ရော်နယ်ဒိုအပေါ် မာဆယ်လိုရဲ့ယုံကြည်မှုက ရူးလောက်ပါရဲ့

ဒီရက်ပိုင်း လူမှုမီဒီယာမှာ

ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ
အတော်လေးနာမည်ကြီးနေပါတယ်။
အားကစားနဲ့ဆိုင်တာပါပဲ။
ရီးရဲလ်အသင်းမှာ
မာဆယ်လိုနဲ့ ရော်နယ်ဒိုတို့

အတူတူတွဲကစားခဲ့ချိန်တုန်းက
ရော်နယ်ဒိုအပေါ် မာဆယ်လို
ဘယ်လောက်ယုံကြည်ခဲ့လဲဆိုတာ
သက်သေပြသနေတဲ့ ဗီဒီယိုဖိုင်ဖြစ်ပြီး
ရော်နယ်ဒို ဂိုးမသွင်းသေးခင်မှာပဲ

မာဆယ်လိုက လက်မြှောက်
အောင်ပွဲခံနေတာတွေကို
စုစည်းဖော်ပြထားတာဖြစ်ပါတယ်။
ရီးရဲလ်ဂန္ထဝင်ဘယ်နောက်ခံလူ
မာဆယ်လိုက အသင်းနဲ့

စာချုပ်သက်တမ်းကုန်ဆုံးမယ့်
ဒီလအကုန်မှာ ဘာနေဗျူးကနေ
ထွက်ခွာတော့မယ်ဆိုတဲ့အေကြာင်း
တနင်္လာနေ့က ဥက္ကဋ္ဌပီရက်ဇ်နဲ့အတူ
အခမ်းအနားပြုလုပ်ရင်း

ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
၂၀၀၇ ခုနှစ်က ဖလူမီနီးစ်အသင်းကနေ
ရီးရဲလ်ကို စတင်ရောက်ရှိခဲ့တုန်းက
ရောဘတ်တိုကားလို့စ်လက်သစ်အဖြစ်
သတ်မှတ်ခံခဲ့ရတဲ့ မာဆယ်လိုဟာ

အဲဒီနှုတ်ဆက်ပွဲအခမ်းအနားမှာ
ခံစားချက်တွေမထိန်းနိုင်ဘဲ
မျက်ရည်တွေကျခဲ့ပြီး အဲဒီပွဲကို
နည်းပြ အန်ဆလော့တီလည်း
တက်ရောက်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ
မာဆယ်လိုကို လက်ရှိအသင်းဖော်တွေရော
အသင်းဖော်ဟောင်းတွေကပါ
အသီးသီးဂုဏ်ပြုချီးကျူးကြတဲ့အနက်
ရော်နယ်ဒိုလည်း ပါဝင်ပြီး

မာဆယ်လိုကို အသင်းဖော်
တစ်ဦးထက် ပိုတဲ့ ဘောလုံး
ညီအစ်ကိုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
မာဆယ်လိုဟာ ရီးရဲလ်အတွက်
စုစုပေါင်း ၅၄၅ ပွဲ

ကစားခဲ့ရာမှာ ချန်ပီယံလိဂ်ဖလား
၅ကြိမ်အပါအဝင်
အဓိကဆုဖလား
၂၅လုံးအထိ ရရှိခဲ့ပါတယ်။
အဲဒီအောင်မြင်တွေအနက်

အများစုကို ရော်နယ်ဒိုနဲ့အတူတူ
ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး
သူတို့နှစ်ယောက်ဟာ
ကွင်းတွင်း၊ ကွင်းပြင်
တကယ့်ကိုရင်းနှီးတဲ့

ဆက်ဆံရေးရှိခဲ့ပါတယ်။
အဲဒီမှာ ရော်နယ်ဒို
ပရိသတ်တစ်ဦးက
”ရော်နယ်ဒိုအပေါ်
မာဆယ်လိုရဲ့ယုံကြည်မှု

ပြင်းထန်ပုံက ဒီနေ့
ကြည့်ရမယ့် အကောင်းဆုံးဗီဒီယိုပါပဲ။
ရော်နယ်ဒိုနဲ့ မာဆယ်လိုက
ဘယ်တော့မှ အဆုံးသတ်မှာ
မဟုတ်တဲ့ ပုံပြင်ပါပဲ”လို့

စာရေးသားကာ ဗီဒီယိုဖိုင် တင်ခဲ့ပါတယ်။
၂၈ စက္ကန့်ပဲကြာတဲ့ အဲဒီဗီဒီယိုဖိုင်က
တွစ်တာမှာ အတော်လေးပေါက်နေပြီး
ရော်နယ်ဒို ဂိုးမသွင်းခင်ကတည်းက
ကြိုပြီးအောင်ပွဲခံနေတဲ့

မာဆယ်လိုရဲ့အနေအထားကို
ကြည့်ရင် သူ့ရဲ့အသင်းဖော်အပေါ်
ဘယ်လောက်ယုံကြည်လဲဆိုတာ
သိနိုင်ပါတယ်။
အဲဒီမှာ ရော်နယ်ဒို

ပင်နယ်တီမကန်ခင်
မာဆယ်လို ကြိုပြီး
လက်ထောင်
အောင်ပွဲခံတာ
သိပ်ပြောစရာမရှိပေမယ့်

In-play နဲ့ သွင်းသွားတဲ့ဂိုးမှာ
မသွင်းခင်ကတည်းက
မာဆယ်လို ကြိုပြီး
အောင်ပွဲခံခဲ့တာကတော့
အသင်းဖော်အပေါ်

ဘယ်လောက်အထိ
ယုံကြည်မှုပြင်းထန်လဲဆိုတာ
သိနိုင်ပါတယ်။ ပြီးတော့
ဂိုးသွင်းတဲ့အနေအထားက
ဝင်ဖို့ သိပ်မလွယ်တဲ့

ဘယ်ခြေနဲ့ ထောင့်ဖြတ်
ကန်သွင်းတဲ့အလုံးဖြစ်ပြီး
ရော်နယ်ဒို ကန်ဖို့
ဟန်ပြင်လိုက်ချိန်မှာပဲ
မာဆယ်လိုက လက်မြှောက်

အောင်ပွဲခံခဲ့တာပါ။

Zawgyi

ေရာ္နယ္ဒိုအေပၚ မာဆယ္လိုရဲ႕ယုံၾကည္မႈက ရူးေလာက္ပါရဲ႕

ဒီရက္ပိုင္း လူမႈမီဒီယာမွာ
ဗီဒီယိုဖိုင္တစ္ခု အြန္လုိင္းမွာ
အေတာ္ေလးနာမည္ႀကီးေနပါတယ္။
အားကစားနဲ႔ဆုိင္တာပါပဲ။
ရီးရဲလ္အသင္းမွာ

မာဆယ္လုိနဲ႔ ေရာ္နယ္ဒိုတို႔
အတူတူတြဲကစားခဲ့ခ်ိန္တုန္းက
ေရာ္နယ္ဒိုအေပၚ မာဆယ္လို
ဘယ္ေလာက္ယုံၾကည္ခဲ့လဲဆုိတာ
သက္ေသျပသေနတဲ့ ဗီဒီယိုဖုိင္ျဖစ္ၿပီး

ေရာ္နယ္ဒို ဂိုးမသြင္းေသးခင္မွာပဲ
မာဆယ္လိုက လက္ေျမႇာက္
ေအာင္ပြဲခံေနတာေတြကို
စုစည္းေဖာ္ျပထားတာျဖစ္ပါတယ္။
ရီးရဲလ္ဂႏၳ၀င္ဘယ္ေနာက္ခံလူ

မာဆယ္လိုက အသင္းနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္
ဒီလအကုန္မွာ ဘာေနဗ်ဴးကေန
ထြက္ခြာေတာ့မယ္ဆိုတဲ့ေအၾကာင္း
တနလၤာေန႔က ဥကၠ႒ပီရက္ဇ္နဲ႔အတူ

အခမ္းအနားျပဳလုပ္ရင္း
ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။
၂၀၀၇ ခုႏွစ္က ဖလူမီနီးစ္အသင္းကေန
ရီးရဲလ္ကို စတင္ေရာက္ရွိခဲ့တုန္းက
ေရာဘတ္တိုကားလို႔စ္လက္သစ္အျဖစ္

သတ္မွတ္ခံခဲ့ရတဲ့ မာဆယ္လုိဟာ
အဲဒီႏႈတ္ဆက္ပဲြအခမ္းအနားမွာ
ခံစားခ်က္ေတြမထိန္းႏိုင္ဘဲ
မ်က္ရည္ေတြက်ခဲ့ၿပီး အဲဒီပြဲကို
နည္းျပ အန္ဆေလာ့တီလည္း

တက္ေရာက္ခဲ့ပါတယ္။
အသက္ ၃၄ ႏွစ္အရြယ္ရွိ
မာဆယ္လိုကို လက္ရွိအသင္းေဖာ္ေတြေရာ
အသင္းေဖာ္ေဟာင္းေတြကပါ
အသီးသီးဂုဏ္ျပဳခ်ီးက်ဴးၾကတဲ့အနက္

ေရာ္နယ္ဒိုလည္း ပါ၀င္ၿပီး
မာဆယ္လုိကို အသင္းေဖာ္
တစ္ဦးထက္ ပိုတဲ့ ေဘာလုံး
ညီအစ္ကိုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
မာဆယ္လုိဟာ ရီးရဲလ္အတြက္

စုစုေပါင္း ၅၄၅ ပြဲ
ကစားခဲ့ရာမွာ ခ်န္ပီယံလိဂ္ဖလား
၅ႀကိမ္အပါအ၀င္
အဓိကဆုဖလား
၂၅လံုးအထိ ရရွိခဲ့ပါတယ္။

အဲဒီေအာင္ျမင္ေတြအနက္
အမ်ားစုကို ေရာ္နယ္ဒိုနဲ႔အတူတူ
ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး
သူတုိ႔ႏွစ္ေယာက္ဟာ
ကြင္းတြင္း၊ ကြင္းျပင္

တကယ့္ကိုရင္းႏွီးတဲ့
ဆက္ဆံေရးရွိခဲ့ပါတယ္။
အဲဒီမွာ ေရာ္နယ္ဒို
ပရိသတ္တစ္ဦးက
”ေရာ္နယ္ဒိုအေပၚ

မာဆယ္လုိရဲ႕ယုံၾကည္မႈ
ျပင္းထန္ပုံက ဒီေန႔
ၾကည့္ရမယ့္ အေကာင္းဆုံးဗီဒီယိုပါပဲ။
ေရာ္နယ္ဒိုနဲ႔ မာဆယ္လိုက
ဘယ္ေတာ့မွ အဆုံးသတ္မွာ

မဟုတ္တဲ့ ပုံျပင္ပါပဲ”လုိ႔
စာေရးသားကာ ဗီဒီယုိဖိုင္ တင္ခဲ့ပါတယ္။
၂၈ စကၠန္႔ပဲၾကာတဲ့ အဲဒီဗီဒီယိုဖုိင္က
တြစ္တာမွာ အေတာ္ေလးေပါက္ေနၿပီး
ေရာ္နယ္ဒို ဂိုးမသြင္းခင္ကတည္းက

ႀကိဳၿပီးေအာင္ပြဲခံေနတဲ့
မာဆယ္လုိရဲ႕အေနအထားကို
ၾကည့္ရင္ သူ႕ရဲ႕အသင္းေဖာ္အေပၚ
ဘယ္ေလာက္ယုံၾကည္လဲဆုိတာ
သိႏိုင္ပါတယ္။

အဲဒီမွာ ေရာ္နယ္ဒို
ပင္နယ္တီမကန္ခင္
မာဆယ္လုိ ႀကိဳၿပီး
လက္ေထာင္
ေအာင္ပြဲခံတာ

သိပ္ေျပာစရာမရွိေပမယ့္
In-play နဲ႔ သြင္းသြားတဲ့ဂိုးမွာ
မသြင္းခင္ကတည္းက
မာဆယ္လုိ ႀကိဳၿပီး
ေအာင္ပြဲခံခဲ့တာကေတာ့

အသင္းေဖာ္အေပၚ
ဘယ္ေလာက္အထိ
ယုံၾကည္မႈျပင္းထန္လဲဆုိတာ
သိႏိုင္ပါတယ္။ ၿပီးေတာ့
ဂိုးသြင္းတဲ့အေနအထားက

၀င္ဖို႔ သိပ္မလြယ္တဲ့
ဘယ္ေျခနဲ႔ ေထာင့္ျဖတ္
ကန္သြင္းတဲ့အလုံးျဖစ္ၿပီး
ေရာ္နယ္ဒို ကန္ဖုိ႔
ဟန္ျပင္လုိက္ခ်ိန္မွာပဲ

မာဆယ္လုိက လက္ေျမႇာက္
ေအာင္ပြဲခံခဲ့တာပါ။