ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကို ခေါ်ယူခဲ့ခြင်းနဲ့အတူ ကစားသမားတွေကို မန်ယူကပေးရတဲ့ လစာပမာဏလည်း မြင့်တက်လာ

နွေအပြောင်းအရွေ့ဈေးကွက်တုန်းက ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကို

ခေါ်ယူခဲ့ခြင်းနဲ့အတူ ကစားသမားတွေကို မန်ယူကပေးရတဲ့ လစာပမာဏလည်း

မြင့်တက်လာပါတယ်။ မန်ယူရဲ့ ပထမ ၃ လပတ် ဘဏ္ဍာရေးအစီရင်ခံစာအရ

အခုအခါ မန်ယူရဲ့တစ်နှစ်တာ ကစားသမားလစာ‌‌ ပေးချေရမှုပမာဏဟာ

ပေါင် ၃၅၄ သန်းအထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မန်ယူဟာ အရင်က ကစားသမားလစာ ပေါင် ၂၈၈ သန်းရှိခဲ့ရာက

ဒီနွေဈေးကွက်အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေကြောင့်

ပိုမိုကုန်ကျသွားတာဖြစ်ပြီး လစာ‌ပေးချေရမှု ၂၃.၁ ရာခိုင်နှုန်း မြင့်တက်သွားတာဖြစ်ပါတယ်။

ကစားသမား‌တွေကို မန်ယူ ပေးချေ‌နေရတဲ့ တစ်ပတ်ကုန်ကျစားရိတ်ဟာ

ပေါင် ၁.၁ သန်းနီးပါးရှိ‌‌နေပြီး လစာအများဆုံး ရရှိနေသူကတော့

ရော်နယ်ဒိုဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူမှာ တစ်ပတ်လုပ်ခ

ပေါင် ၄၈၀၀၀၀ ရရှိနေပြီး အရင်က လုပ်ခအများဆုံးရသူဖြစ်ခဲ့တဲ့

ဒီဂီယာက‌တော့ ပေါင် ၃၇၅၀၀၀ နဲ့ ဒုတိယနေရာရောက်သွားခဲ့ပါတယ်။

ဒေါ့မွန်ကနေ ပြောင်းရွေ့‌ကြေးပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့

ဆန်ချိုကတော့ တစ်ပတ် ပေါင် ၃၅၀၀၀၀ ရရှိနေပြီး

တတိယလုပ်ခအများဆုံး ရရှိနေသူပါ။

ရော်နယ်ဒိုက လုပ်ခအများဆုံးရသူဖြစ်သလို အသင်းအတွက်

အရေးပါတဲ့သွင်းဂိုးတွေ၊ နိုင်ပွဲတွေကို ယူဆောင်ပေးနေပေမယ့် ဆန်ချိုကတော့

အခုချိန်ထိ မန်ယူအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မရှိသေးပါဘူး။

ရီးရဲလ်ကနေခေါ်ယူခဲ့တဲ့ ဗာရန်းကလည်း တစ်ပတ်လုပ်ခ ပေါင် ၃၄၀၀၀၀

ရရှိနေပေမယ့် မန်ယူမှာ အံဝင်ဖို့ ရုန်းကန်နေရပါတယ်။

zawgyi

ေရာ္နယ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကို ေခၚယူခဲ့ျခင္းနဲ႔အတူ ကစားသမားေတြကို မန္ယူကေပးရတဲ့ လစာပမာဏလည္း ျမင့္တက္လာ

ေႏြအေျပာင္းအေ႐ြ႕ေဈးကြက္တုန္းက ေရာ္နယ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကို

ေခၚယူခဲ့ျခင္းနဲ႔အတူ ကစားသမားေတြကို မန္ယူကေပးရတဲ့ လစာပမာဏလည္း

ျမင့္တက္လာပါတယ္။ မန္ယူရဲ႕ ပထမ ၃ လပတ္ ဘ႑ာေရးအစီရင္ခံစာအရ

အခုအခါ မန္ယူရဲ႕တစ္ႏွစ္တာ ကစားသမားလစာ‌‌ ေပးေခ်ရမႈပမာဏဟာ

ေပါင္ ၃၅၄ သန္းအထိ ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။

မန္ယူဟာ အရင္က ကစားသမားလစာ ေပါင္ ၂၈၈ သန္းရွိခဲ့ရာက

ဒီေႏြေဈးကြက္အတြင္း ေခၚယူခဲ့တဲ့ ကစားသမားေတြေၾကာင့္

ပိုမိုကုန္က်သြားတာျဖစ္ၿပီး လစာ‌ေပးေခ်ရမႈ ၂၃.၁ ရာခိုင္ႏႈန္း ျမင့္တက္သြားတာျဖစ္ပါတယ္။

ကစားသမား‌ေတြကို မန္ယူ ေပးေခ်‌ေနရတဲ့ တစ္ပတ္ကုန္က်စားရိတ္ဟာ

ေပါင္ ၁.၁ သန္းနီးပါးရွိ‌‌ေနၿပီး လစာအမ်ားဆုံး ရရွိေနသူကေတာ့

ေရာ္နယ္ဒိုျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ မန္ယူမွာ တစ္ပတ္လုပ္ခ

ေပါင္ ၄၈၀၀၀၀ ရရွိေနၿပီး အရင္က လုပ္ခအမ်ားဆုံးရသူျဖစ္ခဲ့တဲ့

ဒီဂီယာက‌ေတာ့ ေပါင္ ၃၇၅၀၀၀ နဲ႔ ဒုတိယေနရာေရာက္သြားခဲ့ပါတယ္။

ေဒါ့မြန္ကေန ေျပာင္းေ႐ြ႕‌ေၾကးေပါင္ ၇၃ သန္းနဲ႔ ေခၚယူခဲ့တဲ့

ဆန္ခ်ိဳကေတာ့ တစ္ပတ္ ေပါင္ ၃၅၀၀၀၀ ရရွိေနၿပီး

တတိယလုပ္ခအမ်ားဆုံး ရရွိေနသူပါ။

ေရာ္နယ္ဒိုက လုပ္ခအမ်ားဆုံးရသူျဖစ္သလို အသင္းအတြက္

အေရးပါတဲ့သြင္းဂိုးေတြ၊ ႏိုင္ပြဲေတြကို ယူေဆာင္ေပးေနေပမယ့္ ဆန္ခ်ိဳကေတာ့

အခုခ်ိန္ထိ မန္ယူအတြက္ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ မရွိေသးပါဘူး။

ရီးရဲလ္ကေနေခၚယူခဲ့တဲ့ ဗာရန္းကလည္း တစ္ပတ္လုပ္ခ ေပါင္ ၃၄၀၀၀၀

ရရွိေနေပမယ့္ မန္ယူမွာ အံဝင္ဖို႔ ႐ုန္းကန္ေနရပါတယ္။