဟာ တည်းခိုရာ နေရာကို ပြန်ဖို့ ဘတ်စ်ကား စောင့်ဆိုင်းနေခဲ့ကြတာပါ။ အဲဒီနောက်

ပတ်ကင်းလှည့်တဲ့ ရဲတပ်ဖွဲ့ဝင် တချို့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုအပ်ချက်အရ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တာကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီနောက်

မက်ဂွိုင်းယားဟာ ရဲစခန်းအထိ ရောက်သွားခဲ့တဲ့အပြင် စခန်းထဲကို ရောက်တဲ့အခါမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင် ၆ ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ အော်ဟစ်ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။

စိတ်အေးအေးထားဖို့နဲ့ ပြဿနာကို အကောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တာဝန်ရှိသူ တွေက ဖြောင့်ဖြခဲ့ပေမဲ့ ခေါင်းကြီးကတော့ အရမ်းတွေ ဖြစ်နေခဲ့ပြီး စော်ကား ပြောဆိုခဲ့တာပါ။

အဲဒီလို အခင်းဖြစ်တဲ့ နေရာမှာ လူနှစ်ယောက်ဟာ သူ့ညီမဖြစ်သူ ဒေစီကို မဖွယ်ရာတဲ့ အပြုအမူမျိုးနဲ့ ချဉ်းကပ်ခဲ့တာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ်မပေးတဲ့အပြင်

သူ့ကိုပါ ရိုက်မောင်း ပုတ်မောင်း လုပ်ခဲ့တဲ့အတွက် ဒေါသဖြစ်ခဲ့ရပြီး အခုလိုမျိုး စော်ကားပြောဆိုတာဖြစ်တယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံခန်း တစ်ခုမှာ မက်ဂွိုင်းယားက ပြောဆိုခဲ့တာပါ။

ဒီအတွက် မက်ဂွိုင်းယားဟာ အမှုရင်ဆိုင်ခဲ့ရတာမျိုး ရှိပေမဲ့ နောင်တ ရတာမျိုးတော့ လုံးဝမရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး သူ့ကို မှန်တယ်လို့ ယူဆတဲ့သူတွေရှိသလို

မှားတယ်လို့ ယူဆတဲ့သူတွေက လည်း ရှိနေမှာပါပဲလို့ မက်ဂွိုင်းယားက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ရဲ ၆ ေယာက္ေလာက္ကို တစ္ေယာက္တည္း ၿဖဲခဲ့တဲ့ ေဂါင္းႀကီး လုံး၀ ေနာင္တမရဘူးဆိုပဲ

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၆ ေယာက္ကို ေဒါသတႀကီးနဲ႔ အပီအျပင္ ၿဖဲခဲ့တဲ့အတြက္ သူ႔အေနနဲ႔ ေနာင္တရေနတာမ်ိဳး မရွိဘူးလို႔ မန္ယူ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက

ေျပာဆိုခဲ့ပါတယ္။ ဂရိႏိုင္ငံက အပန္း ေျဖစခန္းတစ္ခုျဖစ္တဲ့ မိုင္ကြန္ေနာ့စ္ ကြၽန္းကို မိသားစုဝင္ေတြနဲ႔အတူ သြား ေရာက္ခဲ့တဲ့ အပန္းေျဖခရီးစဥ္ တစ္ခုမွာ

မက္ဂြိဳင္းယားက သက္ဆိုင္ရာေဒသ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြနဲ႔ ပြတ္တိုက္မႈေတြျဖစ္ၿပီး ရဲစခန္းအထိ ေရာက္သြား ခဲ့တာပါ။ မက္ဂြိဳင္းယားနဲ႔ မိသားစုဝင္ေတြဟာ

၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ မိုင္ကြန္ေနာ့စ္ ကြၽန္းေလးမွာ အပန္းေျဖခဲ့ၾကၿပီး ေသာက္စားေပ်ာ္ ပါးခဲ့ၾကတဲ့အျပင္ ၿမိဳ႕ထဲမွာလည္း

ေသာက္စားေပ်ာ္ပါးဖို႔နဲ႔ ေငြေတြသုံးဖို႔အတြက္ သြား ခဲ့ၾကတယ္လို႔ သိရပါတယ္။ သန္းေခါင္ယံ အခ်ိန္ကို ေရာက္တဲ့အခါမွာေတာ့ ဘားေတြနဲ႔ စားေသာက္ဆိုင္ေတြဟာ

ပိတ္ခ်ိန္ေရာက္ၿပီျဖစ္တဲ့အတြက္ မက္ဂြိဳင္းယားတို႔ မိသားစုဟာ တည္းခိုရာ ေနရာကို ျပန္ဖို႔ ဘတ္စ္ကား ေစာင့္ဆိုင္းေနခဲ့ၾကတာပါ။ အဲဒီေနာက္ ပတ္ကင္းလွည့္တဲ့ ရဲတပ္ဖြဲ႕ဝင္ တခ်ိဳ႕နဲ႔

ထိပ္တိုက္ေတြ႕ခဲ့ၾကၿပီး လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက လိုအပ္ခ်က္အရ စစ္ေဆးေမးျမန္းမႈေတြ လုပ္ခဲ့တာေၾကာင့္ တင္းမာမႈေတြ ျဖစ္ခဲ့တယ္လို႔ သိရ ပါတယ္။ အဲဒီေနာက္

မက္ဂြိဳင္းယားဟာ ရဲစခန္းအထိ ေရာက္သြားခဲ့တဲ့အျပင္ စခန္းထဲကို ေရာက္တဲ့အခါမွာလည္း လုံၿခဳံေရး တပ္ဖြဲ႕ဝင္ ၆ ေယာက္ကို ႐ိုင္း႐ိုင္းစိုင္းစိုင္းေတြ ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့တယ္လို႔

သိရပါတယ္။ စိတ္ေအး ေအးထားဖို႔နဲ႔ ျပႆနာကို အေကာင္းဆုံး နည္းလမ္းနဲ႔ ေျဖရွင္းဖို႔ တာဝန္ရွိသူ ေတြက ေျဖာင့္ျဖခဲ့ေပမဲ့ ေခါင္းႀကီးကေတာ့ အရမ္းေတြ ျဖစ္ေနခဲ့ၿပီး

ေစာ္ကား ေျပာဆိုခဲ့တာပါ။ အဲဒီလို အခင္းျဖစ္တဲ့ ေနရာမွာ လူႏွစ္ေယာက္ဟာ သူ႔ညီမျဖစ္သူ ေဒစီကို မဖြယ္ရာတဲ့ အျပဳအမူမ်ိဳးနဲ႔ ခ်ဥ္းကပ္ခဲ့တာကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက

အကာအကြယ္မေပးတဲ့အျပင္ သူ႔ကိုပါ ႐ိုက္ေမာင္း ပုတ္ေမာင္း လုပ္ခဲ့တဲ့အတြက္ ေဒါသျဖစ္ခဲ့ရၿပီး အခုလို မ်ိဳး ေစာ္ကားေျပာဆိုတာျဖစ္တယ္လို႔ ဘီဘီစီနဲ႔ ေတြ႕ဆုံခန္း တစ္ခုမွာ

မက္ဂြိဳင္း ယားက ေျပာဆိုခဲ့တာပါ။ ဒီအတြက္ မက္ဂြိဳင္းယားဟာ အမႈရင္ဆိုင္ခဲ့ရတာမ်ိဳး ရွိေပမဲ့ ေနာင္တ ရတာမ်ိဳးေတာ့ လုံးဝမရွိခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ေနာက္ၿပီး သူ႔ကို မွန္တယ္လို႔

ယူဆတဲ့သူေတြရွိသလို မွားတယ္လို႔ ယူဆတဲ့သူေတြက လည္း ရွိေနမွာပါပဲလို႔ မက္ဂြိဳင္းယားက ေျပာဆိုသြားခဲ့ပါတယ္။