ရော်နယ်ဒိုအပါအဝင် ကမ္ဘာကျော်အားကစားသမားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဒူဘိုင်းမင်းသား

စကိတ်ဒိုင်ဗင်စီးတာကို ဝါသနာပါပြီး ပေါင် ၃ဘီလီယံကြွယ်ဝတဲ့

မိသားစုရဲ့ အရိုက်အရာ ဆက်ခံသူ ဒူဘိုင်းအိမ်ရှေ့မင်းသား
ရှိတ်ဟမ်ဒန်ဘင်မိုဟာမက် ဘင်ရာရှစ်အယ်လ်မက်တွန်ဟာ
ဘောလုံးကြယ်ပွင့် ရော်နယ်ဒို၊ UFC ကြယ်ပွင့်
ခါဘစ်တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပါတယ်။
အထူးသဖြင့် ယူနိုက်တက်ကြယ်ပွင့် ရော်နယ်ဒိုနဲ့

မကြာခဏတွေ့ဆုံလေ့ရှိပြီး မကြာသေးခင်က
ရော်နယ်ဒိုရဲ့ အမြွာကလေးနှစ်ဦးအနက်
ကွယ်လွန်ခဲ့တဲ့ သားလေးအတွက် ရှိတ်ဟမ်ဒန်က
ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ဆောင်းရာသီ

အားလပ်ရက်အတွင်း ဇန်နဝါရီလက ယူအေအီးနိုင်ငံ၊
ဒူဘိုင်းမြို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ရှိတ်ဟမ်ဒန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်
ရော်နယ်ဒိုဟာ မိသားစုနဲ့အတူ ဒူဘိုင်းကို
သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ပရိသတ်ထောင်ပါင်းများစွာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ ရော်နယ်ဒိုက ရှိတ်ဟမ်ဒန်နဲ့ တွဲရိုက်ထားတဲ့
ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ရှိတ်ဟမ်ဒန်ကလည်း
ရော်နယ်ဒိုကို ဒူဘိုင်းကလည်း ချစ်မြတ်နိုးတဲ့အကြောင်း ပို့စ်တင်ခဲ့ပါတယ်။
ရှိတ်ဟမ်ဒန်ဟာ သုံးမကုန်တဲ့ဓနအင်အား ပိုင်ဆိုင်ထားပေမယ့်
သူဝါသနာပါတာကတော့ မြင်းပြိုင်ပွဲဖြစ်ပြီး

ဖခင်ဖြစ်သူကလည်း ကမ္ဘာကျော်မြင်းစီးပြိုင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။
အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၄သန်းနီးပါးရှိတဲ့ ရှိတ်ဟမ်ဒန်ဟာ
သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုမီဒီယာမှာ ပုံမှန်တင်လေ့ရှိပြီး
အသက် ၃၈ နှစ်အရွယ်ရှိ သူ့ရဲ့ပုံစံက ဆွဲဆောင်မှုရှိနေလို့
လူမှုမီဒီယာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေပါတယ်။

ဖောဘက်စ်မဂ္ဂဇင်းမှာ ကမ္ဘာဆွဲဆောင်မှုအရှိဆုံး
တော်ဝင်မိသားစုဝင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ရှိတ်ဟမ်ဒန်ဟာ
မျက်နှာက ယောင်္ကျားပီသတဲ့အပြင် ကိုယ်ခန္ဓာကလည်း
ကြွက်သားအမြောင်းမြောင်းနဲ့ ပျိုမေတို့ရဲ့အိပ်မက်ထဲက မင်းသားလေးဖြစ်နေပါတယ်။

Zawgyi

ေရာ္နယ္ဒိုအပါအ၀င္ ကမၻာေက်ာ္အားကစားသမားေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူ ဒူဘုိင္းမင္းသား
စကိတ္ဒိုင္ဗင္စီးတာကို ၀ါသနာပါၿပီး ေပါင္ ၃ဘီလီယံၾကြယ္၀တဲ့
မိသားစုရဲ႕ အရုိက္အရာ ဆက္ခံသူ ဒူဘုိင္းအိမ္ေရွ႕မင္းသား

ရွိတ္ဟမ္ဒန္ဘင္မိုဟာမက္ ဘင္ရာရွစ္အယ္လ္မက္တြန္ဟာ
ေဘာလုံးၾကယ္ပြင့္ ေရာ္နယ္ဒို၊ UFC ၾကယ္ပြင့္
ခါဘစ္တို႔နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူတစ္ဦးျဖစ္ပါတယ္။
အထူးသျဖင့္ ယူႏိုက္တက္ၾကယ္ပြင့္ ေရာ္နယ္ဒိုနဲ႔
မၾကာခဏေတြ႕ဆုံေလ့ရွိၿပီး မၾကာေသးခင္က

ေရာ္နယ္ဒိုရဲ႕ အျမြာကေလးႏွစ္ဦးအနက္
ကြယ္လြန္ခဲ့တဲ့ သားေလးအတြက္ ရွိတ္ဟမ္ဒန္က
၀မ္းနည္းေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။
ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ေဆာင္းရာသီ
အားလပ္ရက္အတြင္း ဇန္န၀ါရီလက ယူေအအီးႏိုင္ငံ၊

ဒူဘုိင္းၿမိဳ႕ကို သြားေရာက္လည္ပတ္ခဲ့ၿပီး ရွိတ္ဟမ္ဒန္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္
ေရာ္နယ္ဒိုဟာ မိသားစုနဲ႔အတူ ဒူဘုိင္းကို
သြားေရာက္လည္ပတ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေထာင္ပါင္းမ်ားစြာနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။
အဲဒီမွာ ေရာ္နယ္ဒိုက ရွိတ္ဟမ္ဒန္နဲ႔ တြဲရိုက္ထားတဲ့

ဓာတ္ပံုကို အင္စတာဂရမ္မွာ တင္ခဲ့ၿပီး ရွိတ္ဟမ္ဒန္ကလည္း
ေရာ္နယ္ဒိုကို ဒူဘုိင္းကလည္း ခ်စ္ျမတ္ႏိုးတဲ့အေၾကာင္း ပို႔စ္တင္ခဲ့ပါတယ္။
ရွိတ္ဟမ္ဒန္ဟာ သုံးမကုန္တဲ့ဓနအင္အား ပိုင္ဆုိင္ထားေပမယ့္
သူ၀ါသနာပါတာကေတာ့ ျမင္းၿပိဳင္ပြဲျဖစ္ၿပီး
ဖခင္ျဖစ္သူကလည္း ကမၻာေက်ာ္ျမင္းစီးၿပိဳင္ပြဲေတြ က်င္းပေလ့ရွိပါတယ္။

အင္စတာဂရမ္မွာ ေဖာ္လုိ၀ါ ၁၄သန္းနီးပါးရွိတဲ့ ရွိတ္ဟမ္ဒန္ဟာ
သူ႕ရဲ႕လႈပ္ရွားမႈေတြကို လူမႈမီဒီယာမွာ ပုံမွန္တင္ေလ့ရွိၿပီး
အသက္ ၃၈ ႏွစ္အရြယ္ရွိ သူ႕ရဲ႕ပုံစံက ဆြဲေဆာင္မႈရွိေနလုိ႔
လူမႈမီဒီယာမွာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္ေနပါတယ္။
ေဖာဘက္စ္မဂၢဇင္းမွာ ကမၻာဆြဲေဆာင္မႈအရွိဆုံး

ေတာ္၀င္မိသားစု၀င္အျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ ရွိတ္ဟမ္ဒန္ဟာ
မ်က္ႏွာက ေယာက်ၤားပီသတဲ့အျပင္ ကိုယ္ခႏၶာကလည္း
ၾကြက္သားအေျမာင္းေျမာင္းနဲ႔ ပ်ိဳေမတို႔ရဲ႕အိပ္မက္ထဲက မင္းသားေလးျဖစ္ေနပါတယ္။