ရော်နယ်ဒို ပင်နယ်တီမကန်ခင်မှာပဲ အောင်ပွဲခံဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အီလန်ဂါ

ယူနိုက်တက်တောင်ပံကစားသမား အီလန်ဂါတစ်ယောက်

အသင်းဖော်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ဂိုးသွင်းစွမ်းရည်အပေါ်
ဘယ်လောက်ယုံကြည်လဲဆိုရင် ရွှေဘောလုံး ၅ဆုရှင်
ပင်နယ်တီမကန်ခင်မှာပဲ အောင်ပွဲခံဖို့
ထောင့်ကန်ဘောအလံတိုင်နား စတင်ပြေးလွှားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို ၃-၀ ဂိုးနဲ့

ဂိုးပြတ်အနိုင်ရခဲ့ပြီး လိဂ်အိမ်ကွင်းနောက်ဆုံးပွဲမှာ
ဘရူနို၊ ရော်နယ်ဒိုနဲ့ ဗာရန်းတို့က ဂိုးတွေအသီးသီးသွင်းယူခဲ့ပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယမြောက်ဂိုး
သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲစဉ်အလိုက်
အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့ပြီး

ယခုရာသီပရီးမီးယားလိဂ်မှာ ၁၈ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။
ဒီရာသီက ယူနိုက်တက်အတွက် ဆိုးရွားတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့်
အဆိုးထဲက အကောင်းကတော့ ရော်နယ်ဒို
ပြန်ရောက်လာတာပဲဖြစ်ပြီး အခုဆိုရင်
ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက်

ဆာလာနဲ့ ဆွန်ဟောင်မင်တို့နောက်မှာ ရပ်တည်နေပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုက ယခုရာသီ
အိုးထရက်ဖို့ဒ်မှာ ၁၃ဂိုးမြောက်သွင်းဂိုးအဖြစ်
ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး
ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့

အီလန်ဂါက ရော်နယ်ဒို ပင်နယ်တီမကန်ခင်မှာပဲ
ဂိုးတော့မယ်လို့ ယုံကြည်မှုနဲ့အတူ ရော်နယ်ဒို
ဘောလုံး မထိခင်မှာ အောင်ပွဲခံဖို့အတွက်
ထောင့်ကန်ဘောအလံတိုင်နား ပြေးလွှားခဲ့ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသက် ၂၀ အရွယ်ရှိ
အီလန်ဂါရဲ့ခြေစွမ်းအပေါ် ချီးကျူးသွားပါတယ်။

Zawgyi

ေရာ္နယ္ဒို ပင္နယ္တီမကန္ခင္မွာပဲ ေအာင္ပြဲခံဖုိ႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ အီလန္ဂါ
ယူႏုိက္တက္ေတာင္ပံကစားသမား အီလန္ဂါတစ္ေယာက္
အသင္းေဖာ္တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ဂိုးသြင္းစြမ္းရည္အေပၚ
ဘယ္ေလာက္ယုံၾကည္လဲဆုိရင္ ေရႊေဘာလုံး ၅ဆုရွင္
ပင္နယ္တီမကန္ခင္မွာပဲ ေအာင္ပြဲခံဖုိ႔

ေထာင့္ကန္ေဘာအလံတုိင္နား စတင္ေျပးလႊားခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ဘရန္႔ဖို႔ဒ္ကို ၃-၀ ဂိုးနဲ႔
ဂိုးျပတ္အႏိုင္ရခဲ့ၿပီး လိဂ္အိမ္ကြင္းေနာက္ဆုံးပြဲမွာ
ဘရူႏို၊ ေရာ္နယ္ဒိုနဲ႔ ဗာရန္းတုိ႔က ဂိုးေတြအသီးသီးသြင္းယူခဲ့ပါတယ္။
ပြဲခ်ိန္ ၆၁ မိနစ္မွာ ပင္နယ္တီကေန ဒုတိယေျမာက္ဂိုး

သြင္းယူခဲ့တဲ့ ေရာ္နယ္ဒုိဟာ ပြဲစဥ္အလုိက္
အေကာင္းဆုံးကစားသမားဆုပါ ရရွိခဲ့ၿပီး
ယခုရာသီပရီးမီးယားလိဂ္မွာ ၁၈ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။
ဒီရာသီက ယူႏုိက္တက္အတြက္ ဆုိးရြားတဲ့ရာသီတစ္ခုျဖစ္ခဲ့ေပမယ့္
အဆုိးထဲက အေကာင္းကေတာ့ ေရာ္နယ္ဒို

ျပန္ေရာက္လာတာပဲျဖစ္ၿပီး အခုဆုိရင္
ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုအတြက္
ဆာလာနဲ႔ ဆြန္ေဟာင္မင္တုိ႔ေနာက္မွာ ရပ္တည္ေနပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုက ယခုရာသီ
အိုးထရက္ဖို႔ဒ္မွာ ၁၃ဂိုးေျမာက္သြင္းဂိုးအျဖစ္

ပင္နယ္တီကေန သြင္းယူခဲ့တာျဖစ္ၿပီး
ယူႏုိက္တက္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့
အီလန္ဂါက ေရာ္နယ္ဒို ပင္နယ္တီမကန္ခင္မွာပဲ
ဂုိးေတာ့မယ္လုိ႔ ယုံၾကည္မႈနဲ႔အတူ ေရာ္နယ္ဒို
ေဘာလုံး မထိခင္မွာ ေအာင္ပဲြခံဖို႔အတြက္

ေထာင့္ကန္ေဘာအလံတုိင္နား ေျပးလႊားခဲ့ပါတယ္။
ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းကလည္း
ဘရန္႔ဖို႔ဒ္နဲ႔ပဲြမွာ အသက္ ၂၀ အရြယ္ရွိ
အီလန္ဂါရဲ႕ေျခစြမ္းအေပၚ ခ်ီးက်ဴးသြားပါတယ္။