ရော်နယ်ဒိုအပါအ၀င်  အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ့် သရဲနီများ
ယူနိုက်တက် အသင်းကတော့ ဆုဖလားနဲ့ အလှမ်းဝေးနေတဲ့ အပြင်
အခြား အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
နိုင်ပွဲရဖို့ ခက်နေတာကြောင့် ယူနိုက်တက် အတွက်
လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်မရရင် လာမယ့်နွေရာသီမှာ
မန်ချက်စတာယူနိုက်တက်ဟာ ကစားသမား
အစုလိုက် အပြုံလိုက်ထွက်ခွာမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။
အဲဒီထဲမှာရော်နယ်ဒို လည်း ပါပါတယ်။
ထွက်မယ့် လူစာရင်းထဲမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်
ကာဗာနီ ၊ ပေါ့ဘာ ၊ မာတာ၊ လင်ဂတ်တို့အပါအဝင်
ကစားသမား (၁၆) ဦးလောက်အထိရှိနေပါတယ်။
မာရှယ် ၊ ရက်ရှ်ဖို့ဒ်တို့ကတော့ ပွဲထွက်ခွင့်နည်းပါးတဲ့အပေါ်
သိပ်မကြည်ဖြစ်နေတာ ဖြစ်ပါတယ်။
လူကြမ်း မင်းသား ဂရင်းဝုဒ် ကတော့ အကြမ်းဖက်မှုကြောင့်
စာချုပ်ဖျက်သိမ်းရဖွယ်ရှိပါတယ်။ နောက်ထပ် အရိပ်အကဲ
ကြည့်နေတဲ့ ကစားသမားတွေကတော့ ဖာနန်ဒက်စ်၊ ဒါလော့၊
ဝမ်ဘစ်ဆာကာ ၊ ပါရဲရား ၊ ဒင်းဟန်ဒါဆန် ၊ ဖီးဂျုံး ၊
ဘရန်ဒန်ဝီလီယံ ၊ တာဟစ်ချောင်တို့ ဖြစ်ပါတယ်။
ဂလေဇာ မိသားစု အတွက်တော့ ခေါင်းခဲစေတော့မှာ ဖြစ်ပါတယ်။
zawgyi
သိပ်မကြည်ဖြစ်နေတာ ဖြစ်ပြီး၊ ဗန်ဒီဘီ အနေအထားကတော့
နည်းပြသစ်အပေါ် မူတည် ပါတယ်။