ရော်နယ်ဒို ရေချိုးနေတာကို Live ကနေ ကြည့်ရှုသူ တစ်သန်းနီးပါးရှိ

အင်စတာဂရမ်ကနေ ယူနိုက်တက်တိုက်စစ်မှူး

ရော်နယ်ဒို ရေချိုးတာကို Live ကြည့်သူ
အရေအတွက်က ၁သန်းနီးပါးရှိနေပါတယ်။
တိတိကျကျပြောရရင် လူမှုမီဒီယာ
အသုံးပြုသူ ၆၇၀၀၀၀ အထိ
ရော်နယ်ဒိုရဲ့ရေချိုး live ကို ကြည့်ရှုခဲ့ကြပါတယ်။


ရော်နယ်ဒိုဟာ ကွင်းအတွင်းမှာ
အောင်ပွဲခံရင် တစ်ခါတလေ
သူ့ရဲ့ကိုယ်ခန္ဓာကို ပြသတဲ့အနေနဲ့

အင်္ကျီချွတ် အောင်ပွဲလေ့ရှိသလို
အပြင်မှာလည်း ကြော်ငြာတွေ
ရိုက်ကူးရာမှာ သူ့ရဲ့ကြွက်သားတွေကို ပြသလေ့ရှိပါတယ်။
ဒီတစ်ကြိမ်မှာလည်း ရော်နယ်ဒိုဟာ
အိမ်အပြင်ဘက်မှာ အောက်ခံဘောင်းဘီလေးနဲ့

ရေပန်းအောက် ရေချိုးနေတာကို
အင်စတာဂရမ်ကနေ Live
လွှင့်ပြသခဲ့တာဖြစ်ပြီး ကြာချိန်က
တစ်မိနစ်တေင် မပြည့်ပေမယ့်
ကြည့်ရှုသူအရေအတွက်ကတော့

၆၇၀၀၀၀ အထိ ရှိနေပါတယ်။


ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်
ကျော်နေပြီဖြစ်ပေမယ့် သူ့ရဲ့ကိုယ်လုံးကိုတော့

ထိန်းထားနိုင်ဆဲဖြစ်ပြီး ဒေသစံတော်ချိန်
ည ၉ နာရီမှာ Live လွှင့် ရေချိုးပြခဲ့တာဖြစ်ပါတယ်။
ရွှေဘောလုံးဆု ၅ကြိမ်အထိ ရရှိထားတဲ့
ရော်နယ်ဒိုဟာ ယခုနှစ်အတွင်း ပုံမှန်ဂိုးသွင်းစွမ်းရည်
ရဖို့ ရုန်းကန်နေရပြီး ဒီနှစ်ထဲမှာ

စုစုပေါင်း ၁ဂိုးပဲ သွင်းယူထားနိုင်ပါသေးတယ်။