
အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဗီနက်ဇီယာအသင်းနဲ့ကစားခဲ့တဲ့
စီးရီးအေပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် နာမည်ကျော်တိုက်စစ်မှူး
ရော်နယ်ဒို ရရှိထားတဲ့ ဂိုးသွင်းစံချိန်တစ်ရပ်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အီဗရာဟီမိုဗစ်ဟာ ပွဲအစနှစ်မိနစ်မှာတင် အဖွင့်ဂိုးသွင်းယူခဲ့ပြီး
ဒီဂိုးကြောင့် သူဟာ ဥရောပကလပ်အသင်းပေါင်း ၈၀ ကို ဂိုးသွင်းယူဖူးတဲ့
ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါပြီ။
ပထမဆုံးစံချိန်တင်ထားတဲ့ ကစားသမားကတော့ စီရော်နယ်ဒိုပဲဖြစ်ပါတယ်။
ဆွီဒင်တိုက်စစ်မှူး မိုဗစ်ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက အေစီမီလန်ကို
ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
၂၀၁၀-၁၁ ခုနှစ် နောက်ပိုင်းဘောလုံးရာသီကတည်းက
စီးရီးအေအမှတ်ပေးချန်ပီယံဆုကို မရရှိတော့တဲ့ အေစီမီလန်ဟာ
ဒီရာသီမှာ စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့
ရည်မှန်းထားနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အေစီမီလန်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာရာကစားသမားတွေနဲ့
အာဖရိကဖလားပြိုင်ပွဲကို စေလွှတ်ထားရတဲ့ ကစားသမား
အားလုံးပေါင်းလိုက်ရင် ၁၁ ယောက်အထိ ရှိနေတာကြောင့်
အသင်းရဲ့ကစားကွက်ကို ခက်ခက်ခဲခဲတည်ဆောက်ရတယ်လို့
နည်းပြ ပိုင်အိုလီက ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။
Sky Italia ကနေတဆင့် အေစီမီလန်နည်းပြ ပိုင်အိုလီက
” ပြီးခဲ့တဲ့နှစ်ကထက် အသင်းရဲ့စွမ်းဆောင်ရည်
ပိုကောင်းလာတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အောင်မြင်မှုရဖို့အတွက်
နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။
zawgyi
ေရာ္နယ္ဒို ရရွိထားတဲ့ ဂိုးသြင္းစံခ်ိန္တစ္ရပ္ကို အမီလိုက္ႏိုင္ခဲ့တဲ့ အီဗရာဟီမိုဗစ္
ေအစီမီလန္ဝါရင့္တိုက္စစ္မႉး အီဗရာဟီမိုဗစ္ဟာ ဗီနက္ဇီယာအသင္းနဲ႔ကစားခဲ့တဲ့
စီးရီးေအပြဲစဥ္မွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ နာမည္ေက်ာ္တိုက္စစ္မႉး
ေရာ္နယ္ဒို ရရွိထားတဲ့ ဂိုးသြင္းစံခ်ိန္တစ္ရပ္ကို အမီလိုက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
အီဗရာဟီမိုဗစ္ဟာ ပြဲအစႏွစ္မိနစ္မွာတင္ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး
ဒီဂိုးေၾကာင့္ သူဟာ ဥေရာပကလပ္အသင္းေပါင္း ၈၀ ကို ဂိုးသြင္းယူဖူးတဲ့
ဒုတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါၿပီ။
ပထမဆုံးစံခ်ိန္တင္ထားတဲ့ ကစားသမားကေတာ့ စီေရာ္နယ္ဒိုပဲျဖစ္ပါတယ္။
ဆြီဒင္တိုက္စစ္မႉး မိုဗစ္ဟာ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလက ေအစီမီလန္ကို
ဒုတိယအႀကိမ္ျပန္လည္ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။
၂၀၁၀-၁၁ ခုႏွစ္ ေနာက္ပိုင္းေဘာလုံးရာသီကတည္းက
စီးရီးေအအမွတ္ေပးခ်န္ပီယံဆုကို မရရွိေတာ့တဲ့ ေအစီမီလန္ဟာ
ဒီရာသီမွာ စီးရီးေအခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔
ရည္မွန္းထားေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ေအစီမီလန္ဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာရာကစားသမားေတြနဲ႔
အာဖရိကဖလားၿပိဳင္ပြဲကို ေစလႊတ္ထားရတဲ့ ကစားသမား
အားလုံးေပါင္းလိုက္ရင္ ၁၁ ေယာက္အထိ ရွိေနတာေၾကာင့္
အသင္းရဲ႕ကစားကြက္ကို ခက္ခက္ခဲခဲတည္ေဆာက္ရတယ္လို႔
နည္းျပ ပိုင္အိုလီက ပြဲအၿပီးမွာေျပာဆိုခဲ့ပါတယ္။
Sky Italia ကေနတဆင့္ ေအစီမီလန္နည္းျပ ပိုင္အိုလီက
” ၿပီးခဲ့တဲ့ႏွစ္ကထက္ အသင္းရဲ႕စြမ္းေဆာင္ရည္
ပိုေကာင္းလာတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။ ေအာင္ျမင္မႈရဖို႔အတြက္
ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။