ရော်နယ်ဒို လက်သစ်ဖြစ်လာနိုင်တဲ့ ယူ-၁၈ တိုက်စစ်မှုးလေး ဂါနာချို

မန်ယူရဲ့ အကယ်ဒမီ ယူ-၁၈ အသင်းက အသက် ၁၇ နှစ်သာ ရှိသေးတဲ့

စပိန်တိုက်စစ်မှုးလေး အလီယန်ဒရို ဂါနာချိုကတော့

အနာဂတ်မန်ယူအသင်းကြီးမှာ ရော်နယ်ဒိုလို အားကိုးရမယ့်

တိုက်စစ်မှုးဖြစ်လာမယ့် ခြေစွမ်းတွေကို ပြသနေပါပြီ။

မန်ယူ ယူ-၁၈ အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က

အက်ဖ်အေလူငယ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်အဖြစ်

အဲဗာတန်ကို ၄-၁ နဲ့အနိုင်ရခဲ့ပါတယ်။

အဲဗာတန်လူငယ်အသင်းက ပွဲအစ ၁၁ မိနစ်မှာ ဦးဆောင်ဂိုးသွင်းသွားခဲ့ပေမယ့်

မန်ယူလူငယ်တွေက နောက်ကပြန်လိုက်သွင်းပြီး အနိုင်ရခဲ့တာပါ။

အလီယန်ဒရို ဂါနာချိုကတော့ အဲ့ဒိပွ​ဲရဲ့ ပွဲပြီးခါနီး

မိနစ် ၉၀ မှာ တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲပြေးပြီး

မန်ယူရဲ့ ၄-၁ ဖြစ်စေတဲ့ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အဲဗာတန်ရဲ့ထောင့်ကန်ဘောကနေတစ်ဆင့် ပျက်သွားတဲ့ဘောလုံးကို

မန်ယူကွင်းဘက်ခြမ်းကနေ တစ်ကိုယ်တော်ဆွဲပြေးပြီး

အေးဆေးတည်ငြိမ်စွာ ကန်သွင်းသွားခဲ့တာပါ။

ပိုပြီးထူးခြားတာက အဲဒီဂိုးကိုသွင်းပြီးနောက် အင်္ကျီချွတ်ကာ

ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံစံအတိုင်း ခုန်၊ လှည့်ပြီး အောင်ပွဲခံသွားခဲ့တာပါ။

မန်ယူပရိသတ်တွေကတော့ မြန်နှုန်းမြင့်​ပြေးအား၊

သွေးအေးတဲ့ဂိုးသွင်းစွမ်းရည်​ကြောင့်သာမက ရော်နယ်ဒိုလိုပါ

အောင်ပွဲခံခဲ့တာကြောင့် အလီယန်ဒရိုဂါနာချိုကို

သဘောကျပြီး အရမ်းမျှော်လင့်နေကြတာပါ။

မန်ယူ ယူ ၁၈ အသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာတော့

ချဲလ်ဆီး အကယ်ဒမီ ယူ ၁၈ အသင်းကို

လိဂ်ဖလားကွာတားပွဲမှာ ၃-၂ နဲ့ ရှံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒိပွဲမှာ မန်ယူက ၀-၂ နဲ့ ဦးဆောင်ခဲ့သေးပြီး

အလီယန်ဒရိုဂါနာချာက လည်း မန်ယူအတွက် အဖွင့်ဂိုးကို

၂၃ မိနစ်မှာ သွင်းပေးနိုင်ခဲ့ပါသေးတယ်။

အလီယန်ဒရိုဂါနာချာဟာ ၂၀၁၀-၂၁ ရာသီမတိုင်ခင် မန်ယူလူငယ်အသင်းကို

အက်သလက်တီကို လူငယ်အသင်းကနေ ပြောင်းရွေ့လာခဲ့တာပါ။

ပထမဆုံးရာသီမှာ ၁၇ ပွဲကစားပြီး ၇ ဂိုးသွင်းပေးနိုင်ခဲ့သလို

ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီး ၄ ဂိုးသွင်းပေးထားပါတယ်။

မန်ယူ ယူ ၁၈ အသင်းဟာ လိဂ်ဖလား ဆီမီးကနေထွက်ခဲ့ရပေမယ့်

လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါသေးတယ်။

လူငယ်အက်ဖ်အေပြိုင်ပွဲမှာ မန်ယူဟာ ၁၀ ကြိမ်ချန်ပီယံဖြစ်ခဲ့ပြီး

အောင်မြင်မှု အရှိဆုံးအသင်းလည်း ဖြစ်ပါတယ်။

လူငယ်အက်ဖ်အေကွာတားမှာ ဝုဖ်(သို့)စပါး-ဘရိုက်တန်၊

မန်ယူ -လက်စတာ၊ ချဲလ်ဆီး -ဘလက်ပူးလ်၊

ဘလက်ဘန်း-နော်တင်ဟမ်ဖောရက်စ်တို့တွေ့ဆုံနေကြပြီး

ဒီပွဲတွေကို ဖေဖော်ဝါရီ ၂၆၊ မတ် ၃ တို့မှာ ကစားကြမှာပါ။

ဒီပြိုင်ပွဲမှာ မန်ယူပြီးနောက် ချဲလ်ဆီးက ချန်ပီယံ ၉ ကြိမ်နဲ့

ဒုတိယအောင်မြင်မှု အရှိဆုံးအသင်းဖြစ်နေပြီး

မန်ယူနဲ့ ချဲလ်ဆီးလူငယ်တွေရဲ့ ဗိုလ်လုပွဲဖြစ်လာနိုင်တယ်လို့လည်း

သုံးသပ်နေကြပါတယ်။ မန်ယူပရိသတ်တွေကတော့

ရော်နယ်ဒို လက်သစ်ဖြစ်လာနို်င်တဲ့အလီယန်ဒရိုဂါနာချိုရဲ့

သွင်းဂိုးတွေကို ဆက်လက်မျှော်လင့်နေကြပါတယ်။

zawgyi

ေရာ္နယ္ဒို လက္သစ္ျဖစ္လာႏိုင္တဲ့ ယူ-၁၈ တိုက္စစ္မႈးေလး ဂါနာခ်ိဳ

မန္ယူရဲ႕ အကယ္ဒမီ ယူ-၁၈ အသင္းက အသက္ ၁၇ ႏွစ္သာ ရွိေသးတဲ့

စပိန္တိုက္စစ္မႈးေလး အလီယန္ဒ႐ို ဂါနာခ်ိဳကေတာ့

အနာဂတ္မန္ယူအသင္းႀကီးမွာ ေရာ္နယ္ဒိုလို အားကိုးရမယ့္

တိုက္စစ္မႈးျဖစ္လာမယ့္ ေျခစြမ္းေတြကို ျပသေနပါၿပီ။

မန္ယူ ယူ-၁၈ အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က

အက္ဖ္ေအလူငယ္ၿပိဳင္ပြဲရဲ႕ ၁၆ သင္းအဆင့္အျဖစ္

အဲဗာတန္ကို ၄-၁ နဲ႔အႏိုင္ရခဲ့ပါတယ္။

အဲဗာတန္လူငယ္အသင္းက ပြဲအစ ၁၁ မိနစ္မွာ ဦးေဆာင္ဂိုးသြင္းသြားခဲ့ေပမယ့္

မန္ယူလူငယ္ေတြက ေနာက္ကျပန္လိုက္သြင္းၿပီး အႏိုင္ရခဲ့တာပါ။

အလီယန္ဒ႐ို ဂါနာခ်ိဳကေတာ့ အဲ့ဒိပြ​ဲရဲ႕ ပြဲၿပီးခါနီး

မိနစ္ ၉၀ မွာ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပးၿပီး

မန္ယူရဲ႕ ၄-၁ ျဖစ္ေစတဲ့ ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဗာတန္ရဲ႕ေထာင့္ကန္ေဘာကေနတစ္ဆင့္ ပ်က္သြားတဲ့ေဘာလုံးကို

မန္ယူကြင္းဘက္ျခမ္းကေန တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး

ေအးေဆးတည္ၿငိမ္စြာ ကန္သြင္းသြားခဲ့တာပါ။

ပိုၿပီးထူးျခားတာက အဲဒီဂိုးကိုသြင္းၿပီးေနာက္ အက်ႌခြၽတ္ကာ

ေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပုံစံအတိုင္း ခုန္၊ လွည့္ၿပီး ေအာင္ပြဲခံသြားခဲ့တာပါ။

မန္ယူပရိသတ္ေတြကေတာ့ ျမန္ႏႈန္းျမင့္​ေျပးအား၊

ေသြးေအးတဲ့ဂိုးသြင္းစြမ္းရည္​ေၾကာင့္သာမက ေရာ္နယ္ဒိုလိုပါ

ေအာင္ပြဲခံခဲ့တာေၾကာင့္ အလီယန္ဒ႐ိုဂါနာခ်ိဳကို

သေဘာက်ၿပီး အရမ္းေမွ်ာ္လင့္ေနၾကတာပါ။

မန္ယူ ယူ ၁၈ အသင္းဟာ မေန႔က ကစားခဲ့တဲ့ပြဲမွာေတာ့

ခ်ဲလ္ဆီး အကယ္ဒမီ ယူ ၁၈ အသင္းကို

လိဂ္ဖလားကြာတားပြဲမွာ ၃-၂ နဲ႔ ရွံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္ အဲ့ဒိပြဲမွာ မန္ယူက ၀-၂ နဲ႔ ဦးေဆာင္ခဲ့ေသးၿပီး

အလီယန္ဒ႐ိုဂါနာခ်ာက လည္း မန္ယူအတြက္ အဖြင့္ဂိုးကို

၂၃ မိနစ္မွာ သြင္းေပးႏိုင္ခဲ့ပါေသးတယ္။

အလီယန္ဒ႐ိုဂါနာခ်ာဟာ ၂၀၁၀-၂၁ ရာသီမတိုင္ခင္ မန္ယူလူငယ္အသင္းကို

အက္သလက္တီကို လူငယ္အသင္းကေန ေျပာင္းေ႐ြ႕လာခဲ့တာပါ။

ပထမဆုံးရာသီမွာ ၁၇ ပြဲကစားၿပီး ၇ ဂိုးသြင္းေပးႏိုင္ခဲ့သလို

ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ ၁၂ ပြဲကစားၿပီး ၄ ဂိုးသြင္းေပးထားပါတယ္။

မန္ယူ ယူ ၁၈ အသင္းဟာ လိဂ္ဖလား ဆီမီးကေနထြက္ခဲ့ရေပမယ့္

လူငယ္အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနပါေသးတယ္။

လူငယ္အက္ဖ္ေအၿပိဳင္ပြဲမွာ မန္ယူဟာ ၁၀ ႀကိမ္ခ်န္ပီယံျဖစ္ခဲ့ၿပီး

ေအာင္ျမင္မႈ အရွိဆုံးအသင္းလည္း ျဖစ္ပါတယ္။

လူငယ္အက္ဖ္ေအကြာတားမွာ ဝုဖ္(သို႔)စပါး-ဘ႐ိုက္တန္၊

မန္ယူ -လက္စတာ၊ ခ်ဲလ္ဆီး -ဘလက္ပူးလ္၊

ဘလက္ဘန္း-ေနာ္တင္ဟမ္ေဖာရက္စ္တို႔ေတြ႕ဆုံေနၾကၿပီး

ဒီပြဲေတြကို ေဖေဖာ္ဝါရီ ၂၆၊ မတ္ ၃ တို႔မွာ ကစားၾကမွာပါ။

ဒီၿပိဳင္ပြဲမွာ မန္ယူၿပီးေနာက္ ခ်ဲလ္ဆီးက ခ်န္ပီယံ ၉ ႀကိမ္နဲ႔

ဒုတိယေအာင္ျမင္မႈ အရွိဆုံးအသင္းျဖစ္ေနၿပီး

မန္ယူနဲ႔ ခ်ဲလ္ဆီးလူငယ္ေတြရဲ႕ ဗိုလ္လုပြဲျဖစ္လာႏိုင္တယ္လို႔လည္း

သုံးသပ္ေနၾကပါတယ္။ မန္ယူပရိသတ္ေတြကေတာ့

ေရာ္နယ္ဒို လက္သစ္ျဖစ္လာႏို္င္တဲ့အလီယန္ဒ႐ိုဂါနာခ်ိဳရဲ႕

သြင္းဂိုးေတြကို ဆက္လက္ေမွ်ာ္လင့္ေနၾကပါတယ္။