
အီတလီအသင်းဝါရင့်နောက်ခံလူဘိုနူချီက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
Play-off ပွဲအဖြစ် အီတလီနဲ့ပေါ်တူဂီတို့ဆုံတွေ့မယ်ဆိုရင်
စီရော်နယ်လ်ဒိုကတော့ တော်တော်လေးခံစားသွားရလိမ့်မယ်လို့
အခုကတည်းက သတိပေးစကားဆိုလိုက်ပါပြီ။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘိုနူချီဟာ ဂျူဗင်တပ်စ်အသင်းမှာ
စီရော်နယ်လ်ဒိုနဲ့အတူ ၂၀၁၈ ခုနှစ်က ဒီနှစ်၊ နွေရာသီကာလအထိကစားခဲ့ဖူးပေမယ့်
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီနဲ့တွေ့ရင် သူ့အသင်းဖော်ဟောင်းကို
‘အထာ’ထားမှာမဟုတ်ဘူးဆိုတာ ကြိုတင်သတိပေးခဲ့တာပါ။
အီတလီနဲ့ပေါ်တူဂီတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းမှာ
တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးကောင်းကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပေမယ့်
ခြေချော်ခဲ့ကြတာကြောင့် အုပ်စုဒုတိယသာရခဲ့ပြီး
အခုလို Play-off ကစားဖို့ဖြစ်လာရပါတယ်။
အခုဆိုရင် လက်ရွေးစင်အသင်း(၁၂)သင်းဟာ ခြေစစ်ပွဲအောင်ဖို့(၃)နေရာအတွက်
အပြိုင်လုရမှာဖြစ်ပြီး Path A,B,C လမ်းကြောင်း(၃)ခုမှာ
လမ်းကြောင်းတစ်ခုကို (၄)သင်းစီနဲ့ ဗိုလ်လုပွဲမှာအနိုင်ရတဲ့
အသင်းခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
အီတလီနဲ့ပေါ်တူဂီတို့ ကံဆိုးတာကလည်း သူတို့နှစ်သင်းက Path C မှာ
လမ်းကြောင်းတစ်ခုတည်းကျနေပြီး အီတလီက မြောက်မက်ဆီဒိုးနီးယား၊
ပေါ်တူဂီက တူရကီနဲ့ဆုံတွေ့မှာဖြစ်သလို နိုင်တဲ့နှစ်သင်းက ဗိုလ်လုပွဲအဖြစ်
လာမယ့်နှစ်၊ မတ်လ(၂၉)ရက်မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပွဲအားလုံးကို တစ်ကျော့တည်းကစားသွားမှာဖြစ်ပြီ အနေအထားအရ
နာမည်ကျော်အီတလီနဲ့ ပေါ်တူဂီအသင်းတို့နှစ်သင်းထဲက တစ်သင်းဟာ
သေချာပေါက်ခြေစစ်ပွဲမှာ ကျန်ခဲ့မှာပါ။
အဲဒီအတွက် ဘိုနူချီက “စီရော်နယ်လ်ဒိုနဲ့ပတ်သက်လို့ ကျွန်တော် သတင်းတွေကြားပြီး
ကျွန်တော်တို့တွေဟာ ပေါ်တူဂီ-အီတလီသာဆုံတွေ့မယ်ဆိုရင်
ဘယ်လိုပညာပေးရမလဲဆိုတာ နောက်ပြောင်ပြောဆိုနေကြတာဖြစ်ပါတယ်။
ကွင်းထဲမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး
စီရော်နယ်လ်ဒိုကတော့ ကြီးမားတဲ့ထိုးနှက်ချက်တွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ
ကြိုတင်သိထားလောက်ပါပြီ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ေရာ္နယ္လ္ဒိုကို ပညာေပးဖို႔ႀကိဳတင္ျပင္ဆင္ေနၿပီျဖစ္တဲ့ ဘိုႏူခ်ီ
အီတလီအသင္းဝါရင့္ေနာက္ခံလူဘိုႏူခ်ီက ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ
Play-off ပြဲအျဖစ္ အီတလီနဲ႔ေပၚတူဂီတို႔ဆုံေတြ႕မယ္ဆိုရင္
စီေရာ္နယ္လ္ဒိုကေတာ့ ေတာ္ေတာ္ေလးခံစားသြားရလိမ့္မယ္လို႔
အခုကတည္းက သတိေပးစကားဆိုလိုက္ပါၿပီ။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဘိုႏူခ်ီဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ
စီေရာ္နယ္လ္ဒိုနဲ႔အတူ ၂၀၁၈ ခုႏွစ္က ဒီႏွစ္၊ ေႏြရာသီကာလအထိကစားခဲ့ဖူးေပမယ့္
ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေပၚတူဂီနဲ႔ေတြ႕ရင္ သူ႔အသင္းေဖာ္ေဟာင္းကို
‘အထာ’ထားမွာမဟုတ္ဘူးဆိုတာ ႀကိဳတင္သတိေပးခဲ့တာပါ။
အီတလီနဲ႔ေပၚတူဂီတို႔ဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုတြင္းမွာ
တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ အခြင့္အေရးေကာင္းကိုယ္စီ ပိုင္ဆိုင္ခဲ့ၾကေပမယ့္
ေျခေခ်ာ္ခဲ့ၾကတာေၾကာင့္ အုပ္စုဒုတိယသာရခဲ့ၿပီး
အခုလို Play-off ကစားဖို႔ျဖစ္လာရပါတယ္။
အခုဆိုရင္ လက္ေ႐ြးစင္အသင္း(၁၂)သင္းဟာ ေျခစစ္ပြဲေအာင္ဖို႔(၃)ေနရာအတြက္
အၿပိဳင္လုရမွာျဖစ္ၿပီး Path A,B,C လမ္းေၾကာင္း(၃)ခုမွာ
လမ္းေၾကာင္းတစ္ခုကို (၄)သင္းစီနဲ႔ ဗိုလ္လုပြဲမွာအႏိုင္ရတဲ့
အသင္းေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ပါတယ္။
အီတလီနဲ႔ေပၚတူဂီတို႔ ကံဆိုးတာကလည္း သူတို႔ႏွစ္သင္းက Path C မွာ
လမ္းေၾကာင္းတစ္ခုတည္းက်ေနၿပီး အီတလီက ေျမာက္မက္ဆီဒိုးနီးယား၊
ေပၚတူဂီက တူရကီနဲ႔ဆုံေတြ႕မွာျဖစ္သလို ႏိုင္တဲ့ႏွစ္သင္းက ဗိုလ္လုပြဲအျဖစ္
လာမယ့္ႏွစ္၊ မတ္လ(၂၉)ရက္မွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။
ပြဲအားလုံးကို တစ္ေက်ာ့တည္းကစားသြားမွာျဖစ္ၿပီ အေနအထားအရ
နာမည္ေက်ာ္အီတလီနဲ႔ ေပၚတူဂီအသင္းတို႔ႏွစ္သင္းထဲက တစ္သင္းဟာ
ေသခ်ာေပါက္ေျခစစ္ပြဲမွာ က်န္ခဲ့မွာပါ။
အဲဒီအတြက္ ဘိုႏူခ်ီက “စီေရာ္နယ္လ္ဒိုနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ သတင္းေတြၾကားၿပီး
ကြၽန္ေတာ္တို႔ေတြဟာ ေပၚတူဂီ-အီတလီသာဆုံေတြ႕မယ္ဆိုရင္
ဘယ္လိုပညာေပးရမလဲဆိုတာ ေနာက္ေျပာင္ေျပာဆိုေနၾကတာျဖစ္ပါတယ္။
ကြင္းထဲမွာ ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး
စီေရာ္နယ္လ္ဒိုကေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္ေတြနဲ႔ရင္ဆိုင္ရမယ္ဆိုတာ
ႀကိဳတင္သိထားေလာက္ပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။